Property Expo
×

ပရိသတ္တစ္ဦးေရးေပး ထားသည့္ သီခ်င္းသစ္တစ္ပုဒ္ကို စက္တင္ဘာ ၂၃ ရက္တြင္ ျပဳလုပ္မည့္ A Night Of Pop 2016 ေဖ်ာ္ေျဖပြဲတြင္ သီဆိုမည္ဟု ထြန္းအိႁႏၵာဗိုက ေျပာသည္။

‘‘သီခ်င္းသစ္က Fan က တစ္ဆင့္ရတဲ့ သီခ်င္းေလးပါ။ သီခ်င္းနာမည္က အျဖည့္ခံႏွလံုး သားလို႔ ေပးထားပါတယ္။ ေတး ေရးက တိမ္လိုလူပါ။ အျဖည့္ခံ ႏွလံုးသားဆုိတဲ့အတုိင္း အနစ္နာ ခံၿပီး ခ်စ္ေနတဲ့အေၾကာင္း အခ်စ္ သီခ်င္းေလးပါပဲ’’ဟု သီဆိုမည့္ သီခ်င္းသစ္ႏွင့္ပတ္သက္၍ ထြန္း အိႁႏၵာဗိုက ေျပာသည္။

ေဖ်ာ္ေျဖပြဲကို စက္တင္ဘာ ၂၃ ရက္ညတြင္ MCC ခန္းမ၌ ျပဳလုပ္မည္ျဖစ္ၿပီး မ်ိဳးေက်ာ့ၿမိဳင္၊ စည္သူလြင္၊ ဂေရဟမ္၊ ေဇာ္ပိုင္၊ ဖိုးကာ၊ ေစာလားေထာ္ဝါး၊ Mေဇာ္ရိန္၊ ထြန္းအိႁႏၵာဗို၊ ပန္း ေရာင္ျခယ္၊ နင္ဇီေမ၊ Sophia Everest ႏွင့္ ခုိင္သဇင္သင္းတုိ႔ ပါဝင္ေဖ်ာ္ေျဖေပးမည္ျဖစ္သည္။

‘‘ဒီပြဲက ပါဝင္ေဖ်ာ္ေျဖမယ့္ လူမ်ားတဲ့အခါက်ေတာ့ တစ္ ေယာက္ကို အပုဒ္ေရ နည္းနည္း ပဲ ေဖ်ာ္ေျဖခြင့္ရပါတယ္။ အတြဲ သီခ်င္းတစ္ပုဒ္ပါမယ္။ တစ္ကိုယ္ ေတာ္ သံုးပုဒ္ဆုိပါမယ္’’ဟု ထြန္း အိႁႏၵာဗိုက ေျပာသည္။

စံုတြဲသီခ်င္းကို အဆုိေတာ္ ေဇာ္ပိုင္ႏွင့္ သီဆိုေပးမည္ျဖစ္ၿပီး တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖမႈတြင္ သီခ်င္းသစ္တစ္ပုဒ္ႏွင့္ ေဖ်ာ္ေျဖပြဲမ်ား၌ သီဆိုေလ့မရွိသည့္ ‘ေကာင္မေလးႀကိဳက္တယ္ဆုိၿပီး’ ႏွင့္ ‘ေပါင္းစပ္ခြင့္မရွိတဲ့ အခ်စ္’သီခ်င္းမ်ားကို ေရြးခ်ယ္ထား ေၾကာင္း ၎က ေျပာသည္။

‘‘ၿပီးခဲ့တဲ့ႏွစ္ ပြင့္လင္းရာသီ က ခရီးေတာက္ေလွ်ာက္သြား တယ္။ ေနာက္ ကမ္ပိန္းကိစၥေတြနဲ႔ သြားတယ္ဆုိေတာ့ ေဖ်ာ္ေျဖပြဲေတြ မဆိုျဖစ္လိုက္ဘူး။ ဒီႏွစ္ကေတာ့ မိုးတြင္းမို႔လို႔ နားေနတာလည္း ပါပါတယ္။ ဒီပြဲက ျပန္စတာေပါ့’’ ဟု ထြန္းအိႁႏၵာဗိုက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပရိသတ်တစ်ဦးရေးပေး ထားသည့် သီချင်းသစ်တစ်ပုဒ်ကို စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် A Night Of Pop 2016 ဖျော်ဖြေပွဲတွင် သီဆိုမည်ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။

‘‘သီချင်းသစ်က Fan က တစ်ဆင့်ရတဲ့ သီချင်းလေးပါ။ သီချင်းနာမည်က အဖြည့်ခံနှလုံး သားလို့ ပေးထားပါတယ်။ တေး ရေးက တိမ်လိုလူပါ။ အဖြည့်ခံ နှလုံးသားဆိုတဲ့အတိုင်း အနစ်နာ ခံပြီး ချစ်နေတဲ့အကြောင်း အချစ် သီချင်းလေးပါပဲ’’ဟု သီဆိုမည့် သီချင်းသစ်နှင့်ပတ်သက်၍ ထွန်း အိန္ဒြာဗိုက ပြောသည်။

ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၃ ရက်ညတွင် MCC ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဖိုးကာ၊ စောလားထော်ဝါး၊ Mဇော်ရိန်၊ ထွန်းအိန္ဒြာဗို၊ ပန်း ရောင်ခြယ်၊ နင်ဇီမေ၊ Sophia Everest နှင့် ခိုင်သဇင်သင်းတို့ ပါဝင်ဖျော်ဖြေပေးမည်ဖြစ်သည်။

‘‘ဒီပွဲက ပါဝင်ဖျော်ဖြေမယ့် လူများတဲ့အခါကျတော့ တစ် ယောက်ကို အပုဒ်ရေ နည်းနည်း ပဲ ဖျော်ဖြေခွင့်ရပါတယ်။ အတွဲ သီချင်းတစ်ပုဒ်ပါမယ်။ တစ်ကိုယ် တော် သုံးပုဒ်ဆိုပါမယ်’’ဟု ထွန်း အိန္ဒြာဗိုက ပြောသည်။

စုံတွဲသီချင်းကို အဆိုတော် ဇော်ပိုင်နှင့် သီဆိုပေးမည်ဖြစ်ပြီး တစ်ကိုယ်တော်ဖျော်ဖြေမှုတွင် သီချင်းသစ်တစ်ပုဒ်နှင့် ဖျော်ဖြေပွဲများ၌ သီဆိုလေ့မရှိသည့် ‘ကောင်မလေးကြိုက်တယ်ဆိုပြီး’ နှင့် ‘ပေါင်းစပ်ခွင့်မရှိတဲ့ အချစ်’သီချင်းများကို ရွေးချယ်ထား ကြောင်း ၎င်းက ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီ က ခရီးတောက်လျှောက်သွား တယ်။ နောက် ကမ်ပိန်းကိစ္စတွေနဲ့ သွားတယ်ဆိုတော့ ဖျော်ဖြေပွဲတွေ မဆိုဖြစ်လိုက်ဘူး။ ဒီနှစ်ကတော့ မိုးတွင်းမို့လို့ နားနေတာလည်း ပါပါတယ်။ ဒီပွဲက ပြန်စတာပေါ့’’ ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top