Property Expo
×

အိႏၶိယႏိုင္ငံအတြင္းက မီဝတ္ ဆိုတဲ့အရပ္မွာ အမ်ိဳးသမီးတစ္ဦးဟာ အမဲသားစားမိလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အုပ္စုဖြဲ႔ အဓမၼျပဳက်င့္ျခင္းကို ခံခဲ့ရေၾကာင္း သိရပါတယ္။

ဘီဘီစီ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အမ်ိဳးသားေလးဦးဟာ သူမနဲ႔ သူမရဲ႕ ေယာင္းမျဖစ္သူတို႔ကို အဓမၼျပဳက်င့္ၿပီး အျခားသူေတြကို ျပန္ေျပာရင္ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရပါတယ္။ ေနအိမ္မွာရွိတဲ့ သူမအေဒၚျဖစ္သူနဲ႔ ဦးေလးျဖစ္သူကို ႐ိုက္ႏွက္သြားခဲ့ၿပီး အ႐ိုက္ခံရတဲ့ ဒဏ္ရာေတြေၾကာင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရပါတယ္။

အခုေတာ့ အဆိုပါအမ်ိဳးသားေလးဦးကို မုဒိမ္းမႈ၊ လူသတ္မႈေတြနဲ႔ စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။ အိႏၵိယႏုိင္ငံအတြင္း ေဒသအခ်ိဳ႕မွာ အမဲသားလံုးဝမစားဖို႔ ဘာသာေရးအရ တားျမစ္ထားၾကပါတယ္။ အဆိုပါအမ်ိဳးသမီးေနထိုင္တဲ့ မီဝတ္ေဒသမွာလည္း အမဲသားမစားဖို႔ တားျမစ္ထားေၾကာင္း သိရပါတယ္။ မီဝတ္ေဒသရဲ႕ မူဆလင္အသိုင္းဝိုင္းေခါင္းေဆာင္ျဖစ္တဲ့ ရမ္ဇမ္ကေတာ့ ဒီျဖစ္ရပ္ေၾကာင့္ လူေတြထိတ္လန္႔ရၿပီး အရင္က ဒါမ်ိဳးဘာသာေရးအေၾကာင္းျပၿပီး တင္းမာမႈေတြမျဖစ္ခဲ့ဖူးဘူးလို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အိန္ဓိယနိုင်ငံအတွင်းက မီဝတ် ဆိုတဲ့အရပ်မှာ အမျိုးသမီးတစ်ဦးဟာ အမဲသားစားမိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

ဘီဘီစီ သတင်းဌာနရဲ့ ဖော်ပြချက်အရ အမျိုးသားလေးဦးဟာ သူမနဲ့ သူမရဲ့ ယောင်းမဖြစ်သူတို့ကို အဓမ္မပြုကျင့်ပြီး အခြားသူတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။ နေအိမ်မှာရှိတဲ့ သူမအဒေါ်ဖြစ်သူနဲ့ ဦးလေးဖြစ်သူကို ရိုက်နှက်သွားခဲ့ပြီး အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အခုတော့ အဆိုပါအမျိုးသားလေးဦးကို မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ဒေသအချို့မှာ အမဲသားလုံးဝမစားဖို့ ဘာသာရေးအရ တားမြစ်ထားကြပါတယ်။ အဆိုပါအမျိုးသမီးနေထိုင်တဲ့ မီဝတ်ဒေသမှာလည်း အမဲသားမစားဖို့ တားမြစ်ထားကြောင်း သိရပါတယ်။ မီဝတ်ဒေသရဲ့ မူဆလင်အသိုင်းဝိုင်းခေါင်းဆောင်ဖြစ်တဲ့ ရမ်ဇမ်ကတော့ ဒီဖြစ်ရပ်ကြောင့် လူတွေထိတ်လန့်ရပြီး အရင်က ဒါမျိုးဘာသာရေးအကြောင်းပြပြီး တင်းမာမှုတွေမဖြစ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top