Property Expo
×

ၾကမ္းျပင္ေကာ္ေဇာေပၚမွာ လွိမ့္ေနတဲ့ ကေလးငယ္ဟာ တျခားေသာ ၅ လအရြယ္ ကေလးငယ္ေတြလိုပါပဲ။
ဒါေပမယ့္ သူ႔ရဲ႕ ေက်ာဘက္၊ လက္ေတြ၊ ေျခေထာက္ေတြမွာေတာ့ ၀ံပုေလြတ ေကာင္လိုမ်ိဳး အေမြးအမွ်င္ေတြ ထူထူထဲထဲဖံုးအုပ္ေနခဲ့တာပါ။

ဒါဟာ hypertrichosis universalis လို႔အမည္ရတဲ့ ေရာဂါလကၡဏာတမ်ိဳးနဲ႔ ရင္ ဆိုင္ေနရတာျဖစ္ၿပီး လူသန္းတေထာင္မွာမွ တေယာက္ျဖစ္ႏိုင္ေခ်ရွိတဲ့ မ်ိဳးဗီဇဆိုင္ရာအ ေျခအေနတခုျဖစ္တယ္လို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

သူတို႔ဟာ အိႏၵိယႏိုင္ငံအလယ္ပုိင္း၊ ပၽြန္းၿမိဳ႕မွျဖစ္ၿပီး မိခင္ျဖစ္သူ အသက္ ၂၂ ႏွစ္ အရြယ္ မန္နီရွာ ဆန္ဘာဂ်ီေရာက္တ္ဟာ သားငယ္အတြက္ စိတ္ေသာကေရာက္ေနခဲ့ရ တာပါ။

သူ႔ရဲ႕ အစ္မျဖစ္သူနဲ႔ ညီမျဖစ္သူတို႔ဟာလည္း ခုလိုပဲ မ်ိဳးဗီဇဆိုင္ရာ အေျခအေန မ်ိဳးရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

“က်မ ကိုယ့္ကိုယ္ကို မွန္ထဲမွာေတြ႔ရတိုင္း ရြံရွာစက္ဆုတ္သလိုခံစားခဲ့ရတယ္။ ခုေတာ့ က်မရဲ႕ သားေလးမွာပါ ဒီဒဏ္ရာေတြ ရလာခဲ့ၿပီ။ က်မတို႔ ညီအမေတြဟာ အၿမဲတမ္းပဲ သရဲတေစၦ၊ ၀က္၀ံ၊ ေမ်ာက္ေတြလို ေနာက္ေျပာင္ခံခဲ့ရတယ္။ က်မသားေလးကို ခု လိုခံစားရမွာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ ဘာပဲျဖစ္ျဖစ္ သူဟာ က်မရဲ႕ ရင္ေသြးပဲေလ။ သူ႔ကို က်မ ခ်စ္ပါတယ္။ က်မရဲ႕ တခုတည္းေသာ ဆႏၵကေတာ့ သူ႔ကို တျခားသာမန္ကေလး ေတြလိုပဲ ႀကီးျပင္းေစလိုတာပါပဲ”လို႔ သူက ေျပာပါတယ္။

မန္နီရွာနဲ႔ ခင္ပြန္းျဖစ္သူ အသက္ ၃၀ အရြယ္ ဗီသဲလ္တို႔ဟာ သၾကားလံုးဆိုင္ဖြင့္ ထားၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ေမလ ၂၅ ရက္ေန႔ကမွ လက္ထပ္ခဲ့ၾကတာပါ။

“က်မရဲ႕ ခင္ပြန္းကေတာ့ သူ႔သားေလးကို ေတာ္ေတာ္လည္း ခ်စ္ၿပီး ပံ့ပိုးေပးပါတယ္။ ဒါေပမယ့္ ေယာကၡမေတြကေတာ့ မေပ်ာ္ရႊင္ၾကဘူးေပါ့။ က်မရဲ႕ ေယာကၡမက ကေလးကို ႐ုပ္ဆိုးၿပီး ေမ်ာက္ကေလးနဲ႔ တူတယ္လို႔ ေျပာလို႔ က်မ စိတ္ဆိုးနာက်င္ခဲ့ရတယ္။ ဒါေပမယ့္ ဘာမွ မတတ္ႏိုင္ပါဘူး”လို႔ မန္နီရွာက ေျပာပါတယ္။

ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ကုသႏိုင္မယ့္ ကုထံုးမရွိေသးတာမို႔ မာနီရွာတုိ႔ ညီအမေတြဟာ မ်က္ႏွာေပၚမွ အေမြးအမွ်င္ေတြကို ဖံုးအုပ္ဖို႔ ႏွစ္ေပါင္းမ်ားစြာ မိတ္ကပ္ေတြ၊ ခရင္မ္ေတြနဲ႔ ထူထူပိန္းပိန္း လိမ္းျခယ္ထားခဲ့ၾကရတာပါ။

ဒါေပမယ့္ ကေလးငယ္ကေတာ့ သိပ္ငယ္လြန္းၿပီး အသားအေရကလည္း ႏူးည့ံတာမို႔ ခုလိုလိမ္းျခယ္ေပးဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ သူက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ကြမ်းပြင်ကော်ဇောပေါ်မှာ လှိမ့်နေတဲ့ ကလေးငယ်ဟာ တခြားသော ၅ လအရွယ် ကလေးငယ်တွေလိုပါပဲ။
ဒါပေမယ့် သူ့ရဲ့ ကျောဘက်၊ လက်တွေ၊ ခြေထောက်တွေမှာတော့ ဝံပုလွေတ ကောင်လိုမျိုး အမွေးအမျှင်တွေ ထူထူထဲထဲဖုံးအုပ်နေခဲ့တာပါ။

ဒါဟာ hypertrichosis universalis လို့အမည်ရတဲ့ ရောဂါလက္ခဏာတမျိုးနဲ့ ရင် ဆိုင်နေရတာဖြစ်ပြီး လူသန်းတထောင်မှာမှ တယောက်ဖြစ်နိုင်ချေရှိတဲ့ မျိုးဗီဇဆိုင်ရာအ ခြေအနေတခုဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူတို့ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ ပျွန်းမြို့မှဖြစ်ပြီး မိခင်ဖြစ်သူ အသက် ၂၂ နှစ် အရွယ် မန်နီရှာ ဆန်ဘာဂျီရောက်တ်ဟာ သားငယ်အတွက် စိတ်သောကရောက်နေခဲ့ရ တာပါ။

သူ့ရဲ့ အစ်မဖြစ်သူနဲ့ ညီမဖြစ်သူတို့ဟာလည်း ခုလိုပဲ မျိုးဗီဇဆိုင်ရာ အခြေအနေ မျိုးရှိနေခဲ့တယ်လို့ ဆိုပါတယ်။

“ကျမ ကိုယ့်ကိုယ်ကို မှန်ထဲမှာတွေ့ရတိုင်း ရွံရှာစက်ဆုတ်သလိုခံစားခဲ့ရတယ်။ ခုတော့ ကျမရဲ့ သားလေးမှာပါ ဒီဒဏ်ရာတွေ ရလာခဲ့ပြီ။ ကျမတို့ ညီအမတွေဟာ အမြဲတမ်းပဲ သရဲတစ္ဆေ၊ ဝက်ဝံ၊ မျောက်တွေလို နောက်ပြောင်ခံခဲ့ရတယ်။ ကျမသားလေးကို ခု လိုခံစားရမှာမျိုး မဖြစ်စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ ကျမရဲ့ ရင်သွေးပဲလေ။ သူ့ကို ကျမ ချစ်ပါတယ်။ ကျမရဲ့ တခုတည်းသော ဆန္ဒကတော့ သူ့ကို တခြားသာမန်ကလေး တွေလိုပဲ ကြီးပြင်းစေလိုတာပါပဲ”လို့ သူက ပြောပါတယ်။

မန်နီရှာနဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၀ အရွယ် ဗီသဲလ်တို့ဟာ သကြားလုံးဆိုင်ဖွင့် ထားကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလ ၂၅ ရက်နေ့ကမှ လက်ထပ်ခဲ့ကြတာပါ။

“ကျမရဲ့ ခင်ပွန်းကတော့ သူ့သားလေးကို တော်တော်လည်း ချစ်ပြီး ပံ့ပိုးပေးပါတယ်။ ဒါပေမယ့် ယောက္ခမတွေကတော့ မပျော်ရွှင်ကြဘူးပေါ့။ ကျမရဲ့ ယောက္ခမက ကလေးကို ရုပ်ဆိုးပြီး မျောက်ကလေးနဲ့ တူတယ်လို့ ပြောလို့ ကျမ စိတ်ဆိုးနာကျင်ခဲ့ရတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ပါဘူး”လို့ မန်နီရှာက ပြောပါတယ်။

ဒီရောဂါနဲ့ ပတ်သက်ပြီး ကုသနိုင်မယ့် ကုထုံးမရှိသေးတာမို့ မာနီရှာတို့ ညီအမတွေဟာ မျက်နှာပေါ်မှ အမွေးအမျှင်တွေကို ဖုံးအုပ်ဖို့ နှစ်ပေါင်းများစွာ မိတ်ကပ်တွေ၊ ခရင်မ်တွေနဲ့ ထူထူပိန်းပိန်း လိမ်းခြယ်ထားခဲ့ကြရတာပါ။

ဒါပေမယ့် ကလေးငယ်ကတော့ သိပ်ငယ်လွန်းပြီး အသားအရေကလည်း နူးညံ့တာမို့ ခုလိုလိမ်းခြယ်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top