Property Expo
×

အိမ္ေမြးတိရစာၦန္ဆုိတာ သခင္ေတြရဲ႕ စည္းစိမ္ေကာင္းက်ိဳးကို တုိက္႐ုိက္မခံစားႏုိင္ၾကေပမယ့္၊ သခင္ေတြခ်မ္းသာရင္ခ်မ္းသာသေလာက္၊ သခင္ေတြက ခ်စ္ရင္ ခ်စ္သေလာက္ ေကာင္းက်ိဳးခံစားရပါတယ္။ တစ္ခ်ိဳ႕ေသာ အိမ္ေမြးတိရစာၦန္ေတြဟာ သာမာန္လူခ်မ္းသာေတြထက္ကုိ ပုိလွ်ံတဲ့ပုိင္ဆုိင္မႈေတြ ရွိၾကပါတယ္။ ဒါကလည္း သူတုိ႔တစ္ေတြ တတယ္ခံစားခြင့္ရတဲ့ စည္းစိမ္ေတြ ဟုတ္ခ်င္မွ ဟုတ္မွာပါဘဲ။ ဥပမာအားျဖင့္ ေခြးတစ္ေကာင္ကို ဘဏ္စာရင္းဖြင့္ေပးထားလည္း သခင္က ေငြထုတ္ၿပီး သူ႕အတြက္ အသုံးအေဆာင္ေတြ ၀ယ္ေပးမွ သူ႕အတြက္ အဆင္ေျပႏုိင္တာမ်ိဳး ျဖစ္ပါတယ္။

(၁) Gunther III

ဂ်ာမဏီသန္းၾကြယ္သူေဌးမႀကီး Countess Karlotta Libenstein ဟာ 1991 ခုႏွစ္မွာ ဆုံးပါးသြားခဲ့ပါတယ္။ သူမ ဆုံးပါးခဲ့
ၿပီးေနာက္ပုိင္း သူမရဲ႕ အိမ္ေမြးေခြး Gunther III အတြက္ ေဒၚလာ သန္း(80)ကုိ စာခ်ဳပ္စာတမ္းနဲ႔တကြ ထားရွိခဲ့ပါတယ္။ အခုအခ်ိန္မွာ အဆိုပါေငြေၾကးကို ရင္းနီးျမႇဳပ္ႏွံရင္း ျပန္လည္ရရွိလာတဲ့ ေငြေၾကးဟာ ေဒၚလာ 375 သန္း ရွိမယ္လုိ႔ သိရပါတယ္။ ဒီအေမြကို Gunther III ၿပီးရင္ Gunther IV က ဆက္ခံမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

(၂) Grumpy

ေၾကာင္မေလး ဂရမ္မီဟာ နာမည္ႀကီး ေကာ္ဖီတံဆိပ္ Grumpy Cat ရဲ႕ မူပုိင္ခြင့္ပုိင္ရွင္ ျဖစ္ပါတယ္။ ဒီေၾကာင္မေလးရဲ႕
ခ်မ္းသာ ၾကြယ္၀မႈကို အတိအက် ခန္႔မွန္းဖုိ႔ ခက္ခဲ့ၿပီး ေဒၚလာတစ္သန္းမွ သန္းတစ္ရာအထိ ရွိမယ္လုိ႔ ဆုိပါတယ္။ Grumpy ရဲ႕ အင္စတာဂရမ္မွာ ပရိသတ္ တစ္သန္းေက်ာ္အထိ ရွိပါတယ္။

(၃) Toby Rimes

Toby Rimes ဆုိတဲ့ ေခြးေလးကိုေတာ့ Ella Wendel လုိ႔အမည္ရတဲ့ သန္းၾကြယ္သူေဌးမႀကီးက ပုိင္ဆုိ္င္ပါတယ္။ ဒီေခြး
ေလးဟာ ေဒၚလာ သန္း(40) အထိ ပို္င္ဆုိင္ၿပီး ေ၀ယ်၀စၥအတြက္ လူေတြ ရာခ်ီခန္႔ထားေပးတယ္လုိ႔ သိရပါတယ္။ 1931 ခုႏွစ္မွာ ပုိင္ရွင္ Ella ကြယ္လြန္ခဲ့ၿပီးေနာက္ Toby ရဲ႕ ခ်မ္းသာၾကြယ္၀မႈဟာ ေဒၚလာ သန္း (80) အထိ ရွိခဲ့တယ္လုိ႔ သိရပါတယ္။

(၄) Blackie

ဂင္းနစ္မွတ္တမ္းမွာ ကမာၻ႕အခ်မ္းသာဆုံးေၾကာင္အျဖစ္ မွတ္တမ္း၀င္ထားပါတယ္။ ၎ရဲ႕ ပုိင္ဆုိင္မႈဟာ ေဒၚလာ (13)
သန္းျဖစ္ၿပီး သူရဲ႕ သခင္ကေတာ့ ေရွးေဟာင္းလက္မႈပစၥည္းကုန္သည္ျဖစ္တဲ့ Ben Rea ျဖစ္ၿပီး 1988 ခုႏွစ္မွာ ဆုံးပါးခဲ့ပါတယ္။ Blackie ဟာ တကယ္ေတာ့ Grumpy ထက္ ခ်မ္းသာၾကြယ္၀မႈ မပုိႏုိင္ဘူးလုိ႔ ဆုိပါတယ္။

(၅) Tommaso

အီတလီ သန္းၾကြယ္ သူေဌးမႀကီး Maria Assunta ဟာ Tommaso ကုိ ေရာမၿမိဳ႕မွာ ေတြ႕ရွိခဲ့ၿပီး ေကာက္ယူေမြးစားခဲ့ပါတယ္။ သူေဌးမႀကီးကြယ္လြန္ေတာ့ Tommaso အတြက္ ေဒၚလာ (13) သန္း ထားခဲ့ၿပီး၊ ၎ကုိ ေစာင့္ေရွာက္ဖုိ႔အတြက္ Maria သက္ရွိထင္ရွားရွိစဥ္က အပါးေတာ္ၿမဲသူနာျပဳအျဖစ္ေဆာင္ရြက္ခဲ့တဲ့ Stefania ကို လႊဲခဲ့ပါတယ္။ Maria ဟာ အ
သက္ (94)ႏွစ္မွာ ကြယ္လြန္ခဲ့ၿပီး အိမ္ေထာင္က်ခဲ့ေပမယ့္ သားသမီးမထြန္းကားခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
အိမ်မွေးတိရစ္ဆာန်ဆိုတာ သခင်တွေရဲ့ စည်းစိမ်ကောင်းကျိုးကို တိုက်ရိုက်မခံစားနိုင်ကြပေမယ့်၊ သခင်တွေချမ်းသာရင်ချမ်းသာသလောက်၊ သခင်တွေက ချစ်ရင် ချစ်သလောက် ကောင်းကျိုးခံစားရပါတယ်။ တစ်ချို့သော အိမ်မွေးတိရစ္ဆာန်တွေဟာ သာမာန်လူချမ်းသာတွေထက်ကို ပိုလျှံတဲ့ပိုင်ဆိုင်မှုတွေ ရှိကြပါတယ်။ ဒါကလည်း သူတို့တစ်တွေ တတယ်ခံစားခွင့်ရတဲ့ စည်းစိမ်တွေ ဟုတ်ချင်မှ ဟုတ်မှာပါဘဲ။ ဥပမာအားဖြင့် ခွေးတစ်ကောင်ကို ဘဏ်စာရင်းဖွင့်ပေးထားလည်း သခင်က ငွေထုတ်ပြီး သူ့အတွက် အသုံးအဆောင်တွေ ဝယ်ပေးမှ သူ့အတွက် အဆင်ပြေနိုင်တာမျိုး ဖြစ်ပါတယ်။

(၁) Gunther III

ဂျာမဏီသန်းကြွယ်သူဌေးမကြီး Countess Karlotta Libenstein ဟာ 1991 ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ သူမ ဆုံးပါးခဲ့
ပြီးနောက်ပိုင်း သူမရဲ့ အိမ်မွေးခွေး Gunther III အတွက် ဒေါ်လာ သန်း(80)ကို စာချုပ်စာတမ်းနဲ့တကွ ထားရှိခဲ့ပါတယ်။ အခုအချိန်မှာ အဆိုပါငွေကြေးကို ရင်းနီးမြှုပ်နှံရင်း ပြန်လည်ရရှိလာတဲ့ ငွေကြေးဟာ ဒေါ်လာ 375 သန်း ရှိမယ်လို့ သိရပါတယ်။ ဒီအမွေကို Gunther III ပြီးရင် Gunther IV က ဆက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

(၂) Grumpy

ကြောင်မလေး ဂရမ်မီဟာ နာမည်ကြီး ကော်ဖီတံဆိပ် Grumpy Cat ရဲ့ မူပိုင်ခွင့်ပိုင်ရှင် ဖြစ်ပါတယ်။ ဒီကြောင်မလေးရဲ့
ချမ်းသာ ကြွယ်ဝမှုကို အတိအကျ ခန့်မှန်းဖို့ ခက်ခဲ့ပြီး ဒေါ်လာတစ်သန်းမှ သန်းတစ်ရာအထိ ရှိမယ်လို့ ဆိုပါတယ်။ Grumpy ရဲ့ အင်စတာဂရမ်မှာ ပရိသတ် တစ်သန်းကျော်အထိ ရှိပါတယ်။

(၃) Toby Rimes

Toby Rimes ဆိုတဲ့ ခွေးလေးကိုတော့ Ella Wendel လို့အမည်ရတဲ့ သန်းကြွယ်သူဌေးမကြီးက ပိုင်ဆိုင်ပါတယ်။ ဒီခွေး
လေးဟာ ဒေါ်လာ သန်း(40) အထိ ပိုင်ဆိုင်ပြီး ဝေယျဝစ္စအတွက် လူတွေ ရာချီခန့်ထားပေးတယ်လို့ သိရပါတယ်။ 1931 ခုနှစ်မှာ ပိုင်ရှင် Ella ကွယ်လွန်ခဲ့ပြီးနောက် Toby ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ သန်း (80) အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

(၄) Blackie

ဂင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့အချမ်းသာဆုံးကြောင်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ၎င်းရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ (13)
သန်းဖြစ်ပြီး သူရဲ့ သခင်ကတော့ ရှေးဟောင်းလက်မှုပစ္စည်းကုန်သည်ဖြစ်တဲ့ Ben Rea ဖြစ်ပြီး 1988 ခုနှစ်မှာ ဆုံးပါးခဲ့ပါတယ်။ Blackie ဟာ တကယ်တော့ Grumpy ထက် ချမ်းသာကြွယ်ဝမှု မပိုနိုင်ဘူးလို့ ဆိုပါတယ်။

(၅) Tommaso

အီတလီ သန်းကြွယ် သူဌေးမကြီး Maria Assunta ဟာ Tommaso ကို ရောမမြို့မှာ တွေ့ရှိခဲ့ပြီး ကောက်ယူမွေးစားခဲ့ပါတယ်။ သူဌေးမကြီးကွယ်လွန်တော့ Tommaso အတွက် ဒေါ်လာ (13) သန်း ထားခဲ့ပြီး၊ ၎င်းကို စောင့်ရှောက်ဖို့အတွက် Maria သက်ရှိထင်ရှားရှိစဉ်က အပါးတော်မြဲသူနာပြုအဖြစ်ဆောင်ရွက်ခဲ့တဲ့ Stefania ကို လွှဲခဲ့ပါတယ်။ Maria ဟာ အ
သက် (94)နှစ်မှာ ကွယ်လွန်ခဲ့ပြီး အိမ်ထောင်ကျခဲ့ပေမယ့် သားသမီးမထွန်းကားခဲ့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top