Royal Maung Bamar Residence
×





Credit: trend Myanmar

#Unicode Version

ယနေ့ခေတ် ၄ နှစ်ရွယ်ကလေးငယ်တွေဟာ ကျောင်းစတက်ရန် ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးဘူးလို့ လေ့လာမှုအသစ်က ဖော်ပြခဲ့ပါတယ်။

ကျောင်းနေအရွယ်ကလေးများ စောင့်ကြည့်လေ့လာတဲ့ အစောပိုင်း ကျွမ်းကျင်ပညာရှင်တွေဟာ ယခင်သုံးသပ်ချက်ထက် လှုပ်ရှားမှု အသီးသီး ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှု ပြသနာ ပိုများပြီး စာသင်ခန်းအတွင်း လေ့လာသင်ယူနိုင်စွမ်း ထိခိုက်စေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ University of Loughborough က သုတေသီတွေက ဒီလိုများပြားလာမှုဟာ အရင်ဆယ်စုနှစ်တွေနဲ့ ယှဉ်ရင် မျက်မှောက်ခေတ်ကလေးတွေ သွက်လက်ဖျတ်လတ်မှုလျှော့နည်းတာ အီလက်ထရောနစ် ကစားစရာအရုပ်တွေနဲ့ screen တွေအသုံးပြုခြင်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

ကျောင်းစတက်တဲ့အချိန် ကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စမ်းသပ်လေ့လာမှုတွေက  ကိုယ်ကာယလှုပ်ရှားမှုနဲ့ အလိုအလျောက်တုံ့ပြန်မှု သုံးယောက်မှာ တစ်ယောက် ကင်းမဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

ကလေး ၉၀ ရာခိုင်နှုန်းနီးပါးဟာ အသက်အရွယ်အရ လှုပ်ရှားမှု အခက်အခဲတွေ တွ့ရပါတယ်။ ကလေး ၃၀ ရာခိုင်နှုန်းက ကိုယ်ကာယ သက်ဝင်တက်ကြွမှု ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ dyslexia၊ dyspraxia နဲ့ ADHD ရောဂါအခြေအနေနဲ့ ဆက်စပ်တဲ့ ရောဂါလက္ခဏာတွေနဲ့အတူ ကျောင်းစတက်နေကြကြောင်း စမ်းသပ်မှုတွေက ဖော်ပြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top