Kantharyar Centre
×

ဆန္းလင္းေအာင္၊ ခိုင္ေဇာ္ဦး၊ ခ်စ္္ရင္ထူး၊ ေနလင္းထြန္းတုိ႔ကို သက္ေသခံပစၥည္းႏွင့္အတူ ေတြ႕ရစဥ္ (ဓာတ္ပံု − Yangon Police)

 လႈိင္သာယာၿမိဳ႕နယ္ န၀ေဒးအိမ္ရာအနီး ညဥ့္သန္းေခါင္ေက်ာ္တြင္ မသကၤာသူေလးဦးကုိ ေတြ႕ရွိရ၍ လွည့္ကင္းတာ၀န္ ေဆာင္ရြက္ေနေသာ ရဲတပ္ဖြဲ႕၀င္မ်ားက စစ္ေဆးေမးျမန္းစဥ္ ရဲတပ္ဖြဲ႕၀င္တစ္ဦးကို ဓားျဖင့္ထုိးသျဖင့္ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။


ဓားျဖင့္ထုိးကာ ထြက္ေျပးခဲ့ သည့္ အသက္(၃၂)ႏွစ္အရြယ္ ဆန္းလင္းေအာင္သည္ ေရေျမာင္းအတြင္း ပုန္းေအာင္းေန၍ အငွားယာဥ္ေမာင္းမ်ားႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ားက ပူးေပါင္းရွာေဖြဖမ္းဆီးခဲ့ေၾကာင္း လႈိင္သာယာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘သူတုိ႔ေလးေယာက္ကို မသကၤာလုိ႔ ေခၚစစ္ေနတုန္း ဆန္း လင္းေအာင္က ဓားနဲ႔ထုိးတယ္။ က်န္တဲ့သူေတြကေတာ့ န၀ေဒး အိမ္ရာ၀င္းထဲ ၀င္ေျပးတယ္။ အိမ္ရာထဲက လုံၿခံဳေရးေတြနဲ႔ ရဲ ေတြေပါင္းဖမ္းတာ သုံးေယာက္မိ တယ္။ ဓားနဲ႔ထုိးတဲ့တစ္ေယာက္ က ပုန္းေနလုိ႔ ေလးနာရီေလာက္ မွာမိပါတယ္’’ဟု န၀ေဒးအိမ္ရာမွ လုံၿခံဳေရး၀န္ထမ္းတစ္ဦးကေျပာ သည္။

ဓားျဖင့္အထုိးခံရသည့္ အ သက္(၂၅)ႏွစ္အရြယ္ ဒုတပ္ၾကပ္ရဲသီဟသည္ ရင္ၫြန္႔တြင္ ဓားဒဏ္ရာရရွိခဲ့၍ အင္းစိန္ေဆး႐ုံႀကီးသို႔ တင္ပုိ႔ကုသစဥ္ စက္တင္ဘာ ၈ရက္ နံနက္ ၉ နာရီေက်ာ္၌ ေသဆုံးခဲ့ေၾကာင္း လႈိင္သာယာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ေသဆုံးသြားတဲ့ ဒုတပ္ၾကပ္ မွာ ထုိးသြင္းဒဏ္ရာတစ္ခ်က္ပဲ ရ ပါတယ္။ ရရွိထားတဲ့ ဒဏ္ရာနဲ႔ပဲ အင္းစိန္ေဆး႐ုံမွာ ဒီမနက္ ေသ ဆုံးသြားပါတယ္။ ဖမ္းဆီးရမိထား တဲ့သူေတြကိုလည္း စစ္ေဆးေနပါ ၿပီ။ သက္ေသခံဓားကုိလည္းသိမ္း မိခဲ့ပါတယ္’’ဟု ၎ကေျပာသည္။

ဖမ္းဆီးရမိခဲ့သည့္ အသက္ (၂၀)အရြယ္ ဟန္ရွင္း(ခ)ခ်စ္ရင္ထူး၊ အသက္(၃၁)ႏွစ္အရြယ္ ေနလင္းထြန္း၊ အသက္(၂၁)ႏွစ္အရြယ္ ခုိင္ေဇာ္ဦးႏွင့္ အသက္ (၃၂)ႏွစ္အရြယ္ ဆန္းလင္းေအာင္တုိ႔ကို လႈိင္သာယာၿမိဳ႕မရဲစခန္းက လူသတ္မႈ၊ အားေပးကူညီမႈ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရ သည္။

၂၀၁၅ စက္တင္္ဘာ ၂ ရက္ကလည္း သန္လ်င္ၿမိဳ႕နယ္ရွိ သဘာ၀အလွတည္းခုိခန္းတြင္ လာေရာက္တည္းခုိေနသည့္ တရားခံေျပး တင္ျမင့္(၄၇)ႏွစ္ကို သြားေရာက္္ဖမ္းဆီးစဥ္ တရားခံေျပးက ဓားျဖင့္ ျပန္လည္ခုခံခဲ့ျခင္း ေၾကာင့္ ရဲအုပ္တစ္ဦးႏွင့္ ရဲတပ္ ၾကပ္တစ္ဦးတို႔ ေသဆုံးခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆန်းလင်းအောင်၊ ခိုင်ဇော်ဦး၊ ချစ်ရင်ထူး၊ နေလင်းထွန်းတို့ကို သက်သေခံပစ္စည်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police)

 လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာအနီး ညဥ့်သန်းခေါင်ကျော်တွင် မသင်္ကာသူလေးဦးကို တွေ့ရှိရ၍ လှည့်ကင်းတာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ သည့် အသက်(၃၂)နှစ်အရွယ် ဆန်းလင်းအောင်သည် ရေမြောင်းအတွင်း ပုန်းအောင်းနေ၍ အငှားယာဉ်မောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘သူတို့လေးယောက်ကို မသင်္ကာလို့ ခေါ်စစ်နေတုန်း ဆန်း လင်းအောင်က ဓားနဲ့ထိုးတယ်။ ကျန်တဲ့သူတွေကတော့ နဝဒေး အိမ်ရာဝင်းထဲ ဝင်ပြေးတယ်။ အိမ်ရာထဲက လုံခြုံရေးတွေနဲ့ ရဲ တွေပေါင်းဖမ်းတာ သုံးယောက်မိ တယ်။ ဓားနဲ့ထိုးတဲ့တစ်ယောက် က ပုန်းနေလို့ လေးနာရီလောက် မှာမိပါတယ်’’ဟု နဝဒေးအိမ်ရာမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြော သည်။

ဓားဖြင့်အထိုးခံရသည့် အ သက်(၂၅)နှစ်အရွယ် ဒုတပ်ကြပ်ရဲသီဟသည် ရင်ညွန့်တွင် ဓားဒဏ်ရာရရှိခဲ့၍ အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် စက်တင်ဘာ ၈ရက် နံနက် ၉ နာရီကျော်၌ သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေဆုံးသွားတဲ့ ဒုတပ်ကြပ် မှာ ထိုးသွင်းဒဏ်ရာတစ်ချက်ပဲ ရ ပါတယ်။ ရရှိထားတဲ့ ဒဏ်ရာနဲ့ပဲ အင်းစိန်ဆေးရုံမှာ ဒီမနက် သေ ဆုံးသွားပါတယ်။ ဖမ်းဆီးရမိထား တဲ့သူတွေကိုလည်း စစ်ဆေးနေပါ ပြီ။ သက်သေခံဓားကိုလည်းသိမ်း မိခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိခဲ့သည့် အသက် (၂၀)အရွယ် ဟန်ရှင်း(ခ)ချစ်ရင်ထူး၊ အသက်(၃၁)နှစ်အရွယ် နေလင်းထွန်း၊ အသက်(၂၁)နှစ်အရွယ် ခိုင်ဇော်ဦးနှင့် အသက် (၃၂)နှစ်အရွယ် ဆန်းလင်းအောင်တို့ကို လှိုင်သာယာမြို့မရဲစခန်းက လူသတ်မှု၊ အားပေးကူညီမှု ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

၂၀၁၅ စက်တင်ဘာ ၂ ရက်ကလည်း သန်လျင်မြို့နယ်ရှိ သဘာဝအလှတည်းခိုခန်းတွင် လာရောက်တည်းခိုနေသည့် တရားခံပြေး တင်မြင့်(၄၇)နှစ်ကို သွားရောက်ဖမ်းဆီးစဉ် တရားခံပြေးက ဓားဖြင့် ပြန်လည်ခုခံခဲ့ခြင်း ကြောင့် ရဲအုပ်တစ်ဦးနှင့် ရဲတပ် ကြပ်တစ်ဦးတို့ သေဆုံးခဲ့ရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top