Property Expo
×

ၾကက္သားတစ္ပိႆာ လွ်င္ ၄,၀၀၀ က်ပ္ခန္႔ျဖင့္ ရပ္ကြက္ေစ်းမ်ားတြင္ ႏို၀င္ဘာမွစတင္၍ အေအးခန္းယာဥ္မ်ားျဖင့္ လိုက္လံေရာင္းခ်ေပးရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္း အဖြဲ႕ခ်ဳပ္မွ သတင္းရရွိသည္။

လက္ရွိေစ်းကြက္တြင္ ၾကက္သားတစ္ပိႆာလွ်င္ ၆,၀၀၀ က်ပ္ခန္႔ရွိေန၍ ေစ်းႏႈန္းႀကီးျမင့္ေနမႈကို ေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ စားသံုးသူမ်ား ေစ်းသက္သာေစရန္ ရည္ရြယ္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း အ သားတိုးၾကက္ ထုတ္လုပ္ေမြးျမဴ ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ေဒါက္တာ ေက်ာ္၀င္းက ေျပာ သည္။

‘‘အစုစပ္ကုမၸဏီေထာင္ၿပီး လုပ္မယ့္ အစီအစဥ္ပါ။ ၾကက္ေမြး ျမဴသူေတြေရာ၊ ေရာင္းခ်သူေတြ ေရာ ဘယ္သူမဆိုပါလို႔ရပါတယ္။ စားသံုးသူေတြအတြက္ ေစ်းႏႈန္း သက္သာဖို႔ပါ’’ဟု အသားတိုး ၾကက္ထုတ္လုပ္ေမြးျမဴေရာင္းခ် သူမ်ားအသင္းဥကၠ႒ ေဒါက္တာ ေက်ာ္၀င္းက ေျပာသည္။

အေအးခန္းယာဥ္ႏွစ္စီးျဖင့္ ၾကက္သားမ်ားလိုက္လံေရာင္းခ် မည့္အစီအစဥ္ကို မႏၲေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဇန္န၀ါရီက စတင္လုပ္ ေဆာင္ခဲ့ရာ ေအာင္ျမင္ေနေၾကာင္းChicken King ကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာ ေက်ာ္ထင္က ေျပာသည္။

‘‘ကြၽန္ေတာ္တို႔က ေရမထိုး ဘူး။ အေလးခ်ိန္လည္း မွန္တယ္။ အေအးခန္းရွိၿပီး အေအးခန္းကား ေတြနဲ႔ လုပ္ေနတာဆိုေတာ့ ထိုက္ သင့္တဲ့ ကုန္က်စရိတ္ရွိတယ္။ အသားခ်ည္းပဲ သီးသန္႔ဆိုရင္ အ ေရာက္ပို႔ ၄,၄၀၀ က်ပ္ပါ’’ ဟု ေဒါက္တာ ေက်ာ္ထင္က ေျပာ ၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီး ၀န္ ႀကီးခ်ဳပ္က ၾကက္သားတစ္ပိႆာ လွ်င္ ၃,၅၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးရန္ ျပည္ပမွ ေအးခဲၾကက္သားမ်ား တင္သြင္းမည့္အစီအစဥ္ကို ေမြး ျမဴေရးလုပ္ငန္းရွင္မ်ားက ၀ိုင္း၀န္းကန္႔ကြက္သျဖင့္ ပ်က္သြားခဲ့သည္။‘‘ကြၽန္ေတာ္တို႔က မႏၲေလး မွာေရာ၊ ရန္ကုန္မွာပါ ၾကက္သား ေစ်းကြက္တစ္ခုလံုးကို မလႊမ္းၿခံဳ ႏိုင္လို႔ လက္ရွိေရာင္းေနတဲ့ ၾကက္ သားသည္ေတြကိုေရာ ၾကက္ေမြး ျမဴေရးနဲ႔ဆိုင္တဲ့ သူေတြကိုေရာ မထိခိုက္ႏိုင္ပါဘူး’’ဟု ျမန္မာႏိုင္ငံေမြးျမဴေရးလုပ္ငန္း အဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကြက်သားတစ်ပိဿာ လျှင် ၄,၀၀၀ ကျပ်ခန့်ဖြင့် ရပ်ကွက်ဈေးများတွင် နိုဝင်ဘာမှစတင်၍ အအေးခန်းယာဉ်များဖြင့် လိုက်လံရောင်းချပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။

လက်ရှိဈေးကွက်တွင် ကြက်သားတစ်ပိဿာလျှင် ၆,၀၀၀ ကျပ်ခန့်ရှိနေ၍ ဈေးနှုန်းကြီးမြင့်နေမှုကို လျှော့ချနိုင်ရန်နှင့် စားသုံးသူများ ဈေးသက်သာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အ သားတိုးကြက် ထုတ်လုပ်မွေးမြူ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်ဝင်းက ပြော သည်။

‘‘အစုစပ်ကုမ္ပဏီထောင်ပြီး လုပ်မယ့် အစီအစဉ်ပါ။ ကြက်မွေး မြူသူတွေရော၊ ရောင်းချသူတွေ ရော ဘယ်သူမဆိုပါလို့ရပါတယ်။ စားသုံးသူတွေအတွက် ဈေးနှုန်း သက်သာဖို့ပါ’’ဟု အသားတိုး ကြက်ထုတ်လုပ်မွေးမြူရောင်းချ သူများအသင်းဥက္ကဋ္ဌ ဒေါက်တာ ကျော်ဝင်းက ပြောသည်။

အအေးခန်းယာဉ်နှစ်စီးဖြင့် ကြက်သားများလိုက်လံရောင်းချ မည့်အစီအစဉ်ကို မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီက စတင်လုပ် ဆောင်ခဲ့ရာ အောင်မြင်နေကြောင်းChicken King ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ကျော်ထင်က ပြောသည်။

‘‘ကျွန်တော်တို့က ရေမထိုး ဘူး။ အလေးချိန်လည်း မှန်တယ်။ အအေးခန်းရှိပြီး အအေးခန်းကား တွေနဲ့ လုပ်နေတာဆိုတော့ ထိုက် သင့်တဲ့ ကုန်ကျစရိတ်ရှိတယ်။ အသားချည်းပဲ သီးသန့်ဆိုရင် အ ရောက်ပို့ ၄,၄၀၀ ကျပ်ပါ’’ ဟု ဒေါက်တာ ကျော်ထင်က ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်က ကြက်သားတစ်ပိဿာ လျှင် ၃,၅၀၀ ကျပ်ဖြင့် ရောင်းချပေးရန် ပြည်ပမှ အေးခဲကြက်သားများ တင်သွင်းမည့်အစီအစဉ်ကို မွေး မြူရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းကန့်ကွက်သဖြင့် ပျက်သွားခဲ့သည်။‘‘ကျွန်တော်တို့က မန္တလေး မှာရော၊ ရန်ကုန်မှာပါ ကြက်သား ဈေးကွက်တစ်ခုလုံးကို မလွှမ်းခြုံ နိုင်လို့ လက်ရှိရောင်းနေတဲ့ ကြက် သားသည်တွေကိုရော ကြက်မွေး မြူရေးနဲ့ဆိုင်တဲ့ သူတွေကိုရော မထိခိုက်နိုင်ပါဘူး’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top