Property Expo
×

ဘာစီလုိနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီဟာ ေပါင္ၿခံဒဏ္ရာေၾကာင္း သီတင္းသုံးပတ္ၾကာ နားရမွာျဖစ္ပါတယ္။ မက္ဆီဟာ ယေန႕ (စက္တင္ဘာ ၂၂ ရက္) နံနက္အေစာပိုင္းက အသလက္တီကုိ မက္ဒရစ္နဲ႕ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ စပိန္လာလီဂါပြဲစဥ္ ပြဲကစားခ်ိန္ ၅၉ မိနစ္မွာ ေပါင္ၿခံဒဏ္ရာရခဲ့တာပါ။

အသလက္တီကုိ ကစားသမား ေဂါ့ဒင္ရဲ႕ ဖ်က္ထုတ္မႈခံရၿပီးေနာက္ ေပါင္ၿခံၾကြက္သားဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရပါတယ္။ အဆုိပါပြဲစဥ္မွာ တစ္ဖက္တစ္ဂုိးစီ သေရရလဒ္ျဖင့္ ၿပီးဆုံးခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ ယခုလ အေစာပိုင္းက အာဂ်င္တီးနားနဲ႕ ဗင္နီဇြဲလားတုိ႕ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ ၂၀၁၈ ကမာၻ႕ဖလားေျခစစ္ပြဲကုိလည္း ေပါင္ၿခံဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမဲ့ ယေန႕ နံနက္အေစာပိုင္းက အသလက္တီကုိနဲ႔ ပြဲစဥ္အပါအဝင္ ယခုႏွစ္ ေဘာလုံးရာသီ စပိန္လာလီဂါ ငါးပြဲလုံးမွာ ပါဝင္ကစားခဲ့ပါတယ္။

အာဂ်င္တီးနားတုိက္စစ္မွဴး မက္ဆီဟာ ေအာက္တုိဘာ ၁၉ ရက္မွာ မန္ခ်က္စတာစီးတီးနဲ႕ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ျပန္လည္ပါဝင္ႏုိင္မယ္လို႕ ဆုိပါတယ္။ အဆုိပါ ပြဲစဥ္မတုိင္မီ မုိခ်န္ဂလာဘတ္နဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္၊ ဂီဂၽြန္၊ ဆဲလ္တာတုိ႕နဲ႕ လာလီဂါပြဲစဥ္ႏွစ္ပြဲ၊ ပီ႐ူး၊ ပါရာေဂြးတုိ႕နဲ႕ ကမာၻ႕ဖလားေျခစစ္ပြဲစဥ္ႏွစ္ပြဲကုိ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ယေန႕ နံနက္အေစာပုိင္းက ကစားခဲ့တဲ့ အသလက္တီကုိနဲ႕ ပြဲစဥ္မွာ အျခား ဘာစီလုိနာ ကစားသမား ဆာဂ်ီယုိ ဘက္စ္ကြက္လည္း ဒဏ္ရာေၾကာင့္ ဒုတိယပုိင္းမွာ ထြက္ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပေါင်ခြံဒဏ်ရာကြောင်း သီတင်းသုံးပတ်ကြာ နားရမှာဖြစ်ပါတယ်။ မက်ဆီဟာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်အစောပိုင်းက အသလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ပွဲကစားချိန် ၅၉ မိနစ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တာပါ။

အသလက်တီကို ကစားသမား ဂေါ့ဒင်ရဲ့ ဖျက်ထုတ်မှုခံရပြီးနောက် ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ယခုလ အစောပိုင်းက အာဂျင်တီးနားနဲ့ ဗင်နီဇွဲလားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ နံနက်အစောပိုင်းက အသလက်တီကိုနဲ့ ပွဲစဉ်အပါအဝင် ယခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါ ငါးပွဲလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အောက်တိုဘာ ၁၉ ရက်မှာ မန်ချက်စတာစီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ပွဲစဉ်မတိုင်မီ မိုချန်ဂလာဘတ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ဂီဂျွန်၊ ဆဲလ်တာတို့နဲ့ လာလီဂါပွဲစဉ်နှစ်ပွဲ၊ ပီရူး၊ ပါရာဂွေးတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်နှစ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ယနေ့ နံနက်အစောပိုင်းက ကစားခဲ့တဲ့ အသလက်တီကိုနဲ့ ပွဲစဉ်မှာ အခြား ဘာစီလိုနာ ကစားသမား ဆာဂျီယို ဘက်စ်ကွက်လည်း ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ထွက်ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top