Property Expo
×






#Unicode Version


ကလေးငယ်လေးတွေရဲ့ သင်ပေးစရာမလိုပဲ တတ်လာတဲ့ အချင်း ချင်းသနားတတ်တဲ့ စိတ်ထားကလေးနဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကလေးတစ်ခုက အပြစ်တစ်ခုဖြစ်သွားလိမ့်မယ်လို့ဘယ် သူကမှ ထင်ထားကြမှာမဟုတ်ပါဘူး။

ဒီလို ကျောင်းသားကလေး အချင်းချင်း အပေါ်ထားတဲ့ မွန်မြတ်တဲ့ စိတ်ထားကလေးကြောင့်လည်း ကယ်လီဖိုးနီးယားက အလယ် တန်းကျောင်း သားကလေးတစ်ယောက်က အပြစ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၁၃ နှစ်အရွယ်ရှိတဲ့ ကျောင်းသားကလေးငယ်က ရွယ်တူ ကောင်လေးတစ်ယောက်ရဲ့ နေ့လည်ခင်းထမင်းအစားအသောက် အတွက် အဆင်မပြေမှုအတွက် အကူအညီပေးလိုက်ခြင်းကြောင့် တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်းရဲ့ ဥပဒေကိုချိုးဖောက် မှုကျူးလွန်တယ်ဆိုတဲ့အကြောင်း မိဘတွေထံတိုင်ကြားခဲ့ပါတယ်။

ကျောင်းကထုတ်ပြန်ထားတဲ့ ဥပဒေရဲ့ရည်ရွယ်ချက်သဘောထား က ကျောင်းသားကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အဓိက ရည်ရွယ်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယခုလိုအခြားထမင်းနဲ့နေ့လည် စာတွေ စားသောက်ခြင်းက ဓာတ်မတည့်ခြင်းနဲ့ အခြားကျန်းမာရေး ပြဿနာတွေ ကြုံလာရနိုင်တယ်လို့ ထုတ်ပြန်ထားတာပဲ ဖြစ်ပါ တယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top