ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

လူေတြဟာ လက္ရွိအေျခအေနထက္ ပိုမိုအနားယူဖို႔ လိုအပ္ေနတယ္လို႔  သုေတသနတစ္ခုက ေဖာ္ျပပါတယ္။ သုေတသနဟာ ကမာၻ႕ႏိုင္ငံ ၁၃၄ ႏုိင္ငံမွ လူေပါင္း ၁၈၀၀၀ ေက်ာ္ကို ျပဳလုပ္ခဲ့တာျဖစ္ျပီး သုေတသနမွာပါဝင္သူ သံုးပံုႏွစ္ပံုေလာက္က လူေတြဟာ လက္ရွိထက္ အနားယူဖို႔ ပိုလိုအပ္တယ္လို႔ ေျပာၾကားၾကပါတယ္။ သံုးပံုတစ္ပံုကေတာ့ သာမန္လူေတြထက္ သူတို႔က အနားယူဖို႔ ပိုလိုအပ္တယ္လို႔ ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

အဆုိပါ ေတြ႕ရွိခ်က္က  ပံုမွန္ယူဆထားတဲ့ ပ်င္းရိမႈနဲ႔ အနားယူမႈၾကားက အျမင္အယူအဆေတြကို ေခ်ဖ်က္လိုက္တယ္လို႔ သုေတသနကို ဦးေဆာင္ခဲ့သူ ဖီလီစီတီကဲလာ့က ေျပာၾကားထားပါတယ္။ သုေတသနကို Durham တကၠသိုလ္က ျပဳလုပ္ခဲ့တာျဖစ္ျပီး BBC Radio 4 အစီစဥ္မွာ တင္ျပခဲ့တာျဖစ္ပါတယ္။ အနားယူမႈဟာ အိပ္စက္ျခင္းလို မဟုတ္ဘဲ ရုပ္ပိုင္းဆုိင္ရာ၊ စိတ္ပိုင္းဆိုင္ရာ စတဲ့ အခ်က္အလက္ေတြပါဝင္ဖြဲ႕စည္းထားတာ ျဖစ္တယ္လို႔လည္း သုေတသနက ေဖာ္ျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူတွေဟာ လက်ရှိအခြေအနေထက် ပိုမိုအနားယူဖို့ လိုအပ်နေတယ်လို့  သုတေသနတစ်ခုက ဖော်ပြပါတယ်။ သုတေသနဟာ ကမ္ဘာ့နိုင်ငံ ၁၃၄ နိုင်ငံမှ လူပေါင်း ၁၈၀၀၀ ကျော်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး သုတေသနမှာပါဝင်သူ သုံးပုံနှစ်ပုံလောက်က လူတွေဟာ လက်ရှိထက် အနားယူဖို့ ပိုလိုအပ်တယ်လို့ ပြောကြားကြပါတယ်။ သုံးပုံတစ်ပုံကတော့ သာမန်လူတွေထက် သူတို့က အနားယူဖို့ ပိုလိုအပ်တယ်လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ တွေ့ရှိချက်က  ပုံမှန်ယူဆထားတဲ့ ပျင်းရိမှုနဲ့ အနားယူမှုကြားက အမြင်အယူအဆတွေကို ချေဖျက်လိုက်တယ်လို့ သုတေသနကို ဦးဆောင်ခဲ့သူ ဖီလီစီတီကဲလာ့က ပြောကြားထားပါတယ်။ သုတေသနကို Durham တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး BBC Radio 4 အစီစဉ်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ အနားယူမှုဟာ အိပ်စက်ခြင်းလို မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စတဲ့ အချက်အလက်တွေပါဝင်ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်း သုတေသနက ဖော်ပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top