Property Expo
×

လက္သည္းပုံစံ၊ စတုိင္နဲ႔ ဆုိးထား တဲ့အေရာင္ေတြကိုၾကည့္ၿပီး လူ တစ္ေယာက္ရဲ႕ အေၾကာင္းနဲ႔ ပင္ ကိုယ္စ႐ုိက္ကို ခန္႔မွန္းႏုိ္င္တာမို႔ ကိုယ္ဘယ္လိုလူမ်ဳိးလဲ  ဆုိတာ သိႏုိင္ဖို႔ ေဖာ္ျပလုိက္ပါတယ္။

အတိုအတိလက္သည္း - လက္ သည္းအတိုအတိ ပုံစံထားသူေတြ ဟာ ေရွး႐ုိးဆန္သူေတြျဖစ္ေလ့ရွိ ၿပီး အၿမဲတမ္းထိပ္ဆုံးမွာေနလိုသူ ေတြလည္း ျဖစ္ပါတယ္။

လက္သည္းအရွည္ - မိန္းကေလး ဆန္ၿပီး လွခ်င္ပခ်င္သူေတြက လက္သည္းအရွည္ထားေလ့ရွိၿပီး လက္အသုံးျပဳၿပီး ၾကမ္းၾကမ္းတမ္း တမ္း အလုပ္မ်ဳိးေတြ မလုပ္ရသူ၊ လုပ္ဖို႔လည္း ၀ါသနာမပါသူေတြပါ။

လက္သည္းေျပာင္ - လက္သည္း ကို ဘာမွမဆိုးဘဲ ဒီအတုိင္းထား သူေတြက သဘာ၀အလွကို ျမတ္ ႏိုးသူေတြျဖစ္ၿပီး ျပင္ျပင္ဆင္ဆင္ ေနေလ့ မရွိသူေတြပါ။ လက္သည္း ေျပာင္ပုံစံေလးပဲ ထားမယ္ဆိုရင္ေတာ့ အစင္းျခစ္ရာ၊ ပဲ့ရာေတြနဲ႔မညီမညာျဖစ္ေနတာမ်ဳိး၊ ညစ္ပတ္ေနတာမ်ဳိး မရွိေအာင္ ဂ႐ုစုိက္ဖုိ႔လုိပါတယ္။

ဆိုးေဆးအၿမဲဆိုးထားတဲ့ လက္ သည္း-ဖက္ရွင္က်က် ေနရတာ သေဘာက်သူေတြျဖစ္ၿပီး ကိုယ့္ ကုိယ္ကိုယ္ အၿမဲယုံၾကည္မႈရွိတဲ့သူ ေတြပါ။

ကိုက္ထားတဲ့ လက္သည္း - စိတ္မၿငိမ္မႈ၊ စိတ္လုိက္မာန္ပါ လုပ္ တတ္သူေတြရဲ႕ လကၡဏာျဖစ္ၿပီး တစ္ခ်ိန္လုံးကိုက္ေနလို႔   လက္ သည္းေတြပဲ့ရြဲ႕၊     ပ်က္စီးတာ မရွိေအာင္ လက္သည္းကိုက္တဲ့ အက်င့္ဆုိးေဖ်ာက္ႏုိင္ေအာင္ ႀကိဳးစားဖို႔လုိအပ္ပါတယ္။

ေလးေထာင့္ပုံစံလက္သည္း - ဒီ လိုလက္သည္းပုံစံထားတတ္သူ ေတြက အသစ္အဆန္းေတြကို စမ္းသပ္ရတာကို သေဘာက်ၿပီး ႐ုပ္ပုိင္းဆုိင္ရာေရာ စိတ္ပိုင္းဆုိင္ ရာပါ သန္စြမ္းက်န္းမာသူေတြ ျဖစ္ပါတယ္။

သြယ္သြယ္ခြၽန္ခြၽန္ပုံစံ၊ အယ္မြန္ သီးပုံလက္သည္း - စူးစမ္းေလ့ လာရတာကို သေဘာက်သူေတြ ျဖစ္ၿပီး ဘယ္လိုအေျခအေနပဲျဖစ္ ျဖစ္ မေၾကာက္မရြံ႕လုပ္ေဆာင္ တတ္သူေတြပါ။ ေခတ္ေနာက္ျပန္ ဆဲြတာမ်ဳိးေတြကို လက္မခံႏုိင္သူ ေတြဆိုရင္လည္း မမွားပါဘူး။

အ၀ိုင္းပုံစံလက္သည္း - ဘယ္အ ရာကိုမွ အဆန္းမထြင္ခ်င္ဘဲ လုပ္ ႐ိုးလုပ္စဥ္အတုိင္း လုပ္တတ္သူ ေတြပါ။ လူေရွ႕ထြက္ၿပီး ေက်ာ္ ၾကားမႈရယူတာထက္ ကန္႔လန္႔ ကာေနာက္ကြယ္မွာ ေနရတာ သေဘာက်သူေတြလို႔ ဆုိရမွာပါ။

ေလးေထာင့္မက်၊ ဘဲဥပုံမက် လက္သည္း - ႐ုိး႐ိုးယဥ္ယဥ္နဲ႔ ေအးေအးေဆးေဆး ေနတတ္သူ ေတြျဖစ္ၿပီး စမ္းသပ္ေလ့လာရတာ ေတြ ၀ါသနာမပါသူေတြပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

လက်သည်းပုံစံ၊ စတိုင်နဲ့ ဆိုးထား တဲ့အရောင်တွေကိုကြည့်ပြီး လူ တစ်ယောက်ရဲ့ အကြောင်းနဲ့ ပင် ကိုယ်စရိုက်ကို ခန့်မှန်းနိုင်တာမို့ ကိုယ်ဘယ်လိုလူမျိုးလဲ  ဆိုတာ သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အတိုအတိလက်သည်း - လက် သည်းအတိုအတိ ပုံစံထားသူတွေ ဟာ ရှေးရိုးဆန်သူတွေဖြစ်လေ့ရှိ ပြီး အမြဲတမ်းထိပ်ဆုံးမှာနေလိုသူ တွေလည်း ဖြစ်ပါတယ်။

လက်သည်းအရှည် - မိန်းကလေး ဆန်ပြီး လှချင်ပချင်သူတွေက လက်သည်းအရှည်ထားလေ့ရှိပြီး လက်အသုံးပြုပြီး ကြမ်းကြမ်းတမ်း တမ်း အလုပ်မျိုးတွေ မလုပ်ရသူ၊ လုပ်ဖို့လည်း ဝါသနာမပါသူတွေပါ။

လက်သည်းပြောင် - လက်သည်း ကို ဘာမှမဆိုးဘဲ ဒီအတိုင်းထား သူတွေက သဘာဝအလှကို မြတ် နိုးသူတွေဖြစ်ပြီး ပြင်ပြင်ဆင်ဆင် နေလေ့ မရှိသူတွေပါ။ လက်သည်း ပြောင်ပုံစံလေးပဲ ထားမယ်ဆိုရင်တော့ အစင်းခြစ်ရာ၊ ပဲ့ရာတွေနဲ့မညီမညာဖြစ်နေတာမျိုး၊ ညစ်ပတ်နေတာမျိုး မရှိအောင် ဂရုစိုက်ဖို့လိုပါတယ်။

ဆိုးဆေးအမြဲဆိုးထားတဲ့ လက် သည်း-ဖက်ရှင်ကျကျ နေရတာ သဘောကျသူတွေဖြစ်ပြီး ကိုယ့် ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိတဲ့သူ တွေပါ။

ကိုက်ထားတဲ့ လက်သည်း - စိတ်မငြိမ်မှု၊ စိတ်လိုက်မာန်ပါ လုပ် တတ်သူတွေရဲ့ လက္ခဏာဖြစ်ပြီး တစ်ချိန်လုံးကိုက်နေလို့   လက် သည်းတွေပဲ့ရွဲ့၊     ပျက်စီးတာ မရှိအောင် လက်သည်းကိုက်တဲ့ အကျင့်ဆိုးဖျောက်နိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။

လေးထောင့်ပုံစံလက်သည်း - ဒီ လိုလက်သည်းပုံစံထားတတ်သူ တွေက အသစ်အဆန်းတွေကို စမ်းသပ်ရတာကို သဘောကျပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင် ရာပါ သန်စွမ်းကျန်းမာသူတွေ ဖြစ်ပါတယ်။

သွယ်သွယ်ချွန်ချွန်ပုံစံ၊ အယ်မွန် သီးပုံလက်သည်း - စူးစမ်းလေ့ လာရတာကို သဘောကျသူတွေ ဖြစ်ပြီး ဘယ်လိုအခြေအနေပဲဖြစ် ဖြစ် မကြောက်မရွံ့လုပ်ဆောင် တတ်သူတွေပါ။ ခေတ်နောက်ပြန် ဆွဲတာမျိုးတွေကို လက်မခံနိုင်သူ တွေဆိုရင်လည်း မမှားပါဘူး။

အဝိုင်းပုံစံလက်သည်း - ဘယ်အ ရာကိုမှ အဆန်းမထွင်ချင်ဘဲ လုပ် ရိုးလုပ်စဉ်အတိုင်း လုပ်တတ်သူ တွေပါ။ လူရှေ့ထွက်ပြီး ကျော် ကြားမှုရယူတာထက် ကန့်လန့် ကာနောက်ကွယ်မှာ နေရတာ သဘောကျသူတွေလို့ ဆိုရမှာပါ။

လေးထောင့်မကျ၊ ဘဲဥပုံမကျ လက်သည်း - ရိုးရိုးယဉ်ယဉ်နဲ့ အေးအေးဆေးဆေး နေတတ်သူ တွေဖြစ်ပြီး စမ်းသပ်လေ့လာရတာ တွေ ဝါသနာမပါသူတွေပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top