Property Expo
×

အသက္ ဘယ္ေလာက္ရွိၿပီလဲ၊ဟုတ္ရဲ႕လားအဲ့ေလာက္ရွိတာ၊တကယ္မထင္ရဘူးအရြယ္တင္လိုက္တာ၊ ႏုလိုက္တာ… စသျဖင့္ အဲဒီလိုစကားေလးေတြကို မႏွစ္သက္တဲ့သူရွိမယ္မထင္ပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ကိုႏုတယ္၊ အရြယ္ တင္တယ္အေျပာခံရတာ တကယ္စိတ္ခ်မ္းသာစရာေကာင္းလို႔ပါပဲ။အခု Shwemomပရိသတ္ႀကီးကို အဲဒီလိုလက္ရွိ ကိုယ္ရဲ႕အသက္ထက္ ငယ္ရြယ္ႏုပ်ိဳတဲ့ ရုပ္ရည္ပိုင္ဆိုင္ႏိုင္မယ့္ က်န္းမာေရးနည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးလိုက္ ပါတယ္။
(၁)ကိုယ့္ကိုယ္ကိုယ္ခ်စ္ျမတ္ႏိုးပါ

“စိတ္ပ်ဳိ ကိုယ္ႏု” ဆိုတဲ့စကားကိုရင္းႏွီးၾကမွာပါ။ကိုယ္ကိုယ္ကုိယ္ အသက္ႀကီးေနၿပီ၊လုပ္ရကိုင္ရတာ ဘာမွအဆင္ မေျပေတာ့ဘူးဆိုၿပီးစိတ္ညစ္ေနမယ့္အစားကိုယ္လုပ္ႏိုင္ေသးတဲ့အရာမွန္သမွ်အေကာင္းဆံုးႀကိဳးစားေဆာင္ရြက္မယ္ဆိုတဲ့စိတ္ထားဖို႔လိုပါတယ္။ဒါ့အျပင္ ဇရာကို ယံုၾကည္မႈရွိရွိနဲ႔အံတုႏိုင္ဖို႔ သင့္တင့္တဲ့အလွအပျပင္ဆင္မႈ၊လိုက္ဖက္ၿပီးလန္းဆန္း တက္ၾကြမႈရွိေစမယ့္ ၀တ္စားဆင္ယင္မႈကို ေရြးခ်ယ္ပါ။အေကာင္းျမင္စိတ္နဲပ ကိုယ့္ကိုယ္ကိုယ္ခ်စ္ျမတ္ႏိုးျခင္းက အရြယ္ တင္ႏုပ်ိဳေစမွာေသခ်ာပါတယ္။

(၂)အေကာင္းျမင္စိတ္ေမြးျမဴပါ

အသက္ႀကီးလာတဲ့အခါခႏၶာကိုယ္က်န္းမာေရးအတြက္အစားအေသာက္မ်ားကို ဆင္ျခင္စားသံုးလာျဖစ္သလို စိတ္ခြန္ အားျဖစ္ေစဖို႔အတြက္လည္း အေကာင္းျမင္စိတ္နဲ႔လူငယ္တစ္ေယာက္လိုအရာရာကိုနားလည္ၿပီးေလ့လာလို စိတ္ေတြ ရွိဖို႔လည္းလိုအပ္တယ္လို႔ စင္ကာပူသုေတသီေတြကအႀကံျပဳထားပါတယ္။ဘာျဖစ္လုိ႔လဲဆိုေတာ့ ဦးေႏွာက္ရဲ႕ သိျမင္ႏိုင္ မႈဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈကို အၿမဲတမ္းလႈံ႕ေဆာ္ေပးဖို႔အေရးႀကီးတဲ့အတြက္ေၾကာင့္လို႔ဆိုပါတယ္။

(၃)သီခ်င္းဆိုပါ

သင့္ရဲ႕အသံက ပါရမီရွင္တစ္ေယာက္လုိမေကာင္းႏိုင္ေပမယ့္ ေပါင္းသင္းဆက္ဆံေရးမွာလိုက္ေလ်ာညီေထြျဖစ္ေစၿပီး သီခ်င္းဆိုျခင္းေၾကာင့္ သင့္ရဲ႕အသက္ရွဴႏႈန္း ထြက္သက္၀င္သက္ကိုေကာင္းမြန္ေစတဲ့အတြက္ သက္ေတာင့္သက္သာျဖစ္ မႈကိုခံစားရေစမွာပါ။

(၄)အိပ္ခ်ိန္လံုေလာက္ပါေစ

သင့္အေနနဲ႔ လက္ရွိအသက္ထက္ ႏုပ်ိဳတဲ့ရုပ္ရည္ကိုပိုင္ဆိုင္ခ်င္ရင္ အလြယ္ဆံုးနဲ႔အကုန္အက်အသက္သာ ဆံုးနည္းလမ္း ကေတာ့ အိပ္ခ်ိန္လံုလံုေလာက္ေလာက္သတ္မွတ္ထားဖို႔ပါပဲ။အိပ္စက္ျခင္းက သင့္ရဲ႕ခႏၶာကိုယ္နဲ႔ ဦးေႏွာ္က္ရဲ႕လုပ္ ငန္းေဆာင္ရြက္မႈေတြမွ်တေကာင္းမြန္ေစဖို႔ အေရးႀကီးဆံုးအခ်က္ျဖစ္ပါတယ္။အသက္အရြယ္ရလာတာနဲ႔အမွ် အိပ္ခ်ိန္ဟာ အနည္းဆံုး၈နာရီခန္႔ရွိသင့္တယ္လို႔လည္း စစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

(၅)လက္ရွိဘ၀ကိုလက္ခံပါ

ဟားဗက္တကၠသိုလ္ကသုေတသနပညာရွင္ေတြရဲ႕ေလ့လာမႈမွာ လူေတြရဲ႕ခႏၶာကိုယ္မွာရွိတဲ့ အာရံုခံအေၾကာထံုးေလးေတြ က အေရျပားတင္းရင္းမႈကိုအေထာက္အပံ့ေပးေနၿပီးသင့္အေနနဲ႔ေတြ႕ႀကံဳခံစားရတဲ့အေျခအေနကိုလိုက္ေလ်ာ ညီေထြျဖစ္ေအာင္မတုန္႔ျပန္ႏိုင္ရင္ အဲဒီအာရံုခံအေၾကာထံုးေလးေတြဟာ အသားအေရတင္းရင္းမႈကိုထိခိုက္ၿပီးအေရး အေၾကာင္းေတြျဖစ္ေပၚေစပါတယ္။ဒါေၾကာင့္သင့္ရဲ႕လက္ရွိဘ၀ကိုအရွိအတိုင္းလက္ခံသင့္သလို ေျပာင္းလဲလို႔မရတဲ့အေျခအေနေတြကိုလိုက္ေလာ်ညီေထြျဖစ္ေအာင္ေနသင့္တယ္လို႔ သုေတသီေတြက တိုက္တြန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
အသက် ဘယ်လောက်ရှိပြီလဲ၊ဟုတ်ရဲ့လားအဲ့လောက်ရှိတာ၊တကယ်မထင်ရဘူးအရွယ်တင်လိုက်တာ၊ နုလိုက်တာ… စသဖြင့် အဲဒီလိုစကားလေးတွေကို မနှစ်သက်တဲ့သူရှိမယ်မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုနုတယ်၊ အရွယ် တင်တယ်အပြောခံရတာ တကယ်စိတ်ချမ်းသာစရာကောင်းလို့ပါပဲ။အခု Shwemomပရိသတ်ကြီးကို အဲဒီလိုလက်ရှိ ကိုယ်ရဲ့အသက်ထက် ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်ပိုင်ဆိုင်နိုင်မယ့် ကျန်းမာရေးနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက် ပါတယ်။
(၁)ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးပါ

“စိတ်ပျို ကိုယ်နု” ဆိုတဲ့စကားကိုရင်းနှီးကြမှာပါ။ကိုယ်ကိုယ်ကိုယ် အသက်ကြီးနေပြီ၊လုပ်ရကိုင်ရတာ ဘာမှအဆင် မပြေတော့ဘူးဆိုပြီးစိတ်ညစ်နေမယ့်အစားကိုယ်လုပ်နိုင်သေးတဲ့အရာမှန်သမျှအကောင်းဆုံးကြိုးစားဆောင်ရွက်မယ်ဆိုတဲ့စိတ်ထားဖို့လိုပါတယ်။ဒါ့အပြင် ဇရာကို ယုံကြည်မှုရှိရှိနဲ့အံတုနိုင်ဖို့ သင့်တင့်တဲ့အလှအပပြင်ဆင်မှု၊လိုက်ဖက်ပြီးလန်းဆန်း တက်ကြွမှုရှိစေမယ့် ဝတ်စားဆင်ယင်မှုကို ရွေးချယ်ပါ။အကောင်းမြင်စိတ်နဲပ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အရွယ် တင်နုပျိုစေမှာသေချာပါတယ်။

(၂)အကောင်းမြင်စိတ်မွေးမြူပါ

အသက်ကြီးလာတဲ့အခါခန္ဓာကိုယ်ကျန်းမာရေးအတွက်အစားအသောက်များကို ဆင်ခြင်စားသုံးလာဖြစ်သလို စိတ်ခွန် အားဖြစ်စေဖို့အတွက်လည်း အကောင်းမြင်စိတ်နဲ့လူငယ်တစ်ယောက်လိုအရာရာကိုနားလည်ပြီးလေ့လာလို စိတ်တွေ ရှိဖို့လည်းလိုအပ်တယ်လို့ စင်ကာပူသုတေသီတွေကအကြံပြုထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဦးနှောက်ရဲ့ သိမြင်နိုင် မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်းလှုံ့ဆော်ပေးဖို့အရေးကြီးတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

(၃)သီချင်းဆိုပါ

သင့်ရဲ့အသံက ပါရမီရှင်တစ်ယောက်လိုမကောင်းနိုင်ပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာလိုက်လျောညီထွေဖြစ်စေပြီး သီချင်းဆိုခြင်းကြောင့် သင့်ရဲ့အသက်ရှူနှုန်း ထွက်သက်ဝင်သက်ကိုကောင်းမွန်စေတဲ့အတွက် သက်တောင့်သက်သာဖြစ် မှုကိုခံစားရစေမှာပါ။

(၄)အိပ်ချိန်လုံလောက်ပါစေ

သင့်အနေနဲ့ လက်ရှိအသက်ထက် နုပျိုတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ချင်ရင် အလွယ်ဆုံးနဲ့အကုန်အကျအသက်သာ ဆုံးနည်းလမ်း ကတော့ အိပ်ချိန်လုံလုံလောက်လောက်သတ်မှတ်ထားဖို့ပါပဲ။အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်နဲ့ ဦးနှော်က်ရဲ့လုပ် ငန်းဆောင်ရွက်မှုတွေမျှတကောင်းမွန်စေဖို့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ အိပ်ချိန်ဟာ အနည်းဆုံး၈နာရီခန့်ရှိသင့်တယ်လို့လည်း စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

(၅)လက်ရှိဘဝကိုလက်ခံပါ

ဟားဗက်တက္ကသိုလ်ကသုတေသနပညာရှင်တွေရဲ့လေ့လာမှုမှာ လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အာရုံခံအကြောထုံးလေးတွေ က အရေပြားတင်းရင်းမှုကိုအထောက်အပံ့ပေးနေပြီးသင့်အနေနဲ့တွေ့ကြုံခံစားရတဲ့အခြေအနေကိုလိုက်လျော ညီထွေဖြစ်အောင်မတုန့်ပြန်နိုင်ရင် အဲဒီအာရုံခံအကြောထုံးလေးတွေဟာ အသားအရေတင်းရင်းမှုကိုထိခိုက်ပြီးအရေး အကြောင်းတွေဖြစ်ပေါ်စေပါတယ်။ဒါကြောင့်သင့်ရဲ့လက်ရှိဘဝကိုအရှိအတိုင်းလက်ခံသင့်သလို ပြောင်းလဲလို့မရတဲ့အခြေအနေတွေကိုလိုက်လောျညီထွေဖြစ်အောင်နေသင့်တယ်လို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top