Property Expo
×

 ယေန႔ေခတ္တြင္ ဘ၀အေျခအေနႏွင့္ အလုပ္တို႔၌ ႀကံဳေတြ႕ရ ေသာ ဖိအားမ်ားေၾကာင့္ စိတ္ဖိစီးမႈျမင့္မားကာ လူတစ္ေယာက္၏ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစႏိုင္သည္။ စိတ္ဖိစီးမႈခံစားေနရပါက ခႏၶာကိုယ္၏ သက္သာေပ်ာက္ကင္းႏိုင္မႈ စြမ္းအင္ေလ်ာ့နည္းသြား သျဖင့္ ေသြးတိုးေရာဂါျဖစ္ျခင္းႏွင့္ ကိုယ္ခံအားမေကာင္းျခင္းမ်ားကဲ့ သို႔ ႐ႈပ္ေထြးမႈအမ်ားအျပား ျဖစ္ေပၚလာႏိုင္သည္။


ယေန႔ေခတ္တြင္ လူငယ္မ်ားလည္း ႏွလံုးေရာဂါ ျဖစ္ပြားေလ့ ရွိလာေသာေၾကာင့္ က်န္းက်န္းမာမာ ေနထိုင္ရန္ႏွင့္ အႏၲရာယ္ရွိ ေသာ အခ်က္မ်ားကို နားလည္ထားျခင္းျဖင့္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ် ရန္ အလြန္အေရးႀကီးသည္။

ႏွလံုးက်န္းမာေရးအတြက္ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ ပါ။ ေဆးလိပ္ေသာက္သူမ်ားသည္ ေဆးလိပ္မေသာက္သူမ်ားထက္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ ႏွစ္ဆပိုမ်ားၿပီး အသက္(၁၅)ႏွစ္မွ (၂၅)ႏွစ္ အထိ အသက္တိုႏိုင္သည္။ ေဆးလိပ္ေသာက္သံုးမႈ ရပ္လိုက္ပါက ႏွလံုးေရာဂါ ျဖစ္ႏိုင္သည့္ အႏၲရာယ္မ်ား စတင္ေလ်ာ့က်လာမည္ ျဖစ္သည္။ ဆားအလြန္အကြၽံ စားသံုးမႈေၾကာင့္ ေသြးတုိးႏိုင္ၿပီး ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါမ်ား ျဖစ္လာႏိုင္သည္။

လတ္ဆတ္ေသာ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ား သ ဘာ၀ဆန္၊ ဂ်ံဳ၊ ပဲ၊ ေျပာင္းတို႔ကဲ့သို႔ အစားအစာမ်ားကို ဟန္ခ်က္ညီ စြာ စားေသာက္ရန္လိုသည္။

အရက္အလြန္အကြၽံေသာက္ျခင္းေၾကာင့္ ႏွလံုးႂကြက္သားမ်ား ကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး ေသြးတုိးႏိုင္ကာ ကိုယ္အေလးခ်ိန္ ပို မ်ားလာႏိုင္သည္။ ထို႔ေၾကာင့္ အရက္ေသာက္သံုးမႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်သင့္သည္။

တစ္ေန႔လွ်င္ မိနစ္ ၃၀ အနည္းဆံုး ကိုယ္လက္လႈပ္ရွားမႈ ျပဳ လုပ္ပါ။ ႀကံ႕ခိုင္မႈျပည့္၀ေနျခင္းေၾကာင့္ ႏွလံုးအတြက္သာ အက်ိဳး ရွိသည္မဟုတ္ဘဲ စိတ္ႏွင့္ကိုယ္ က်န္းမာေရးကိုလည္း တိုးတက္လာ ေစႏုိင္သည္။

ေသြးေပါင္၊ ေသြးထဲသၾကားဓာတ္ႏွင့္ ကိုလက္စထေရာ ပါ၀င္ မႈတုိ႔ကို ေစာင့္ၾကည့္တုိင္းတာပါ။ ေသြးထဲတြင္ ကိုလက္စထေရာ မ်ား အနည္ထိုင္လာျခင္းသည္ ဘ၀၏ ပထမဆံုးဆယ္စုႏွစ္တြင္ စတင္ျဖစ္ေပၚေသာေၾကာင့္ ခႏၶာကိုယ္အလယ္ပိုင္းတြင္ ကိုယ္အ ေလးခ်ိန္ ပိုမ်ားမလာေအာင္ ဂ႐ုစိုက္သင့္သည္။

စိတ္ဖိစီးမႈ ခံစားေနရပါက အစားအေသာက္ ေသခ်ာစား ေသာက္ျခင္းမရွိ ျဖစ္လာႏိုင္ၿပီး ေဆးလိပ္ႏွင့္အရက္ ပိုေသာက္လာ ႏိုင္သည္။ ယင္းမွာ ႏွလံုးေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္မ်ားကို ျမင့္ တက္ေစႏိုင္သျဖင့္ စိတ္ဖိစီးမႈ ကင္းေ၀းေအာင္ တရားထိုင္ျခင္း၊ ခရီးထြက္ျခင္းတို႔ ျပဳလုပ္သင့္သည္။

အကယ္၍ မိမိ၏ ေဆြမ်ိဳးတစ္ဦးဦးသည္ ေဆးလိပ္ေသာက္ ျခင္း၊ ေသြးေပါင္ျမင့္မားလြန္းျခင္း၊ ကိုလက္စထေရာ ပါ၀င္မႈ ျမင့္ မားျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ မရွိျခင္း၊ အ၀လြန္ျခင္းႏွင့္ ဆီးခ်ိဳ ေရာဂါတို႔ေၾကာင့္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ က်ေရာက္ေနပါက သင္လည္း အႏၲရာယ္ရွိလာႏိုင္သည္။

ေပ်ာ္ရႊင္စြာရယ္ေမာျခင္းသည္ စိတ္ဖိစီးမႈမ်ား ေလွ်ာ့ခ်ရန္ အ ေကာင္းဆံုးနည္းလမ္းျဖစ္ၿပီး ေပါ့ေပါ့ပါးပါး ျဖစ္သြားေစႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ယနေ့ခေတ်တွင် ဘဝအခြေအနေနှင့် အလုပ်တို့၌ ကြုံတွေ့ရ သော ဖိအားများကြောင့် စိတ်ဖိစီးမှုမြင့်မားကာ လူတစ်ယောက်၏ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ စိတ်ဖိစီးမှုခံစားနေရပါက ခန္ဓာကိုယ်၏ သက်သာပျောက်ကင်းနိုင်မှု စွမ်းအင်လျော့နည်းသွား သဖြင့် သွေးတိုးရောဂါဖြစ်ခြင်းနှင့် ကိုယ်ခံအားမကောင်းခြင်းများကဲ့ သို့ ရှုပ်ထွေးမှုအများအပြား ဖြစ်ပေါ်လာနိုင်သည်။


ယနေ့ခေတ်တွင် လူငယ်များလည်း နှလုံးရောဂါ ဖြစ်ပွားလေ့ ရှိလာသောကြောင့် ကျန်းကျန်းမာမာ နေထိုင်ရန်နှင့် အန္တရာယ်ရှိ သော အချက်များကို နားလည်ထားခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချ ရန် အလွန်အရေးကြီးသည်။

နှလုံးကျန်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကို ရှောင် ပါ။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး အသက်(၁၅)နှစ်မှ (၂၅)နှစ် အထိ အသက်တိုနိုင်သည်။ ဆေးလိပ်သောက်သုံးမှု ရပ်လိုက်ပါက နှလုံးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်များ စတင်လျော့ကျလာမည် ဖြစ်သည်။ ဆားအလွန်အကျွံ စားသုံးမှုကြောင့် သွေးတိုးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်လာနိုင်သည်။

လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ သ ဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကဲ့သို့ အစားအစာများကို ဟန်ချက်ညီ စွာ စားသောက်ရန်လိုသည်။

အရက်အလွန်အကျွံသောက်ခြင်းကြောင့် နှလုံးကြွက်သားများ ကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွေးတိုးနိုင်ကာ ကိုယ်အလေးချိန် ပို များလာနိုင်သည်။ ထို့ကြောင့် အရက်သောက်သုံးမှုကို တတ်နိုင်သမျှ လျှော့ချသင့်သည်။

တစ်နေ့လျှင် မိနစ် ၃၀ အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု ပြု လုပ်ပါ။ ကြံ့ခိုင်မှုပြည့်ဝနေခြင်းကြောင့် နှလုံးအတွက်သာ အကျိုး ရှိသည်မဟုတ်ဘဲ စိတ်နှင့်ကိုယ် ကျန်းမာရေးကိုလည်း တိုးတက်လာ စေနိုင်သည်။

သွေးပေါင်၊ သွေးထဲသကြားဓာတ်နှင့် ကိုလက်စထရော ပါဝင် မှုတို့ကို စောင့်ကြည့်တိုင်းတာပါ။ သွေးထဲတွင် ကိုလက်စထရော များ အနည်ထိုင်လာခြင်းသည် ဘဝ၏ ပထမဆုံးဆယ်စုနှစ်တွင် စတင်ဖြစ်ပေါ်သောကြောင့် ခန္ဓာကိုယ်အလယ်ပိုင်းတွင် ကိုယ်အ လေးချိန် ပိုများမလာအောင် ဂရုစိုက်သင့်သည်။

စိတ်ဖိစီးမှု ခံစားနေရပါက အစားအသောက် သေချာစား သောက်ခြင်းမရှိ ဖြစ်လာနိုင်ပြီး ဆေးလိပ်နှင့်အရက် ပိုသောက်လာ နိုင်သည်။ ယင်းမှာ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်များကို မြင့် တက်စေနိုင်သဖြင့် စိတ်ဖိစီးမှု ကင်းဝေးအောင် တရားထိုင်ခြင်း၊ ခရီးထွက်ခြင်းတို့ ပြုလုပ်သင့်သည်။

အကယ်၍ မိမိ၏ ဆွေမျိုးတစ်ဦးဦးသည် ဆေးလိပ်သောက် ခြင်း၊ သွေးပေါင်မြင့်မားလွန်းခြင်း၊ ကိုလက်စထရော ပါဝင်မှု မြင့် မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချို ရောဂါတို့ကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ကျရောက်နေပါက သင်လည်း အန္တရာယ်ရှိလာနိုင်သည်။

ပျော်ရွှင်စွာရယ်မောခြင်းသည် စိတ်ဖိစီးမှုများ လျှော့ချရန် အ ကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားစေနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top