Kantharyar Centre
×

မိခင္ေမတၱာဟာ ဘယ္ေလာက္ႀကီးမားတယ္ဆိုတာ တ႐ုတ္ႏုိင္ငံမွာ ေနထိုင္တဲ့ ဇူယာလင္းဆုိသူ အမ်ိဳးသမီးက သက္ေသျပလ်က္ရွိပါတယ္။

အသက္ ၄၇ ႏွစ္အ႐ြယ္ ဇူယာလင္းဆိုတဲ့ အမ်ိဳးသမီးက တ႐ုတ္ႏုိင္ငံ ေျမာက္ပိုင္း ဟီဘိုင္ျပည္နယ္မွာ ေနထိုင္သူ ျဖစ္ပါတယ္။ သူမရဲ႕ သားျဖစ္သူဟာ ခ်စ္သူေကာင္မေလးနဲ႔ မဂၤလာေဆာင္ဖို႔အတြက္ အလုပ္လုပ္ၿပီး ပိုက္ဆံစုေနသူပါ။ သားျဖစ္သူရဲ႕ မဂၤလာစရိတ္ကို အလုပ္လုပ္ၿပီး ကူရွာေပးဖို႔ ဇူ တစ္ေယာက္ဆံုးျဖတ္လိုက္ပါတယ္။

အဲဒီေနာက္ ေဆာက္လုပ္ေရးလုပ္ငန္းေတြထဲက ပင္ပန္းခက္ခဲတဲ့ သံခ်ည္၊ သံေကြး အလုပ္ေတြကို သူမဝင္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။ ဒီလုပ္ငန္းခြင္ဟာ အမ်ိဳးသားေတြေတာင္ ပင္ပန္းတဲ့ အလုပ္ျဖစ္တာေၾကာင့္ ဝင္ေရာက္လုပ္ကိုင္သူ အမ်ိဳးသမီးအလုပ္သမား ရွားပါးေလ့ရွိပါတယ္။ ဇူရဲ႕ အဓိကအလုပ္က အေဆာက္အဦေဆာက္ဖို႔ ဆင္ထားတဲ့ သံေခ်ာင္းေတြကို သံမဏိႀကိဳးေတြနဲ႔ လိုက္လံ ခ်ည္ေႏွာင္ရတာ ျဖစ္ပါတယ္။

တစ္ရက္ကို ဇူက ဒီလိုခ်ည္ေႏွာင္မႈေပါင္း ၄၀၀ ေက်ာ္ေလာက္ လုပ္ႏုိင္တယ္လို႔ ဆိုပါတယ္။ လုပ္အားခအေနနဲ႔ ဇူဟာ တစ္ရက္ကို ယြမ္ေငြ ၁၉၀ (ျမန္မာေငြသံုးေသာင္းဝန္းက်င္) ရရွိပါတယ္။ သူမရဲ႕ သားျဖစ္သူ ေပးရမယ့္ မဂၤလာသတို႔သမီး လက္ဖြဲ႔ဟာ ယြမ္ေငြ ၆၆၀၀၀ ေလာက္ရွိၿပီး ျမန္မာေငြ သိန္းတစ္ရာေက်ာ္ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။ ဒီေငြပမာဏရဖို႔ သူတို႔သားအမိ ႏွစ္ဦးလံုး ေန႔စဥ္ အလုပ္ႀကိဳးႀကိဳးစားစား လုပ္ၾကတယ္လို႔ဆိုပါတယ္။
Source : China+

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
မိခင်မေတ္တာဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ဇူယာလင်းဆိုသူ အမျိုးသမီးက သက်သေပြလျက်ရှိပါတယ်။



အသက် ၄၇ နှစ်အရွယ် ဇူယာလင်းဆိုတဲ့ အမျိုးသမီးက တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘိုင်ပြည်နယ်မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူဟာ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့အတွက် အလုပ်လုပ်ပြီး ပိုက်ဆံစုနေသူပါ။ သားဖြစ်သူရဲ့ မင်္ဂလာစရိတ်ကို အလုပ်လုပ်ပြီး ကူရှာပေးဖို့ ဇူ တစ်ယောက်ဆုံးဖြတ်လိုက်ပါတယ်။



အဲဒီနောက် ဆောက်လုပ်ရေးလုပ်ငန်းတွေထဲက ပင်ပန်းခက်ခဲတဲ့ သံချည်၊ သံကွေး အလုပ်တွေကို သူမဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းခွင်ဟာ အမျိုးသားတွေတောင် ပင်ပန်းတဲ့ အလုပ်ဖြစ်တာကြောင့် ဝင်ရောက်လုပ်ကိုင်သူ အမျိုးသမီးအလုပ်သမား ရှားပါးလေ့ရှိပါတယ်။ ဇူရဲ့ အဓိကအလုပ်က အဆောက်အဦဆောက်ဖို့ ဆင်ထားတဲ့ သံချောင်းတွေကို သံမဏိကြိုးတွေနဲ့ လိုက်လံ ချည်နှောင်ရတာ ဖြစ်ပါတယ်။



တစ်ရက်ကို ဇူက ဒီလိုချည်နှောင်မှုပေါင်း ၄၀၀ ကျော်လောက် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ လုပ်အားခအနေနဲ့ ဇူဟာ တစ်ရက်ကို ယွမ်ငွေ ၁၉၀ (မြန်မာငွေသုံးသောင်းဝန်းကျင်) ရရှိပါတယ်။ သူမရဲ့ သားဖြစ်သူ ပေးရမယ့် မင်္ဂလာသတို့သမီး လက်ဖွဲ့ဟာ ယွမ်ငွေ ၆၆၀၀၀ လောက်ရှိပြီး မြန်မာငွေ သိန်းတစ်ရာကျော်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီငွေပမာဏရဖို့ သူတို့သားအမိ နှစ်ဦးလုံး နေ့စဉ် အလုပ်ကြိုးကြိုးစားစား လုပ်ကြတယ်လို့ဆိုပါတယ်။

Source : China+



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top