Property Expo
×





သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်အားနာတတ်တယ်စကားပြောရင်လည်း သူများနားလည်အောင်ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်



❤အင်္ဂါ❤

Credit:HîtThîtSãr ᠌᠌᠌

#Unicode Version
အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့
အင်မတန်မှာ ဒေါသကြီးတဲ့နေ့နာမ်တွေဖြစ်ကြတယ်
မဟုတ်ရင်မခံချင်ကြဘူး
ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်ကပူညံပူညံနဲ့ရေရွတ်နေတတ်ကြတယ်

လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ်
ဝတ္တရားပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ်

မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်
တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့
တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ်

အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်
ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါ
အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်

အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်
တခါတရံ ကိုယ့်ကိုယ်ပင်ချီးမွန်းတတ်တယ်
သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး

အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ
အေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ
တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ်

ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက်
ကို့အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့်မကြည့်တတ်ကြဘူး

အင်္ဂါတွေဟာတိရိစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်

အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင်
သူငယ်ချင်းတွေကို သို့မဟုတ်
မိသားစုထဲကလူတစ်ယောက်ယောက်ကို
ပြန်လည်ပီးပြောပြချင်တတ်ကြတယ်

ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ
တော်ရုံနဲ့မမေ့တတ်ကြဘူး သို့ပေမဲ့
မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်

သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်
အားနာတတ်တယ်
်စကားပြောရင်လည်း သူများနားလည်အောင်
ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်

အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာအင်္ဂါပါပဲ

သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ
တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာအင်္ဂါပါ *****

❤အင်္ဂါ❤
အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်
ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့
သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး 💓💓💓


ဖိုးသူတော် (www.phothutaw.com)
Credit:HîtThîtSãr ᠌᠌᠌
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top