Property Expo
×

ရဲဥပေဒအား ေခတ္ႏွင့္ေလ်ာ္ညီေစရန္ ျပင္ဆင္ေရးဆြဲလွ်က္ရွိသည္။ (ဓာတ္ပံု - ေဂ်ေမာင္ေမာင္(အမရပူရ))

 ႏွစ္ေပါင္း ခုနစ္ ဆယ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ ေသာ ၁၉၄၅ ရဲဥပေဒကို ေခတ္ကာလႏွင့္ကုိက္ညီေအာင္ အသစ္ျပင္ဆင္ေရးဆြဲထားၿပီး ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ တင္ျပႏုိင္ေရးေဆာင္ရြက္လ်က္ရွိေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန ဒု၀န္ႀကီးဗုိလ္ခ်ဳပ္ေအာင္စုိးက ေျပာၾကားသည္။


၀န္ႀကီးဌာနအေနျဖင့္ ရဲဥပ ေဒမ်ားကို လက္ရွိေခတ္စနစ္ႏွင့္ ကုိက္ညီေအာင္ ေဆာင္ရြက္ရာ တြင္ ၁၈၉၉ ရန္ကုန္ရဲအက္ ဥပေဒႏွင့္ ၁၉၄၅ ရဲဥပေဒ ႏွစ္ရပ္ေပါင္းစည္းၿပီး အသစ္ျပင္ဆင္ေရးဆြဲထားေၾကာင္း ဒု၀န္ႀကီးက ဆုိသည္။

၁၉၄၅ ရဲဥပေဒသည္ တစ္ႏုိင္ငံလုံးအတုိင္းအတာျဖင့္ အာဏာမသက္ေရာက္သျဖင့္ ေခတ္စနစ္ႏွင့္ညီၫြတ္ေသာ ရဲဥပေဒတစ္ရပ္ေရးဆြဲရန္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ ေကာ့ေသာင္းၿမိဳ႕နယ္ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္ဦးခင္ေဇာ္၏ ေမးျမန္းမႈအေပၚဒု၀န္ႀကီးကအထက္ပါအတုိင္းျပန္လည္ ေျဖၾကားေပးခဲ့ သည္။

ႏွစ္ေပါင္းခုနစ္ဆယ္ေက်ာ္ေနသည့္ ယင္းဥပေဒသည္ ျပ႒ာန္းစဥ္ကာလက အာဏာသက္ေရာက္သည့္ၿမိဳ႕ေက်းရြာအမည္ေပါင္း ၂၂၀ကို သတ္မွတ္ျပ႒ာန္းေပးခဲ့ၿပီး အာဏာသက္ေရာက္သည့္ ေဒသမ်ားတြင္ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔မပါ၀င္ေၾကာင္းလႊတ္ေတာ္ ကုိယ္စားလွယ္က လႊတ္ေတာ္သို႔တင္ျပခဲ့သည္။

ဒု၀န္ႀကီးက ျပန္လည္ေျဖ ၾကားရာတြင္ ရဲဥပေဒ၌ အာဏာမတည္ေသာ ၿမိဳ႕ရြာမ်ား၏ ရပ္ရြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစုိးမုိးေရးေဆာင္ရြက္ရာတြင္ ရာဇသတ္ႀကီးဥပေဒ၊ ရာဇ၀တ္က်င့္ထုံးဥပေဒအထူးႏွင့္ အေထြေထြဥပေဒမ်ား၊ ေဒသႏၲရဥပေဒမ်ားႏွင့္ ေဆာင္ရြက္ေနေၾကာင္းပါရွိသည္။

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဥပေဒ အသစ္ကို မျပ႒ာန္းႏုိင္မီကာလအ တြင္း ၁၉၄၅ ရဲဥပေဒကို လတ္တေလာတစ္ႏုိင္ငံလုံးအာဏာတည္ေစေရးအတြက္ ၁၉၆၃ ခုႏွစ္ တရားဥပေဒမ်ားအာဏာတည္ေစျခင္းႏွင့္ ရပ္စဲေစျခင္းဥပေဒအရ ႏုိင္ငံေတာ္သမၼတက အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ႏုိင္ေရးအတြက္ ျပည္ထဲေရး၀န္ႀကီးဌာနမွ ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၆ရက္ က ႏုိင္ငံေတာ္သမၼတ႐ုံးသို႔ တင္ျပခဲ့သည္ဟု ဒု၀န္ႀကီးက ဆုိသည္။

ထုိသို႔ တင္ျပရာတြင္ ျပည္ ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၏ သ ေဘာထားမွတ္ခ်က္ႏွင့္အတူ ျပန္ လည္တင္ျပရန္ၫႊန္ၾကားလာ ေသာေၾကာင့္ ျပည္ထဲေရး၀န္ႀကီး ဌာနအေနျဖင့္ ရဲအက္ဥပေဒတစ္ ႏုိင္ငံအာဏာတည္ေစေရးႏွင့္ ပတ္သက္္ၿပီး ျပည္ေထာင္စုေရွ႕ ေနခ်ဳပ္႐ုံး၏  သေဘာထားမွတ္ ခ်က္မ်ားကို ရယူကာဆက္လက္ ေဆာင္ရြက္မည္ဟုလည္း ဒု၀န္ႀကီးကေျပာသည္။

ေခတ္စနစ္ႏွင့္ ကုိက္ညီ ေအာင္ေရးဆြဲထားသည့္ ျမန္မာ ႏုိင္ငံရဲတပ္ဖြဲ႕ဥပေဒမူၾကမ္းကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၏ သေဘာထားမွတ္ခ်က္ ရယူၿပီး ၿပီးခဲ့သည့္ ၂၀၁၅ အတြင္းက  ႏုိင္ငံေတာ္သမၼတ႐ုံးသုိ႔ေပးပုိ႔ရာ သမၼတ၏ ဥပေဒအႀကံေပးအဖြဲ႕မွ အႀကံျပဳခ်က္ခုနစ္ခ်က္ႏွင့္အတူ သိရွိလုိက္နာေဆာင္ရြက္ႏုိင္ရန္ ၀န္ ႀကီးဌာနကို ျပန္လည္ေပးပို႔လာ သည့္အခါ အႀကံျပဳခ်က္မ်ားႏွင့္ အတူ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ ျပည္ေထာင္စုလႊတ္ေတာ္ သုိ႔ တင္ျပရန္ေဆာင္ရြက္ေန ေၾကာင္း ဒု၀န္ႀကီးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရဲဥပဒေအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲလျှက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

 နှစ်ပေါင်း ခုနစ် ဆယ်ကျော် ကြာမြင့်နေပြီဖြစ် သော ၁၉၄၅ ရဲဥပဒေကို ခေတ်ကာလနှင့်ကိုက်ညီအောင် အသစ်ပြင်ဆင်ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။


ဝန်ကြီးဌာနအနေဖြင့် ရဲဥပ ဒေများကို လက်ရှိခေတ်စနစ်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရာ တွင် ၁၈၉၉ ရန်ကုန်ရဲအက် ဥပဒေနှင့် ၁၉၄၅ ရဲဥပဒေ နှစ်ရပ်ပေါင်းစည်းပြီး အသစ်ပြင်ဆင်ရေးဆွဲထားကြောင်း ဒုဝန်ကြီးက ဆိုသည်။

၁၉၄၅ ရဲဥပဒေသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာမသက်ရောက်သဖြင့် ခေတ်စနစ်နှင့်ညီညွတ်သော ရဲဥပဒေတစ်ရပ်ရေးဆွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော့သောင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်၏ မေးမြန်းမှုအပေါ်ဒုဝန်ကြီးကအထက်ပါအတိုင်းပြန်လည် ဖြေကြားပေးခဲ့ သည်။

နှစ်ပေါင်းခုနစ်ဆယ်ကျော်နေသည့် ယင်းဥပဒေသည် ပြဋ္ဌာန်းစဉ်ကာလက အာဏာသက်ရောက်သည့်မြို့ကျေးရွာအမည်ပေါင်း ၂၂၀ကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပြီး အာဏာသက်ရောက်သည့် ဒေသများတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မပါဝင်ကြောင်းလွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်သို့တင်ပြခဲ့သည်။

ဒုဝန်ကြီးက ပြန်လည်ဖြေ ကြားရာတွင် ရဲဥပဒေ၌ အာဏာမတည်သော မြို့ရွာများ၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေအထူးနှင့် အထွေထွေဥပဒေများ၊ ဒေသန္တရဥပဒေများနှင့် ဆောင်ရွက်နေကြောင်းပါရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ အသစ်ကို မပြဋ္ဌာန်းနိုင်မီကာလအ တွင်း ၁၉၄၅ ရဲဥပဒေကို လတ်တလောတစ်နိုင်ငံလုံးအာဏာတည်စေရေးအတွက် ၁၉၆၃ ခုနှစ် တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေအရ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက် က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သည်ဟု ဒုဝန်ကြီးက ဆိုသည်။

ထိုသို့ တင်ပြရာတွင် ပြည် ထောင်စုရှေ့နေချုပ်ရုံး၏ သ ဘောထားမှတ်ချက်နှင့်အတူ ပြန် လည်တင်ပြရန်ညွှန်ကြားလာ သောကြောင့် ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် ရဲအက်ဥပဒေတစ် နိုင်ငံအာဏာတည်စေရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရှေ့ နေချုပ်ရုံး၏  သဘောထားမှတ် ချက်များကို ရယူကာဆက်လက် ဆောင်ရွက်မည်ဟုလည်း ဒုဝန်ကြီးကပြောသည်။

ခေတ်စနစ်နှင့် ကိုက်ညီ အောင်ရေးဆွဲထားသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက် ရယူပြီး ပြီးခဲ့သည့် ၂၀၁၅ အတွင်းက  နိုင်ငံတော်သမ္မတရုံးသို့ပေးပို့ရာ သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုချက်ခုနစ်ချက်နှင့်အတူ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဝန် ကြီးဌာနကို ပြန်လည်ပေးပို့လာ သည့်အခါ အကြံပြုချက်များနှင့် အတူ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်ထောင်စုလွှတ်တော် သို့ တင်ပြရန်ဆောင်ရွက်နေ ကြောင်း ဒုဝန်ကြီးကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top