Property Expo
×

ကိုယ္၀န္ေဆာင္ခ်ိန္ဟာ အမ်ဳိးသမီးေတြအတြက္ အေရး ႀကီးဆံုးကာလျဖစ္တာေၾကာင့္ အ စားအေသာက္၊ အေနအထိုင္ဆင္ ျခင္ၿပီး ကိုးလတာကို ေက်ာ္ျဖတ္ ရာမွာ ရင္ေသြးေလးေတြ က်န္းမာ ေရးအတြက္ ေခ်ာကလက္က ရာ ႏႈန္းျပည့္ေထာက္ကူေပးႏုိင္တယ္ လို႔ ပညာရွင္ေတြဆိုထားတဲ့အ တြက္ ဘာေတြေကာင္းသလဲဆို တာ ေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္၀န္ေဆာင္ခ်ိန္ေသြးတိုးျခင္းမွ ကာကြယ္ေပးျခင္း - ေခ်ာက လက္မွာပါတဲ့ ဓာတ္တစ္မ်ဳိးဟာ ကိုယ္၀န္ေဆာင္ကာလမွာ ပံုမွန္ မဟုတ္ဘဲ ေသြးေပါင္ေတြ အရမ္း တက္လာတဲ့အခါ လမေစ့ဘဲ ေမြး ဖြားတာမ်ဳိးေတြမျဖစ္ေအာင္ ကာ ကြယ္ေပးတယ္လို႔ ဆိုပါတယ္။

ေသြးလည္ပတ္မႈေကာင္းေစျခင္း - ေခ်ာကလက္မွာပါတဲ့ သီယိုဘ႐ို မင္းဆိုတဲ့ ျဒပ္ေပါင္းက ေသြးလည္ပတ္မႈေကာင္းေအာင္ ကူညီေပးပါတယ္။

ေပ်ာ္ရႊင္ေသာကေလးမ်ားေမြး ဖြားေစျခင္း - ဖင္လန္ႏုိင္ငံက ေဆး ပညာရွင္ေတြရဲ႕ သုေတသနျပဳ ခ်က္အရ ေခ်ာကလက္ပံုမွန္စား ေပးတဲ့ မိခင္က ေမြးဖြားလာတဲ့ ကေလးငယ္ေတြဟာ ေပ်ာ္ရႊင္ သြက္လက္ၾကတယ္လို႔ ဆိုပါ တယ္။

ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိ ႂကြယ္၀ျခင္း - ေခ်ာကလက္မွာ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိရွိတဲ့ အတြက္ ကင္ဆာေရာဂါအမ်ဳိးမ်ဳိး ကို ကာကြယ္ႏုိင္သလို ကိုယ္၀န္ ေဆာင္အမ်ဳိးသမီးေတြရဲ႕ ႏွလံုး ေသြးေၾကာစနစ္ေကာင္းမြန္စြာ အလုပ္လုပ္ေစဖို႔လည္း ကူညီေပး တယ္လို႔ ဆုိပါတယ္။

ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ႂကြယ္၀ျခင္း - ေခ်ာကလက္မွာ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ တျခား အာဟာရဓာတ္မ်ဳိးစံုပါ၀င္ပါတယ္။

ႏွလံုးေရာဂါျဖစ္ပြားမႈမွ ကာကြယ္ ျခင္း - အနက္ေရာင္ေခ်ာကလက္ ေတြဟာ ႏွလံုးေရာဂါျဖစ္ပြားမႈ ေတြကို ကာကြယ္ေပးတယ္လို႔ ဆို ပါတယ္။ အရည္အေသြးျမင့္၊ အ နက္ေရာင္ေခ်ာကလက္ေတြမွာ သာမန္ေခ်ာကလက္ေတြထက္ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိမ်ား စြာပါရွိတယ္လို႔ သိရပါတယ္။

ကိုလက္စထေရာမ်ား ဖယ္ရွား ေပးျခင္း - ေသြးထဲမွာရွိေနတဲ့ အက်ဳိးမျပဳတဲ့ ကိုလက္စထေရာေတြကို ဖယ္ရွားေပးပါတယ္။

စိတ္ဖိစီးမႈကင္းေစျခင္း - ကိုယ္၀န္ေဆာင္မိခင္ပဲျဖစ္ျဖစ္၊ ဘယ္သူပဲ ျဖစ္ျဖစ္ ေခ်ာကလက္စားေပးရင္ စိတ္ဖိစီးမႈကင္းၿပီး တက္ႂကြလန္း ဆန္းေစပါတယ္။ ကိုယ္၀န္ေဆာင္ေတြအေနနဲ႔ တစ္ခုသတိျပဳဖို႔လို တာက တန္ေဆးလြန္ေဘးဆိုသ လို အတုိင္းအဆမရွိစားတာမ်ဳိး ကိုေတာ့ ေရွာင္ဖို႔ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် အရေး ကြီးဆုံးကာလဖြစ်တာကြောင့် အ စားအသောက်၊ အနေအထိုင်ဆင် ခြင်ပြီး ကိုးလတာကို ကျော်ဖြတ် ရာမှာ ရင်သွေးလေးတွေ ကျန်းမာ ရေးအတွက် ချောကလက်က ရာ နှုန်းပြည့်ထောက်ကူပေးနိုင်တယ် လို့ ပညာရှင်တွေဆိုထားတဲ့အ တွက် ဘာတွေကောင်းသလဲဆို တာ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းမှ ကာကွယ်ပေးခြင်း - ချောက လက်မှာပါတဲ့ ဓာတ်တစ်မျိုးဟာ ကိုယ်ဝန်ဆောင်ကာလမှာ ပုံမှန် မဟုတ်ဘဲ သွေးပေါင်တွေ အရမ်း တက်လာတဲ့အခါ လမစေ့ဘဲ မွေး ဖွားတာမျိုးတွေမဖြစ်အောင် ကာ ကွယ်ပေးတယ်လို့ ဆိုပါတယ်။

သွေးလည်ပတ်မှုကောင်းစေခြင်း - ချောကလက်မှာပါတဲ့ သီယိုဘရို မင်းဆိုတဲ့ ဒြပ်ပေါင်းက သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။

ပျော်ရွှင်သောကလေးများမွေး ဖွားစေခြင်း - ဖင်လန်နိုင်ငံက ဆေး ပညာရှင်တွေရဲ့ သုတေသနပြု ချက်အရ ချောကလက်ပုံမှန်စား ပေးတဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ပျော်ရွှင် သွက်လက်ကြတယ်လို့ ဆိုပါ တယ်။

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ကြွယ်ဝခြင်း - ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အတွက် ကင်ဆာရောဂါအမျိုးမျိုး ကို ကာကွယ်နိုင်သလို ကိုယ်ဝန် ဆောင်အမျိုးသမီးတွေရဲ့ နှလုံး သွေးကြောစနစ်ကောင်းမွန်စွာ အလုပ်လုပ်စေဖို့လည်း ကူညီပေး တယ်လို့ ဆိုပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်း - ချောကလက်မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ တခြား အာဟာရဓာတ်မျိုးစုံပါဝင်ပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ် ခြင်း - အနက်ရောင်ချောကလက် တွေဟာ နှလုံးရောဂါဖြစ်ပွားမှု တွေကို ကာကွယ်ပေးတယ်လို့ ဆို ပါတယ်။ အရည်အသွေးမြင့်၊ အ နက်ရောင်ချောကလက်တွေမှာ သာမန်ချောကလက်တွေထက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ စွာပါရှိတယ်လို့ သိရပါတယ်။

ကိုလက်စထရောများ ဖယ်ရှား ပေးခြင်း - သွေးထဲမှာရှိနေတဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပါတယ်။

စိတ်ဖိစီးမှုကင်းစေခြင်း - ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ချောကလက်စားပေးရင် စိတ်ဖိစီးမှုကင်းပြီး တက်ကြွလန်း ဆန်းစေပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်ခုသတိပြုဖို့လို တာက တန်ဆေးလွန်ဘေးဆိုသ လို အတိုင်းအဆမရှိစားတာမျိုး ကိုတော့ ရှောင်ဖို့ လိုအပ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top