စက္တင္ဘာလ ၁ ရက္ ၂၀၁၆
သ်ွမ္းျပည္ေတာင္ပိုင္း
လြိဳင္လင္ၿမိဳ႕နယ္ မိုင္းပြန္ၿမိဳ႕ တြင္ ေသနတ္သမား တဦးက ေနအိမ္တအခုအတြင္း
၀င္ေရာက္ပစ္ခတ္သျဖင့္ လင္မယား နွစ္ဦးက်ည္ဆံထိမွန္ကာ အမ်ဳိးသားျဖစ္သူက
ေနအိမ္အတြင္း ပြဲခ်င္းၿပီးေသဆံုးသြားသည္ဟုသိရသည္။
စက္တင္ဘာ ၁ ရက္ေန့
ညေန ၄ နာရီက မိုင္းပြန္ၿမိဳ့ အမွတ္ ၅ ရပ္ ကြက္ ေခၚ ေစ်းတန္းရပ္
ေရဆံုလမ္းရွိ တရုတ္လူမ်ဳိးအိမ္တအိမ္အား အနက္ေရာင္ ဗီဂိုကားျဖင့္
ေသနတ္သမားတဦးက ၀င္ေရာက္ပစ္ခတ္ရာ အိမ္ရွင္ ဦးအိုက္ျမင့္ နွင့္ မယဥ္ေမ
တို့လင္မယား က်ည္ ၅ ခ်က္ ထိမွန္ကာ ဦးအုိက္ျမင့္မွာ ေနရာတြင္ပင္
ပြဲခ်င္းၿပီးေသဆံုးသြားသည္။ ေသနတ္သမားက နားခိုင္းေက်းရြာဘက္
ကားေမာင္းထြက္ေျပးကာ လြတ္ေျမာက္သြားသည္ဟု သိရပါသည္။
“
သူ႔မိန္းမေတာ့ေျပာတယ္ အသိထဲကလူဘဲ ၊ မိုင္းကိုင္ဘက္က လာတယ္တဲ့။
ဘယ္သူဆိုတာေတာ့ မသိေသး ဘူး။ သူတို႔အခ်င္းခ်င္းေနာက္ေၾကာင္း တခုခုရွိ
မယ္ထင္တယ္။ ဘာအလုပ္လုပ္ခဲ့လဲမသိေတာ့မသိဘူး ” ဟု ေစ်းကုန္းရပ္ေန ဦးယန္ရွင္း
ကေျပာသည္။
ဦးအိုက္ျမင့္ ေခၚ လီ့က်န္းမဲန္႕ အသက္ ၅၅ ႏွစ္မွာ ညာဖက္
ပိုက္တြင္ တခ်က္ထိၿပီး ေဒၚယဥ္ေမ ေခၚ ေဒၚအားလ်ဲန္ အသက္ ၅၁ ႏွစ္မွာ ညာဖက္
တင္ပါးဆံုတြင္ ေသနတ္သံုးခ်က္ ထိမွန္ေၾကာင္း သိရွိရသည္။
“
က်ေနာ္တို႔ဘက္မွာေတာ့ စစ္ေဆးတုန္းဆိုေတာ့ ဘယ္သူဆိုတာေတာ့ မသိေသးဘူး၊
သူ႔ေယာက်ာ္းအေလာင္းေကာ၊ သူ႔မိန္းမေကာ လြယ္လင္ေ ဆးရံုကို ပို႕လိုက္ၿပီ။
ကုသဖို့။ မိုင္းပြန္မွာ ရင္ခြဲရံုမရွိေတာ့ ေသဆံုးတဲ့သူလဲ ဟိုကို
ပို့လိုက္တယ္ေလ။ ထပ္စစ္ေဆးရဦးမယ္ ဆိုေတာ့ ။ ခုေဆးကုသခံေန ရတယ္” ဟု
တာ၀န္ရွိသူ ရဲစခန္းကေျပာသည္။
အဆိုပါျဖစ္ပြားမႈကို မိုင္းပြန္ၿမိဳ႕
ရဲစခန္းက လူ႔အသက္ကိုေသေၾကေစသည့္အမႈ ပုဒ္မ ၃၀၇ ႏွင့္ အမႈ႕ဖြင့္ထားေၾကာင္း၊
ဥကၠဌကိုယ္တိုင္ ရဲတပ္ဖြဲ့အားေခၚယူၿပီး ဗီဂိုကားနွင့္ေသနတ္သမားတုိ့ေနာက္
လိုက္ေသးေၾကာင္း၊ ပစ္သတ္မွုမျဖစ္ ပြားခင္ အဆိုပါ ေသနတ္သမား က ၄င္းတို့နွင့္
လာေရာက္ေတြ့ဆံု စကားေျပာေ နေသးေၾကာင္း၊ အေခ်အတင္စကားမ်ားရာမွ ကားသမားက
ေသနတ္ သြားယူလားျပီး ပစ္ခတ္ေၾကာင္း သိရွိရသည္။ ပစ္ခတ္ခံရသည့္ ဦးအိုက္ျမင့္
နွင့္ ေဒၚယဥ္ေမ တုိ့တြင္ သားသမီး ၄ ဦးရွိ ရွိရာ အသက္ ၁၈ နွစ္အရြယ္
၄င္းတို့၏ သမီးျဖစ္သူ ေရွ႕ေမွာက္တြင္ ပစ္ခတ္မွဳျပဳသြားျခင္းျဖစ္ေၾကာင္း
အသိုင္းအ၀ိုင္းမ်ားက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Panglong(Burmese)
#Unicode Version
စက်တင်ဘာလ ၁ ရက် ၂၀၁၆
သျှမ်းပြည်တောင်ပိုင်း
လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ တွင် သေနတ်သမား တဦးက နေအိမ်တအခုအတွင်း
ဝင်ရောက်ပစ်ခတ်သဖြင့် လင်မယား နှစ်ဦးကျည်ဆံထိမှန်ကာ အမျိုးသားဖြစ်သူက
နေအိမ်အတွင်း ပွဲချင်းပြီးသေဆုံးသွားသည်ဟုသိရသည်။
စက်တင်ဘာ ၁ ရက်နေ့
ညနေ ၄ နာရီက မိုင်းပွန်မြို့ အမှတ် ၅ ရပ် ကွက် ခေါ် ဈေးတန်းရပ်
ရေဆုံလမ်းရှိ တရုတ်လူမျိုးအိမ်တအိမ်အား အနက်ရောင် ဗီဂိုကားဖြင့်
သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ရာ အိမ်ရှင် ဦးအိုက်မြင့် နှင့် မယဉ်မေ
တို့လင်မယား ကျည် ၅ ချက် ထိမှန်ကာ ဦးအိုက်မြင့်မှာ နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားသည်။ သေနတ်သမားက နားခိုင်းကျေးရွာဘက်
ကားမောင်းထွက်ပြေးကာ လွတ်မြောက်သွားသည်ဟု သိရပါသည်။
“
သူ့မိန်းမတော့ပြောတယ် အသိထဲကလူဘဲ ၊ မိုင်းကိုင်ဘက်က လာတယ်တဲ့။
ဘယ်သူဆိုတာတော့ မသိသေး ဘူး။ သူတို့အချင်းချင်းနောက်ကြောင်း တခုခုရှိ
မယ်ထင်တယ်။ ဘာအလုပ်လုပ်ခဲ့လဲမသိတော့မသိဘူး ” ဟု ဈေးကုန်းရပ်နေ ဦးယန်ရှင်း
ကပြောသည်။
ဦးအိုက်မြင့် ခေါ် လီ့ကျန်းမဲန့် အသက် ၅၅ နှစ်မှာ ညာဖက်
ပိုက်တွင် တချက်ထိပြီး ဒေါ်ယဉ်မေ ခေါ် ဒေါ်အားလျဲန် အသက် ၅၁ နှစ်မှာ ညာဖက်
တင်ပါးဆုံတွင် သေနတ်သုံးချက် ထိမှန်ကြောင်း သိရှိရသည်။
“
ကျနော်တို့ဘက်မှာတော့ စစ်ဆေးတုန်းဆိုတော့ ဘယ်သူဆိုတာတော့ မသိသေးဘူး၊
သူ့ယောကျာ်းအလောင်းကော၊ သူ့မိန်းမကော လွယ်လင်ေ ဆးရုံကို ပို့လိုက်ပြီ။
ကုသဖို့။ မိုင်းပွန်မှာ ရင်ခွဲရုံမရှိတော့ သေဆုံးတဲ့သူလဲ ဟိုကို
ပို့လိုက်တယ်လေ။ ထပ်စစ်ဆေးရဦးမယ် ဆိုတော့ ။ ခုဆေးကုသခံနေ ရတယ်” ဟု
တာဝန်ရှိသူ ရဲစခန်းကပြောသည်။
အဆိုပါဖြစ်ပွားမှုကို မိုင်းပွန်မြို့
ရဲစခန်းက လူ့အသက်ကိုသေကြေစေသည့်အမှု ပုဒ်မ ၃၀၇ နှင့် အမှု့ဖွင့်ထားကြောင်း၊
ဥက္ကဌကိုယ်တိုင် ရဲတပ်ဖွဲ့အားခေါ်ယူပြီး ဗီဂိုကားနှင့်သေနတ်သမားတို့နောက်
လိုက်သေးကြောင်း၊ ပစ်သတ်မှုမဖြစ် ပွားခင် အဆိုပါ သေနတ်သမား က ၎င်းတို့နှင့်
လာရောက်တွေ့ဆုံ စကားပြောေ နသေးကြောင်း၊ အချေအတင်စကားများရာမှ ကားသမားက
သေနတ် သွားယူလားပြီး ပစ်ခတ်ကြောင်း သိရှိရသည်။ ပစ်ခတ်ခံရသည့် ဦးအိုက်မြင့်
နှင့် ဒေါ်ယဉ်မေ တို့တွင် သားသမီး ၄ ဦးရှိ ရှိရာ အသက် ၁၈ နှစ်အရွယ်
၎င်းတို့၏ သမီးဖြစ်သူ ရှေ့မှောက်တွင် ပစ်ခတ်မှုပြုသွားခြင်းဖြစ်ကြောင်း
အသိုင်းအဝိုင်းများက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Panglong(Burmese)