Kantharyar Centre
×




Credit: 7 day daily

#Unicode Version

၁၅ နှစ်အရွယ်လူငယ်တစ်ဦးက အငှားယာဉ်မောင်းကို ဓားထောက်လုယက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

လှိုင်သာယာ မီးခွက်ဈေးနားမှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် ဇော်ဇော်မောင်ဆိုသူဟာ မယ်လမုဘုရားကနေ မြောက်ဒဂုံ ၄၄ မှတ်တိုင်ကို ကားငှားပြီး ဆင်းမယ့်မှတ်တိုင်နားရောက်တဲ့အခါ ဓားထောက်လုပေမဲ့ ကားသမားက ဓားကိုပြန်လုပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ယာဉ်မောင်းဟာ လက်မှာ  ပြတ်ရှဒဏ်ရာရပြီး မြောက်ဥက္ကလာပဆေးရုံကို တက်ရောက်ကုသနေရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း ရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဇော်ဇော်မောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top