Property Expo
×

မႏၱေလးျမိဳ႕ေတာ္ စည္ပင္သာယာ နယ္နိမိတ္အတြင္း ယာဥ္မရပ္ရေနရာမ်ားတြင္ စည္းကမ္းမဲ့ ရပ္နားသည့္ ယာဥ္မ်ားကို ေသာ့ခတ္၍ ေျပစာျဖတ္ပိုင္းျဖင့္ အေရးယူ ရန္ ပညာေပးမွဳမ်ား လုပ္ေဆာင္ျပီး အေရးယူမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

အဆိုပါေသာ့ျဖင့္ ေမာ္ေတာ္ယာဥ္မ်ား၏ ဘီးမ်ားတြင္ ေသာ့ခတ္ကာ စတစ္ကာကပ္ျခင္း၊ ဓါတ္ပံုမွတ္တမ္းတင္ ျခင္းမ်ားျပဳလုပ္ျပီ ေျပစာျဖတ္ပိုင္းေပးမည္ျဖစ္သည္ဟု ဆိုသည္။

“စည္းကမ္းလိုက္နာေစခ်င္ပါ။ အရင္ကတည္းက ဒီနည္းလမ္းကိုဥ္းစားထားျပိးၿဖစ္ပါတယ္။စည္းကမ္းမဲ့ ရပ္ထားရင္ေသာ့ခတ္လိုက္မယ္။အေရးယူမွဳကပညာ ေပးကာလျပီးရင္ စတင္မွာပါ။”ဟုျမိဳ႕ေတာ္စည္ပင္ တဲြဖက္အတြင္းေရးမွဴးဦးသ္နိဳင္ထြန္းက ေျပာသည္။

မႏၱေလးျမိဳ႕၏ အဓိကလမ္းမၾကီးမ်ားတြင္ ဦးစားေပး လုပ္ေဆာင္မွာျဖစ္ျပီးအမ်ားျပည္သူအားအသိပညာေပး ျခင္းနွင့္သတင္းစာမွႀကိဳတင္အသိေပးမည္ျဖစ္ေၾကာင္း၊ယခုကဲ့သို႔ ေသာ့ခတ္ျခင္းသည္မႏၱေလးျမိဳ႕ေတာ္စည ္ပင္မွစတင္ျခင္းျဖစ္ေၾကာင္းသိရသည္။

“မရပ္ရေနရာမွာ ကားသံုးစီးေလာက္ေတြ႔ရင္တိုးထရပ္ နဲ႔ဆိုေတာ့ က်န္တဲ့ကားေတြကေမာင္းထြက္သြားမွာ။တစ္စီးပဲအေရးယူလို႔ရမယ္။တခါတည္း ေျပစာျဖတ ္မွာလား၊စည္ပင္တရားရံုးတင္မွာလားကေလာေလာ ဆယ္မသိရေသးဘူး။”ဟုဆက္လက္ေျပာျပသည္။

အဆိုပါ စည္းကမ္းမဲ့ ယာဥ္ရပ္နားမွဳကို အေရးယူ ေသာ့ခတ္ရန္အေရအတြက္ ၅၀-ခန္႔ ခန္႔မွန္းထားျပိး ပစၥည္းေရာက္ရွိျပီးေနာက္စတင္အေကာင္အထည္ ေဖၚသြားမည္ျဖစ္ေၾကာင္း၊လက္ရွိတိုးထရပ္နွင့္အေရး ယူရာ၌တစ္လလ်င္၁၀-စိးခန္႔ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mandalay News

#Unicode Version
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနေရာများတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို သော့ခတ်၍ ပြေစာဖြတ်ပိုင်းဖြင့် အရေးယူ ရန် ပညာပေးမှုများ လုပ်ဆောင်ပြီး အရေးယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါသော့ဖြင့် မော်တော်ယာဉ်များ၏ ဘီးများတွင် သော့ခတ်ကာ စတစ်ကာကပ်ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင် ခြင်းများပြုလုပ်ပြီ ပြေစာဖြတ်ပိုင်းပေးမည်ဖြစ်သည်ဟု ဆိုသည်။

“စည်းကမ်းလိုက်နာစေချင်ပါ။ အရင်ကတည်းက ဒီနည်းလမ်းကိုဉ်းစားထားပြိးဖြစ်ပါတယ်။စည်းကမ်းမဲ့ ရပ်ထားရင်သော့ခတ်လိုက်မယ်။အရေးယူမှုကပညာ ပေးကာလပြီးရင် စတင်မှာပါ။”ဟုမြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူးဦးသ်နိုင်ထွန်းက ပြောသည်။

မန္တလေးမြို့၏ အဓိကလမ်းမကြီးများတွင် ဦးစားပေး လုပ်ဆောင်မှာဖြစ်ပြီးအများပြည်သူအားအသိပညာပေး ခြင်းနှင့်သတင်းစာမှကြိုတင်အသိပေးမည်ဖြစ်ကြောင်း၊ယခုကဲ့သို့ သော့ခတ်ခြင်းသည်မန္တလေးမြို့တော်စည ်ပင်မှစတင်ခြင်းဖြစ်ကြောင်းသိရသည်။

“မရပ်ရနေရာမှာ ကားသုံးစီးလောက်တွေ့ရင်တိုးထရပ် နဲ့ဆိုတော့ ကျန်တဲ့ကားတွေကမောင်းထွက်သွားမှာ။တစ်စီးပဲအရေးယူလို့ရမယ်။တခါတည်း ပြေစာဖြတ ်မှာလား၊စည်ပင်တရားရုံးတင်မှာလားကလောလော ဆယ်မသိရသေးဘူး။”ဟုဆက်လက်ပြောပြသည်။

အဆိုပါ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုကို အရေးယူ သော့ခတ်ရန်အရေအတွက် ၅၀-ခန့် ခန့်မှန်းထားပြိး ပစ္စည်းရောက်ရှိပြီးနောက်စတင်အကောင်အထည် ဖေါ်သွားမည်ဖြစ်ကြောင်း၊လက်ရှိတိုးထရပ်နှင့်အရေး ယူရာ၌တစ်လလျင်၁၀-စိးခန့်ရှိကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mandalay News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top