Kantharyar Centre
×




Credit:MyanmarPortal

#Unicode Version
တရုတ်နိုင်ငံ Guandong ဒေသက အမျိုးသားတစ်ဦးဟာ သူ့ရဲ.အိမ်က အိမ်သာထဲ ဖုန်းလွတ်ကျတာကို ပြန်ကောက်ဖို့ ကြိုးစားရင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရပါတယ်။
ဖြစ်ရပ်ကတော့ ဗုဒ္ဒဟူးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားတွေက မနက် ခြောက်နာရီခွဲကျော်မှ သူ့ကို ကယ်ထုတ်နိုင်ခဲ့တာပါ ။ မီးသတ်သမားတွေ ရောက်လာချိန်မှာ ဒီအမျိုးသားဟာ အိမ်သာ ကြမ်းပြင်မှာ လက်တစ်ဖက်က အိမ်သာခွက်ထဲ နှိုက်လျှက် ပြန်ထုတ်မရတဲ့ အခြေအနေနဲ့ တွေ့ရတာပါ။

အမျိုးသားဟာ အိမ်သာထဲမှာ အခုလို အခြေအနေနဲ့ မနက် ၂ နာရီထဲက ကြုံတွေ့ခဲ့ရပေမယ့် ကံဆိုးချင်တော့ သူက အိမ်မှာ တစ်ယောက်တည်း နေတာမို့ ဘယ်သူကမှ မကူနိုင်ခဲ့ပါဘူး ။ သူ့အော်ဟစ်သံကိုလည်း ဘယ်သူမှ မကြားပဲ မနက် ငါးနာရီထိုးမှ အိမ်နီးချင်းက ကြားခဲ့တာပါ ။ အိမ်နီးချင်းက မီးသတ်သမားတွေကို အကူအညီတောင်းဖို့ နောက်ထပ် တစ်နာရီ ကြန့်ကြာခဲ့တာပါ။

သေချာတာကတော့ အမျိုးသားအနေနဲ့ အခြေအနေ ဆိုးရွားစွာ ရှိခဲ့မှာပါ ။ သင်လည်း အိမ်သာတက်ချိန် ဖုန်းမယူသွားသင့်ပါဘူး ။


ဖိုးသူတော် (www.phothutaw.com)
Credit:MyanmarPortal
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top