Kantharyar Centre
×

နည္းပညာေတြ တိုးတက္လာတဲ့ေခတ္မွာ ကိုယ့္ရဲ႕ ကေလးဟာ ေန႔စဥ္ဘဝမွာ နည္းပညာနဲ႔ ထိေတြ႔ေနရပါတယ္။ ဒီအခါ သူ႔အတြက္ နည္းပညာက ဘယ္လို ေကာင္းက်ဳိးေတြ ဘယ္လာၿပီး ဘယ္လို ဆိုးက်ဳိးေတြ ရွိႏိုင္တယ္ ဆိုတာကို မိဘက စနစ္တက် လမ္းညႊန္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။

မ်ဳိးဆက္ ကြာဟမႈအျပင္ ေခတ္က တစ္ဟုန္ထိုး တိုးတက္လာတဲ့အတြက္ မိဘေတြအေနနဲ႔လည္း ေနာက္က်န္ေနခဲ့လို႔ မျဖစ္ပါဘူး။ ကိုယ့္ကေလးကို ထိန္းေက်ာင္းၿပီး သူ႔အတြက္ လိုအပ္တဲ့ အကူအညီေတြ ေပးႏိုင္ဖို႔အတြက္ အႀကံျပဳခ်က္ အခ်ဳိ႕ကို ဒီတစ္ပတ္အတြက္ ေဖာ္ျပ ေပးလိုက္ပါတယ္။

ဘာေတြ စိတ္ဝင္စားေနသလဲ

တစ္ခါတေလ ကိုယ့္ကေလးက ဘာေတြကို စိတ္ဝင္စားေနသလဲ ဆိုတာကို ေလ့လာၾကည့္ပါ။ ဘယ္လို ဝက္ဘ္ဆိုက္ေတြ ဝင္ၾကည့္ေနသလဲ။ ဘယ္လို Software ေတြ အသုံးခ်ေနသလဲ ဆိုတာ သိေအာင္ လုပ္သင့္ပါတယ္။

ျပည္တြင္းက နည္းပညာသမား လူငယ္ေတြကို ေမးျမန္းၾကည့္တဲ့အခါ သူတို႔ရဲ႕ အိမ္ေတြက သူတို႔ ဘာေတြလုပ္ေနသလဲ ဆိုတာကို မသိပါဘူးလို႔ ေျဖပါတယ္။ ေက်ာင္းစာကိုပဲ အတင္းအက်ပ္ လုပ္ေနေစတာထက္ သူတို႔ စိတ္ဝင္စားေနတဲ့ အပိုင္းက မွန္ကန္တယ္ဆိုရင္ လိုအပ္တဲ့ အကူအညီ ေပးႏိုင္ဖို႔ ျပင္ဆင္သင့္ပါတယ္။ သူဘာကို စိတ္ဝင္စားေနသလဲ ေလ့လာပါ။

ဆိုက္ဘာ အႏိုင္က်င့္မႈ

ကေလးငယ္ေတြ အင္တာနက္ အသုံးျပဳတဲ့အခါ သူတို႔ကို ပစ္မွတ္ထားၿပီး အြန္လိုင္းကေန လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေျပာဆိုတာ၊ ၿခိမ္းေျခာက္တာမ်ဳိးေတြ ျဖစ္လာႏိုင္ပါတယ္။ ကိုယ့္ကေလး အဆင္ေျပ မေျပ ေစာင့္ၾကည့္ ေပးသင့္ပါတယ္။ ဒါ့အျပင္ ဒီလို ၿခိမ္းေျခာက္မႈေတြနဲ႔ ႀကံဳလာတဲ့အခါ ကိုယ့္ကို ဖြင့္ဟ တိုင္ပင္ႏိုင္တယ္ဆိုတာ အသိေပးထားပါ။ ဖြင့္ဟ တိုင္ပင္လာရင္လည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေအးေအးေဆးေဆး ေျဖရွင္းေပးပါ။

ဂိမ္းေတြ ေဆာ့ၾကည့္ပါ

တခ်ဳိ႕ ဂိမ္းေတြက စြဲလမ္းေစၿပီး တခ်ဳိ႕ ဂိမ္းေတြက ထိခိုက္မႈ ရွိႏိုင္ပါတယ္။ မိဘက ကိုယ္တိုင္ ေဆာ့ၾကည့္ထားမွ ဒီဂိမ္းရဲ႕အက်ဳိးအျပစ္ကို ကေလး နားလည္ေအာင္ ရွင္းျပႏိုင္မွာပါ။ ကိုယ္တိုင္ မသိဘဲ မေဆာ့နဲ႔လို႔ တားျမစ္တာဟာ မမွန္ကန္ပါဘူး။ ဂိမ္းေဆာ့ေနတဲ့ ကေလးကို တားဆီးခ်င္လို႔ မရပါဘူး။ ဂိမ္းေဆာ့တာ အျပစ္ တစ္ခု မဟုတ္ပါဘူး။

ဒီအခ်က္ကို နားလည္ လက္ခံထားၿပီးမွ စိတ္အပန္းေျဖ ေဆာ့တာထက္ ပိုမို လြန္က်ဴးလာတဲ့အခါ မ်က္လုံးကို ထိခိုက္ႏိုင္တာမ်ဳိးနဲ႔ ပတ္ဝန္းက်င္နဲ႔ အဆက္ျပတ္ေစတာမ်ဳိးကို နားလည္ေအာင္ ရွင္းျပႏိုင္မွာ ျဖစ္ပါတယ္။

အထက္ပါ အခ်က္ေတြက ကိုယ့္ကေလးနဲ႔ ကိုယ့္အၾကားမွာ ရွိေနတဲ့ ကြာဟမႈကို က်ဥ္းေျမာင္းေစမယ့္ အခ်က္ေတြထဲက တခ်ဳိ႕ျဖစ္တဲ့အတြက္ ဒီတစ္ပတ္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the voice

#Unicode Version

နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ ကိုယ့်ရဲ့ ကလေးဟာ နေ့စဉ်ဘဝမှာ နည်းပညာနဲ့ ထိတွေ့နေရပါတယ်။ ဒီအခါ သူ့အတွက် နည်းပညာက ဘယ်လို ကောင်းကျိုးတွေ ဘယ်လာပြီး ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်တယ် ဆိုတာကို မိဘက စနစ်တကျ လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

မျိုးဆက် ကွာဟမှုအပြင် ခေတ်က တစ်ဟုန်ထိုး တိုးတက်လာတဲ့အတွက် မိဘတွေအနေနဲ့လည်း နောက်ကျန်နေခဲ့လို့ မဖြစ်ပါဘူး။ ကိုယ့်ကလေးကို ထိန်းကျောင်းပြီး သူ့အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် အကြံပြုချက် အချို့ကို ဒီတစ်ပတ်အတွက် ဖော်ပြ ပေးလိုက်ပါတယ်။

ဘာတွေ စိတ်ဝင်စားနေသလဲ

တစ်ခါတလေ ကိုယ့်ကလေးက ဘာတွေကို စိတ်ဝင်စားနေသလဲ ဆိုတာကို လေ့လာကြည့်ပါ။ ဘယ်လို ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်နေသလဲ။ ဘယ်လို Software တွေ အသုံးချနေသလဲ ဆိုတာ သိအောင် လုပ်သင့်ပါတယ်။

ပြည်တွင်းက နည်းပညာသမား လူငယ်တွေကို မေးမြန်းကြည့်တဲ့အခါ သူတို့ရဲ့ အိမ်တွေက သူတို့ ဘာတွေလုပ်နေသလဲ ဆိုတာကို မသိပါဘူးလို့ ဖြေပါတယ်။ ကျောင်းစာကိုပဲ အတင်းအကျပ် လုပ်နေစေတာထက် သူတို့ စိတ်ဝင်စားနေတဲ့ အပိုင်းက မှန်ကန်တယ်ဆိုရင် လိုအပ်တဲ့ အကူအညီ ပေးနိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ သူဘာကို စိတ်ဝင်စားနေသလဲ လေ့လာပါ။

ဆိုက်ဘာ အနိုင်ကျင့်မှု

ကလေးငယ်တွေ အင်တာနက် အသုံးပြုတဲ့အခါ သူတို့ကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြောဆိုတာ၊ ခြိမ်းခြောက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကလေး အဆင်ပြေ မပြေ စောင့်ကြည့် ပေးသင့်ပါတယ်။ ဒါ့အပြင် ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာတဲ့အခါ ကိုယ့်ကို ဖွင့်ဟ တိုင်ပင်နိုင်တယ်ဆိုတာ အသိပေးထားပါ။ ဖွင့်ဟ တိုင်ပင်လာရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ဖြေရှင်းပေးပါ။

ဂိမ်းတွေ ဆော့ကြည့်ပါ

တချို့ ဂိမ်းတွေက စွဲလမ်းစေပြီး တချို့ ဂိမ်းတွေက ထိခိုက်မှု ရှိနိုင်ပါတယ်။ မိဘက ကိုယ်တိုင် ဆော့ကြည့်ထားမှ ဒီဂိမ်းရဲ့အကျိုးအပြစ်ကို ကလေး နားလည်အောင် ရှင်းပြနိုင်မှာပါ။ ကိုယ်တိုင် မသိဘဲ မဆော့နဲ့လို့ တားမြစ်တာဟာ မမှန်ကန်ပါဘူး။ ဂိမ်းဆော့နေတဲ့ ကလေးကို တားဆီးချင်လို့ မရပါဘူး။ ဂိမ်းဆော့တာ အပြစ် တစ်ခု မဟုတ်ပါဘူး။

ဒီအချက်ကို နားလည် လက်ခံထားပြီးမှ စိတ်အပန်းဖြေ ဆော့တာထက် ပိုမို လွန်ကျူးလာတဲ့အခါ မျက်လုံးကို ထိခိုက်နိုင်တာမျိုးနဲ့ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်စေတာမျိုးကို နားလည်အောင် ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေက ကိုယ့်ကလေးနဲ့ ကိုယ့်အကြားမှာ ရှိနေတဲ့ ကွာဟမှုကို ကျဉ်းမြောင်းစေမယ့် အချက်တွေထဲက တချို့ဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: the voice
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top