Property Expo
×

ဒီေန႔ကမၻာမွာ လူမႈပတ္၀န္းက်င္နဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အေရးတႀကီး လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ဖို႔ အတြက္ စိတ္အားထက္သန္ၿပီး သူတို႔ရဲ႕ အရည္အေသြးေတြနဲ႔ စြမ္းအင္ေတြကို ပိုမိုေကာင္းမြန္တဲ့ ကမၻာတစ္ခုတည္ေဆာက္ ရာမွာအသံုးခ်ေနတဲ့ မ်ိဳးဆက္သစ္တစ္ရပ္ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ Chivas Regal ဟာ အဲဒီမ်ိဳးဆက္သစ္ေတြကို အဓိပၸာယ္ျပည့္၀တဲ့နည္းလမ္းေတြနဲ႔ ထိေတြ႕ဆက္ဆံၿပီး သူတို႔ေတြထဲကေန ေအာင္ျမင္တဲ့ လူမႈကူညီေရး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြ ေပၚထြက္လာေစဖို႔အတြက္ အားေပးကူညီသြားဖို႔ ဆံုးျဖတ္ထားပါတယ္။

စြန္႔ဦးတီထြင္လုပ္ငန္းတစ္ခု ေအာင္ျမင္လာၿပီးလုပ္ငန္းပမာဏႀကီးမားလာတာဟာ ေကာင္းမြန္တဲ့ကိစၥရပ္တစ္ခု ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီလိုေအာင္ျမင္လာတဲ့အခ်ိန္မွာ လုပ္ငန္းကိုခ်ဲ႕ထြင္ရတာဟာ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြအတြက္ စိန္ေခၚမႈ တစ္ရပ္ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕စီးပြားေရးလုပ္ငန္းကို ခ်ဲ႕ထြင္တဲ့အခ်ိန္မွာ အဓိကထားစဥ္းစားရမယ့္ အခ်က္ ၅ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ခိုင္မာတဲ့အေျခခံအုတ္ျမစ္တည္ေဆာက္ပါ

ပေရာဂ်က္တစ္ခုကို တစ္ႏွစ္ေလာက္ တစ္ကိုယ္တည္း၊ ဒါမွမဟုတ္ ပါတနာအနည္းငယ္ေလာက္နဲ႔ တြဲဖက္လုပ္ကိုင္ၿပီးလို႔ လုပ္ငန္းအတြက္ ရန္ပံုေငြလံုလံုေလာက္ေလာက္ရွိလာတဲ့အခါမွာ ၀န္ထမ္းအသစ္ေတြခန္႔၊ ထုတ္လုပ္မႈေတြတုိးျမႇင့္၊ ပိုက်ယ္တဲ့ ရံုးခန္းေနရာအသစ္ငွားတာေတြလုပ္ကာ ကိုယ့္လုပ္ငန္းကို လွ်င္လွ်င္ျမန္ျမန္ခ်ဲ႕ထြင္ဖို႔ စိတ္အားထက္ သန္လာေတာ့မွာပါ။ ဒါေပမဲ့ အဲဒီလိုေတြမခ်ဲ႕ထြင္ခင္မွာ ကိုယ္နဲ႔ ရည္မွန္းခ်က္တူတဲ့ အမာခံလူအနည္းငယ္ပဲျဖစ္ျဖစ္ ရရွိထားဖို႔အတြက္ အခ်ိန္ေပးရွာေဖြဖို႔လိုပါတယ္။ အထူးသျဖင့္ လူမႈစီးပြားလုပ္ငန္းမ်ိဳးေတြမွာဆိုရင္ အဲဒီလိုကိုယ္နဲ႔ ရည္မွန္းခ်က္တူတဲ့လူေတြကို ခန္႔အပ္ထားႏိုင္ဖို႔ ပိုလို႔ေတာင္ လုိအပ္ပါတယ္။

(၂) ကိုယ့္ရဲ႕အခန္းက႑ကို လႊဲေျပာင္းေပးဖို႔ အသင့္ျပင္ထားပါ

လုပ္ငန္းစတင္ခါစမွာေတာ့ ေအာက္ေျခသိမ္းကေန အေရးႀကီးဆံုးျဖတ္ခ်က္ေတြအထိ ကိုယ္တိုင္ပါ၀င္လုပ္ကိုင္ေနေပမဲ့ တျဖည္းျဖည္းလုပ္ငန္းကႀကီးမားလာတာနဲ႔အမွ် ကိုယ္တာ၀န္ယူထားတဲ့အပိုင္းေတြကို သက္ဆိုင္ရာ ကြ်မ္းက်င္သူေတြကို လႊဲေျပာင္းေပးသြားရမွာ ျဖစ္ပါတယ္။

(၃) ကတိေတြ လြယ္လြယ္၊ ျမန္ျမန္ မေပးပါနဲ႔ စြန္႔ဦးတီထြင္သူေတြဟာ

သူတို႔ရဲ႕သဘာ၀အရကိုက အေကာင္းျမင္တတ္သူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲသူတို႔ရဲ႕ စိတ္ကူး အိုင္ဒီယာေတြကို ေအာင္ျမင္မယ္လို႔ ယံုၾကည္မႈရွိၿပီးအေကာင္အထည္ေဖာ္ရဲၾကတာပါ။ ဒါေပမဲ့ လုပ္ငန္းတစ္ခုတကယ္တမ္း လည္ပတ္လုပ္ကိုင္တဲ့အခါမွာ ကိုယ္ေမွ်ာ္မွန္းထားတဲ့ ရလဒ္ေတြအတိုင္း အၿမဲတမ္းထြက္ေပၚမေနႏုိင္ပါဘူး။ ဒါေၾကာင့္ ကတိတစ္ခုခုေပးဖို႔ရွိလာတဲ့အခါ အေျခအေနေတြကို ေသခ်ာၿခံဳငံုသံုးသပ္ၿပီး ေသခ်ာတယ္ဆိုမွ ကတိေပးတဲ့အက်င့္မ်ိဳး ရွိထားသင့္ပါတယ္။

(၄) ေနာက္တစ္ဆင့္ကို ဘယ္ေလာက္ျမန္ျမန္တက္လွမ္းႏုိင္မလဲ စဥ္းစားထားပါ

ကိုယ့္လုပ္ငန္းရဲ႕ အလားအလာကို ပိုတြက္တာဟာ ၊ ပိုေမွ်ာ္မွန္းထားတာဟာ အႏၱရာယ္ရွိသလို ၊ ေလွ်ာ့တြက္ထားတာဟာ လည္း လုပ္ငန္းအတြက္မေကာင္းပါဘူး။ ဒါေၾကာင့္ ႀကံဳေတြ႕လာရတဲ့ အေျခအေနေတြေပၚကေန ကိုယ့္လုပ္ငန္းရဲ႕ အလားအလာကို မွန္မွန္ကန္ကန္ခန္႔မွန္းထားႏိုင္ဖို႔ဟာလည္း အလြန္အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ ဒါမွသာ ရံုးခန္းေနရာ ငွားတာ၊ ၀န္ထမ္းအသစ္ခန္႔အပ္တာေတြကို မွန္မွန္ကန္ကန္လုပ္ႏုိင္မွာ ျဖစ္ပါတယ္။

(၅) ကုိယ့္ရဲ႕ရည္မွန္းခ်က္လမ္းေၾကာင္းေပၚကေန ေသြဖယ္မသြားပါေစနဲ႔

လူမႈကူညီေရး စြန္႔ဦးတီထြင္လုပ္ငန္းေတြအေနနဲ႔ လုပ္ငန္းစတင္တဲ့အခ်ိန္မွာ အမ်ားအက်ိဳးနဲ႔စပ္လ်ဥ္းတဲ့ ေကာင္းမြန္တဲ့ ရည္ရြယ္ခ်က္တစ္ခုခ်မွတ္ထားေပမဲ့ လုပ္ရင္း၊ ကိုင္ရင္း ႀကံဳေတြ႕လာရတဲ့အေျခအေနေတြနဲ႔ အခြင့္အလမ္းေတြေၾကာင့္ မူလရည္ရြယ္ခ်က္ကေန ေသြဖယ္သြားတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းကို ခ်ဲ႕ထြင္တဲ့အဆင့္တိုင္းမွာ ကိုယ့္ရဲ႕ မူလရည္မွန္းခ်က္ကေန မတိမ္းေစာင္းသြားဖို႔ အာရံုစိုက္ထားရမွာ ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းနဲ႔ တီထြင္ဖန္တီးမႈေတြက ေကာင္းမြန္မႈအတြက္ အင္အားတစ္ရပ္ျဖစ္လာႏိုင္တယ္လို႔ Chivas Regal က စိတ္ထဲႏွလံုးထဲက ယံုၾကည္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု အောင်မြင်လာပြီးလုပ်ငန်းပမာဏကြီးမားလာတာဟာ ကောင်းမွန်တဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာ လုပ်ငန်းကိုချဲ့ထွင်ရတာဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်တဲ့အချိန်မှာ အဓိကထားစဉ်းစားရမယ့် အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခိုင်မာတဲ့အခြေခံအုတ်မြစ်တည်ဆောက်ပါ

ပရောဂျက်တစ်ခုကို တစ်နှစ်လောက် တစ်ကိုယ်တည်း၊ ဒါမှမဟုတ် ပါတနာအနည်းငယ်လောက်နဲ့ တွဲဖက်လုပ်ကိုင်ပြီးလို့ လုပ်ငန်းအတွက် ရန်ပုံငွေလုံလုံလောက်လောက်ရှိလာတဲ့အခါမှာ ဝန်ထမ်းအသစ်တွေခန့်၊ ထုတ်လုပ်မှုတွေတိုးမြှင့်၊ ပိုကျယ်တဲ့ ရုံးခန်းနေရာအသစ်ငှားတာတွေလုပ်ကာ ကိုယ့်လုပ်ငန်းကို လျှင်လျှင်မြန်မြန်ချဲ့ထွင်ဖို့ စိတ်အားထက် သန်လာတော့မှာပါ။ ဒါပေမဲ့ အဲဒီလိုတွေမချဲ့ထွင်ခင်မှာ ကိုယ်နဲ့ ရည်မှန်းချက်တူတဲ့ အမာခံလူအနည်းငယ်ပဲဖြစ်ဖြစ် ရရှိထားဖို့အတွက် အချိန်ပေးရှာဖွေဖို့လိုပါတယ်။ အထူးသဖြင့် လူမှုစီးပွားလုပ်ငန်းမျိုးတွေမှာဆိုရင် အဲဒီလိုကိုယ်နဲ့ ရည်မှန်းချက်တူတဲ့လူတွေကို ခန့်အပ်ထားနိုင်ဖို့ ပိုလို့တောင် လိုအပ်ပါတယ်။

(၂) ကိုယ့်ရဲ့အခန်းကဏ္ဍကို လွှဲပြောင်းပေးဖို့ အသင့်ပြင်ထားပါ

လုပ်ငန်းစတင်ခါစမှာတော့ အောက်ခြေသိမ်းကနေ အရေးကြီးဆုံးဖြတ်ချက်တွေအထိ ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေပေမဲ့ တဖြည်းဖြည်းလုပ်ငန်းကကြီးမားလာတာနဲ့အမျှ ကိုယ်တာဝန်ယူထားတဲ့အပိုင်းတွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို လွှဲပြောင်းပေးသွားရမှာ ဖြစ်ပါတယ်။

(၃) ကတိတွေ လွယ်လွယ်၊ မြန်မြန် မပေးပါနဲ့ စွန့်ဦးတီထွင်သူတွေဟာ

သူတို့ရဲ့သဘာဝအရကိုက အကောင်းမြင်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲသူတို့ရဲ့ စိတ်ကူး အိုင်ဒီယာတွေကို အောင်မြင်မယ်လို့ ယုံကြည်မှုရှိပြီးအကောင်အထည်ဖော်ရဲကြတာပါ။ ဒါပေမဲ့ လုပ်ငန်းတစ်ခုတကယ်တမ်း လည်ပတ်လုပ်ကိုင်တဲ့အခါမှာ ကိုယ်မျှော်မှန်းထားတဲ့ ရလဒ်တွေအတိုင်း အမြဲတမ်းထွက်ပေါ်မနေနိုင်ပါဘူး။ ဒါကြောင့် ကတိတစ်ခုခုပေးဖို့ရှိလာတဲ့အခါ အခြေအနေတွေကို သေချာခြုံငုံသုံးသပ်ပြီး သေချာတယ်ဆိုမှ ကတိပေးတဲ့အကျင့်မျိုး ရှိထားသင့်ပါတယ်။

(၄) နောက်တစ်ဆင့်ကို ဘယ်လောက်မြန်မြန်တက်လှမ်းနိုင်မလဲ စဉ်းစားထားပါ

ကိုယ့်လုပ်ငန်းရဲ့ အလားအလာကို ပိုတွက်တာဟာ ၊ ပိုမျှော်မှန်းထားတာဟာ အန္တရာယ်ရှိသလို ၊ လျှော့တွက်ထားတာဟာ လည်း လုပ်ငန်းအတွက်မကောင်းပါဘူး။ ဒါကြောင့် ကြုံတွေ့လာရတဲ့ အခြေအနေတွေပေါ်ကနေ ကိုယ့်လုပ်ငန်းရဲ့ အလားအလာကို မှန်မှန်ကန်ကန်ခန့်မှန်းထားနိုင်ဖို့ဟာလည်း အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါမှသာ ရုံးခန်းနေရာ ငှားတာ၊ ဝန်ထမ်းအသစ်ခန့်အပ်တာတွေကို မှန်မှန်ကန်ကန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ရဲ့ရည်မှန်းချက်လမ်းကြောင်းပေါ်ကနေ သွေဖယ်မသွားပါစေနဲ့

လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းစတင်တဲ့အချိန်မှာ အများအကျိုးနဲ့စပ်လျဉ်းတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုချမှတ်ထားပေမဲ့ လုပ်ရင်း၊ ကိုင်ရင်း ကြုံတွေ့လာရတဲ့အခြေအနေတွေနဲ့ အခွင့်အလမ်းတွေကြောင့် မူလရည်ရွယ်ချက်ကနေ သွေဖယ်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းကို ချဲ့ထွင်တဲ့အဆင့်တိုင်းမှာ ကိုယ့်ရဲ့ မူလရည်မှန်းချက်ကနေ မတိမ်းစောင်းသွားဖို့ အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက် အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top