Property Expo
×

အိႏၵိယႏိုင္ငံမွာ အမ်ဳိးသမီးတစ္ဦး လူအမ်ားျမင္ကြင္းမွာ လူမဆန္စြာ ရက္ရက္စက္စက္ တုိက္ခိုက္သတ္ျဖတ္ခံခဲရေပမဲ့ အနီးပတ္ဝန္က်င္းမွာ ႐ွိေနသူေတြက ကူညီဟန္႕တားခဲ့ျခင္း မ႐ွိဘဲ ရပ္ၾကည့္ေနခဲ့မႈအေပၚ ျပည္သူေတြက ေဒါသတႀကီး ေဝဖန္ခဲ့ၾကပါတယ္။

စက္တင္ဘာ ၂၀ ရက္ နံနက္ပုိင္းက အိႏၵိယၿမဳိ႕ေတာ္ နယူးေဒလီ႐ွိ လူအသြားအလားမ်ားတဲ့ လမ္းတစ္လမ္းမွာ အမ်ဳိးသားတစ္ဦးက အမ်ဳိးသမီးတစ္ဦးကုိ ဓားျဖင့္ အခ်က္ေပါင္း ၂၀ ေက်ာ္ ထိုးသတ္ခဲ့တာ ျဖစ္ပါတယ္။

လုံၿခဳံေရးကင္မရာ မွတ္တမ္းမ်ားအရ က႐ူနာ အမည္႐ွိ ေက်ာင္းဆရာမတစ္ဦးျဖစ္သူ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ဳိးသမီးအနီးသုိ႕ အမ်ဳိးသားတစ္ဦးက ဆိုင္ကယ္ျဖင့္ေရာက္လာခဲ့ၿပီးေနာက္ ဓားျဖင့္ ဆက္တုိက္ထုိးခဲ့တာ ေတြ႕ရပါတယ္။ ဓားျဖင့္ထုိးၿပီးေနာက္ လဲက်သြားတဲ့ အမ်ဳိးသမီးရဲ႕ဦးေခါင္းကုိလည္း ေက်ာက္ခဲျဖင့္ ဆက္တုိက္ထုခဲ့ပါတယ္။

ဒါ့အျပင္ လဲက်ေနတဲ့ အမ်ဳိးသမီးကုိ ရက္စက္စြာ ထပ္မံ တုိက္ခုိက္ကန္ေက်ာက္ခဲ့ေၾကာင္းလည္း ေတြ႕ရပါတယ္။ ေသဆုံးခဲ့သူ အမ်ဳိးသမီး ထုိသုုိ႕ ရက္စက္စြာ တုိက္ခိုက္သတ္ျဖတ္ခံရခ်ိန္မွာ အနီးပတ္ဝန္းက်င္႐ွိ လူေတြက ဝင္ေရာက္ဟန္႕တား ကူညီခဲ့ၾကျခင္း မ႐ွိဘဲ ၾကည့္ေနခဲ့ၾကတာေၾကာင့္ အိႏၵိယျပည္သူမ်ားၾကား ေဒါသထြက္ခဲ့ၾကပါတယ္။

အမ်ဳိးသမီးကုိ ဓားျဖင့္ထုိးသတ္ခဲ့သူဟာ ထြက္ေျပးရန္ႀကဳိးပမ္းခဲ့ေပမဲ့ ၎ကုိ ဝိုင္းဝန္းဖမ္းဆီးႏုိင္ခဲ့ၿပီး ရဲတပ္ဖြဲ႕က လူသတ္မႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။

ဗီဒီယုိမွတ္တမ္းအရ အမ်ဳိးသမီးကုိ တုိက္ခုိက္သတ္ျဖတ္ခံရခ်ိန္မွာ ပတ္ဝန္းက်င္႐ွိ ေက်ာပုိးအိတ္လြယ္ထားသူ အမ်ဳိးသားတစ္ဦးက ကူညီရန္ႀကိဳးပမ္းခဲ့ေပမဲ့ လူသတ္သမားက ၿခိမ္းေျခာက္မႈေၾကာင့္ ေနာက္ျပန္ဆုတ္သြားခဲ့တယ္လုိ႕ ဆုိပါတယ္။

ရက္စက္လွတဲ့ အဆုိပါ လူသတ္မႈကုိ အနီးပတ္ဝန္း႐ွိ လူအမ်ားအျပားက ရပ္ၾကည့္ေနခဲ့ၾကၿပီး တစ္စုံတရာ ကူညီခဲ့ျခင္းမ႐ွိေၾကာင္း သိရပါတယ္။ အသတ္ခံရတဲ့ အမ်ဳိးသမီးကုိ လူသတ္သမားက ေႏွာင့္ယွက္ခဲ့ဖူးေၾကာင္းနဲ႕ မိသားစုက ရဲတပ္ဖြဲ႕ထံ တုိင္ၾကားခဲ့ဖူးေၾကာင္း အမ်ဳိးသမီးရဲ႕အကုိျဖစ္သူ ေျပာၾကားမႈကုိ အိႏၵိယသတင္းေတြမွာ ေဖာ္ျပထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦး လူအများမြင်ကွင်းမှာ လူမဆန်စွာ ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခံခဲရပေမဲ့ အနီးပတ်ဝန်ကျင်းမှာ ရှိနေသူတွေက ကူညီဟန့်တားခဲ့ခြင်း မရှိဘဲ ရပ်ကြည့်နေခဲ့မှုအပေါ် ပြည်သူတွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက အိန္ဒိယမြို့တော် နယူးဒေလီရှိ လူအသွားအလားများတဲ့ လမ်းတစ်လမ်းမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားဖြင့် အချက်ပေါင်း ၂၀ ကျော် ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ကရူနာ အမည်ရှိ ကျောင်းဆရာမတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးအနီးသို့ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာခဲ့ပြီးနောက် ဓားဖြင့် ဆက်တိုက်ထိုးခဲ့တာ တွေ့ရပါတယ်။ ဓားဖြင့်ထိုးပြီးနောက် လဲကျသွားတဲ့ အမျိုးသမီးရဲ့ဦးခေါင်းကိုလည်း ကျောက်ခဲဖြင့် ဆက်တိုက်ထုခဲ့ပါတယ်။

ဒါ့အပြင် လဲကျနေတဲ့ အမျိုးသမီးကို ရက်စက်စွာ ထပ်မံ တိုက်ခိုက်ကန်ကျောက်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။ သေဆုံးခဲ့သူ အမျိုးသမီး ထိုသိုု့ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခံရချိန်မှာ အနီးပတ်ဝန်းကျင်ရှိ လူတွေက ဝင်ရောက်ဟန့်တား ကူညီခဲ့ကြခြင်း မရှိဘဲ ကြည့်နေခဲ့ကြတာကြောင့် အိန္ဒိယပြည်သူများကြား ဒေါသထွက်ခဲ့ကြပါတယ်။

အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့သူဟာ ထွက်ပြေးရန်ကြိုးပမ်းခဲ့ပေမဲ့ ၎င်းကို ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

ဗီဒီယိုမှတ်တမ်းအရ အမျိုးသမီးကို တိုက်ခိုက်သတ်ဖြတ်ခံရချိန်မှာ ပတ်ဝန်းကျင်ရှိ ကျောပိုးအိတ်လွယ်ထားသူ အမျိုးသားတစ်ဦးက ကူညီရန်ကြိုးပမ်းခဲ့ပေမဲ့ လူသတ်သမားက ခြိမ်းခြောက်မှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရက်စက်လှတဲ့ အဆိုပါ လူသတ်မှုကို အနီးပတ်ဝန်းရှိ လူအများအပြားက ရပ်ကြည့်နေခဲ့ကြပြီး တစ်စုံတရာ ကူညီခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးကို လူသတ်သမားက နှောင့်ယှက်ခဲ့ဖူးကြောင်းနဲ့ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ဖူးကြောင်း အမျိုးသမီးရဲ့အကိုဖြစ်သူ ပြောကြားမှုကို အိန္ဒိယသတင်းတွေမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top