Kantharyar Centre
×

ၿဗိတိန္ႏိုင္ငံ၊ ဘ႐ိုက္တန္ၿမိဳ႕က အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ အတူေနခ်စ္သူကို ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးလို႔ ေထာင္က်သြားပါတယ္။

ႏိုက္ဂ်ီးရီးယားႏြယ္ဖြား ဂ်မစ္ အူစမန္ဟာ သူ႔ရဲ႕ခ်စ္သူကို ေရတစ္ခြက္ေပးဖုိ႔ ေျပာခဲ့ရာမွာ ခ်စ္သူက နားမေထာင္ခဲဲ့လို႔ မီးဖိုေခ်ာင္သံုး ဓားတစ္လက္နဲ႔ အခ်က္ေပါင္း ၁၀၀ ေက်ာ္ ထိုးခဲ့တာပါ။ ဓားနဲ႔ထိုးခ်ိန္မွာ အသက္ ၂ ႏွစ္အ႐ြယ္ သူတုိ႔ရဲ႕ကေလးငယ္လည္း ႐ွိေနခဲ့ပါတယ္။  အသက္္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီးဟာ ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ အထိုးခံရၿပီးေနာက္ ေသဟန္ေဆာင္ခဲ့လို႔ အသက္ေဘးကလြတ္ေျမာက္ခဲ့ပါတယ္။

အိမ္နီးခ်င္းေတြက ေၾကာက္လန္႔ၿပီး ဂဏွာမၿငိမ္ျဖစ္ေနတဲ့ကေလးကို ေတြ႔ရာကေန ေသြးအိုင္ထဲလဲဲေနတဲ့ အမ်ိဳးသမီးကိုပါေတြ႔႐ွိသြားၿပီး အေရးေပၚကားကို ဖုန္းဆက္ေခၚေပးခဲ့ၾကလို႔လည္း အသက္႐ွင္ခြင့္ရခဲ့တာပါ။ သူမရဲ႕ဒဏ္ရာေတြက အဆုတ္ကို ထိခိုက္သြားေစခဲ့ပါတယ္။ ဆရာဝန္ေတြက သူမကို ခ်ဳပ္႐ိုးအခ်က္ေပါင္း ၅၀၀ ေလာက္ ခ်ဳပ္ေပးခဲ့ရၿပီး အေတာ္ေလးကံေကာင္းသူလို႔ ဆုိေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Dwuwn

#Unicode Version

ဗြိတိန်နိုင်ငံ၊ ဘရိုက်တန်မြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အတူနေချစ်သူကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးလို့ ထောင်ကျသွားပါတယ်။

နိုက်ဂျီးရီးယားနွယ်ဖွား ဂျမစ် အူစမန်ဟာ သူ့ရဲ့ချစ်သူကို ရေတစ်ခွက်ပေးဖို့ ပြောခဲ့ရာမှာ ချစ်သူက နားမထောင်ခဲ့လို့ မီးဖိုချောင်သုံး ဓားတစ်လက်နဲ့ အချက်ပေါင်း ၁၀၀ ကျော် ထိုးခဲ့တာပါ။ ဓားနဲ့ထိုးချိန်မှာ အသက် ၂ နှစ်အရွယ် သူတို့ရဲ့ကလေးငယ်လည်း ရှိနေခဲ့ပါတယ်။  အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုးခံရပြီးနောက် သေဟန်ဆောင်ခဲ့လို့ အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။

အိမ်နီးချင်းတွေက ကြောက်လန့်ပြီး ဂဏှာမငြိမ်ဖြစ်နေတဲ့ကလေးကို တွေ့ရာကနေ သွေးအိုင်ထဲလဲနေတဲ့ အမျိုးသမီးကိုပါတွေ့ရှိသွားပြီး အရေးပေါ်ကားကို ဖုန်းဆက်ခေါ်ပေးခဲ့ကြလို့လည်း အသက်ရှင်ခွင့်ရခဲ့တာပါ။ သူမရဲ့ဒဏ်ရာတွေက အဆုတ်ကို ထိခိုက်သွားစေခဲ့ပါတယ်။ ဆရာဝန်တွေက သူမကို ချုပ်ရိုးအချက်ပေါင်း ၅၀၀ လောက် ချုပ်ပေးခဲ့ရပြီး အတော်လေးကံကောင်းသူလို့ ဆိုနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Dwuwn
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top