Kantharyar Centre
×







#Unicode Version
ထိုင်းနိုင်ငံ မောင်းခရိုင် Nan township နမ်မြို့နယ် ကုန်တိုက်တခု အတွင်းက ထောပတ် သုတ်ထားတဲ့ ပေါင်မုန့်အရောင်းဆိုင်က မုန့်တွေ ဝယ်စားတဲ့သူတွေ (၃၈ )ဦးဟာ အစာအဆိပ်ဖြစ်ပြီး ဆေးရုံတင် ကုသခဲ့ရပါတယ်။

ပေါင်မုန့်အပေါ်က ယို ကို စားမိသူတွေအားလုံး (၃) နာရီအတွင်း မှာ ခေါင်း မူး-အော့အန် ပြီး ကိုယ်ပူချိန်တွေ တက်လာခဲ့ကြပါတယ်။ အသက်ရူရတာ ခက်ခဲလာတာတွေ ဖြစ်ခဲ့ပါတယ်။ ဆေးရုံအမြန် တင်ကုသနိုင်ခဲ့ လို့ အဆိပ်ဖြစ်တဲ့သူအားလုံး ဟာ စိတ်ချရတဲ့ အခြေအန ရောက်ပါပြီလို့ ဆရာဝန်တွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


လောလောဆယ် ပေါင်မုန့်ရောင်းတဲ့ ဆိုင်ခန်းကို ပိတ်ထားပြီး ကျန်းမာရေးဌာနက ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ လာရောက်စစ်ဆေးနေကြပါတယ်။





 ဖိုးသူတော် (www.phothutaw.com)
Credit:Social Action for Women - SAW
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top