Kantharyar Centre
×

သူငယ္ခ်င္းေတြရယ္လို႕ျဖစ္လာရင္ေတာ့ ခ်စ္လိုက္ခင္လိုက္၊ စလိုက္ေနာက္လိုက္၊ ရန္ျဖစ္လိုက္ျပန္တည့္လိုက္နဲ႕ရွိတတ္ၾကတာပါ။ ဒါေပမဲ့ ရန္ခဏခဏျဖစ္ရလို႕ အဲဒီသူငယ္ခ်င္းက ကိုယ့္အတြက္ သူငယ္ခ်င္းေကာင္းမဟုတ္ဘူး၊ ကိုယ္နဲ႕မတည့္ဘူးလို႔ တစ္သမတ္တည္း တြက္လို႕မရပါဘူး။

၁။ စစ္မွန္တယ္

ရန္ျဖစ္တယ္ဆိုကတည္းက သူနဲ႕ကိုယ္နဲ႔အျမင္မတူတာ၊ သေဘာထားမတိုက္ဆိုင္တာအေပၚမွာ အေျခခံျပီးျဖစ္ရတာပါ။ အဲလိုျဖစ္တယ္ဆိုမွေတာ့ သူက သူ႕အျမင္ကို အမွန္အတုိင္း ပြင့္ပြင့္လင္းလင္းေျပာလို႕ေပါ့။ သူ႕စိတ္ရင္းအစစ္အမွန္နဲ႕ ကိုယ့္ကိုေပါင္းတာျဖစ္တဲ့အတြက္ ရန္ျဖစ္တာေတာင္မွ သူက ဘာမွဟန္မေဆာင္ထားေလာက္ဘူးလို႕ တြက္လို႕ရႏုိင္ပါတယ္။

၂။ ေပ်ာ္ရတယ္

ရန္ျဖစ္တိုင္း စိတ္ညစ္ရတယ္လို႕ တရားေသတြက္လို႕မရပါဘူး။ စလိုက္ေနာက္လိုက္နဲ႕ ရန္ျဖစ္တတ္ၾကတဲ့ သူငယ္ခ်င္းမ်ိဳးေတြလည္း တစ္ပံုတစ္ပင္ၾကီးပါ။

၃။ ပိုၿပီးခ်စ္ခင္ရင္းႏွီးလာ

ရန္ျဖစ္ျပီးလို႕ သူကကိုယ့္ကိုေခ်ာ့လို႕ပဲျဖစ္ျဖစ္၊ ကိုယ္ကသူ႕ကိုအေလွ်ာ့ျပန္ေပးလိုက္လို႕ပဲျဖစ္ျဖစ္ ျပန္အဆင္ေျပသြားရင္ ပီတိျဖစ္ရတာေတာ့ေသခ်ာပါတယ္။ တစ္ခါတေလမွာ အဲလိုျပန္အဆင္ေျပသြားကာမွ ပိုျပီးအခ်စ္ေတြတိုးသြားတဲ့ သူငယ္ခ်င္းေတြလည္းရွိပါေသးတယ္။

၄။ အမွတ္တရ

နီးတက်က္က်က္ ေ၀းတသက္သက္ဆိုတဲ့စကားရွိပါတယ္။ ဘာမဟုတ္တာေလးနဲ႕ ရန္ျဖစ္လိုက္ ျပန္တည့္လိုက္ျဖစ္ရတဲ့သူငယ္ခ်င္းေတြမွာ ျဖစ္ပ်က္ခဲ့တဲ့အရာေတြကို အမွတ္တရသတိရေနရတဲ့အခိုက္အတန္႕ေလးေတြလည္းရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

သူငယ်ချင်းတွေရယ်လို့ဖြစ်လာရင်တော့ ချစ်လိုက်ခင်လိုက်၊ စလိုက်နောက်လိုက်၊ ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့ရှိတတ်ကြတာပါ။ ဒါပေမဲ့ ရန်ခဏခဏဖြစ်ရလို့ အဲဒီသူငယ်ချင်းက ကိုယ့်အတွက် သူငယ်ချင်းကောင်းမဟုတ်ဘူး၊ ကိုယ်နဲ့မတည့်ဘူးလို့ တစ်သမတ်တည်း တွက်လို့မရပါဘူး။

၁။ စစ်မှန်တယ်

ရန်ဖြစ်တယ်ဆိုကတည်းက သူနဲ့ကိုယ်နဲ့အမြင်မတူတာ၊ သဘောထားမတိုက်ဆိုင်တာအပေါ်မှာ အခြေခံပြီးဖြစ်ရတာပါ။ အဲလိုဖြစ်တယ်ဆိုမှတော့ သူက သူ့အမြင်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောလို့ပေါ့။ သူ့စိတ်ရင်းအစစ်အမှန်နဲ့ ကိုယ့်ကိုပေါင်းတာဖြစ်တဲ့အတွက် ရန်ဖြစ်တာတောင်မှ သူက ဘာမှဟန်မဆောင်ထားလောက်ဘူးလို့ တွက်လို့ရနိုင်ပါတယ်။

၂။ ပျော်ရတယ်

ရန်ဖြစ်တိုင်း စိတ်ညစ်ရတယ်လို့ တရားသေတွက်လို့မရပါဘူး။ စလိုက်နောက်လိုက်နဲ့ ရန်ဖြစ်တတ်ကြတဲ့ သူငယ်ချင်းမျိုးတွေလည်း တစ်ပုံတစ်ပင်ကြီးပါ။

၃။ ပိုပြီးချစ်ခင်ရင်းနှီးလာ

ရန်ဖြစ်ပြီးလို့ သူကကိုယ့်ကိုချော့လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကသူ့ကိုအလျှော့ပြန်ပေးလိုက်လို့ပဲဖြစ်ဖြစ် ပြန်အဆင်ပြေသွားရင် ပီတိဖြစ်ရတာတော့သေချာပါတယ်။ တစ်ခါတလေမှာ အဲလိုပြန်အဆင်ပြေသွားကာမှ ပိုပြီးအချစ်တွေတိုးသွားတဲ့ သူငယ်ချင်းတွေလည်းရှိပါသေးတယ်။

၄။ အမှတ်တရ

နီးတကျက်ကျက် ဝေးတသက်သက်ဆိုတဲ့စကားရှိပါတယ်။ ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်လိုက် ပြန်တည့်လိုက်ဖြစ်ရတဲ့သူငယ်ချင်းတွေမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှတ်တရသတိရနေရတဲ့အခိုက်အတန့်လေးတွေလည်းရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top