Property Expo
×

               ရန္ကုန္ၿမိဳ႕လယ္တြင္ မိုးေရထဲသြားလာေနၾကသူမ်ား (ဓာတ္ပံု - နစ္ကီ)

ဘဂၤလားပင္လယ္ ေအာ္မွ ေလဖိအားနည္းရပ္၀န္း အားေပ်ာ့ပ်က္ျပယ္သြားၿပီျဖစ္ ေသာ္လည္း မုတ္သံုေလအား ေကာင္းေန၍ ေနရာကြက္မိုးႀကီး ႏုိင္ေသးေၾကာင္း မိုးဇလဌာနက သတင္းထုတ္ျပန္ထားသည္။


ဘဂၤလား ပင္လယ္ေအာ္ တြင္ စက္တင္ဘာ ၄ ရက္က စ တင္ျဖစ္ပြားေသာ ေလဖိအားနည္း ရပ္၀န္းသည္ စက္တင္ဘာ ၆ ရက္ နံနက္တြင္ အိႏိၵယႏုိင္ငံ အ ေနာက္ဘဂၤလားလမ္းေျခသို႔ ၀င္ ေရာက္၍ အားေပ်ာ့ပ်က္ျပယ္သြားျခင္းျဖစ္သည္။

သို႔ေသာ္ မုတ္သံုေလဆက္ လက္အားေကာင္းေန၍ ရခုိင္၊ မြန္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္း၊ ရန္ကုန္တုိင္း၊ ဧရာ၀တီတိုင္းႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္၍ မိုးႀကီးႏုိင္္ေၾကာင္း မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကား မႈဦးစီးဌာန ဒုတိယၫႊန္ၾကားေရး မွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာ သည္။

ရန္ကုန္တုိင္းေဒသႀကီးအပါ အ၀င္ ျမစ္၀ကၽြန္းေပၚေဒသမ်ား တြင္ ေန႔စဥ္မိုးေကာင္းေနသည္မွာ တစ္ပတ္ခန္႔ရွိၿပီျဖစ္သည္။

စက္တင္ဘာလသည္ အ ေနာက္ေတာင္မုတ္သံုေလ ျပန္ လည္ထြက္ခြာသည့္ကာလျဖစ္ၿပီး မိုးႀကီးသည့္ျဖစ္စဥ္ေၾကာင့္ ျမစ္ ေခ်ာင္းမ်ား ေရျပန္တုိးေသာ ကာ လလည္းျဖစ္သည္။ ဘဂၤလားပင္ လယ္ေအာ္မွ မုန္တုိင္းသည္ ျမန္မာႏုိင္ငံသိ႔ု ၀င္ေရာက္ေလ့ရွိၿပီး ေတာင္တ႐ုတ္ပင္လယ္မွ မုန္တုိင္းအရွိန္ေၾကာင့္ ေနရာကြက္ မိုးႀကီးသည့္ အႏၲရာယ္ရင္ဆုိင္ရ ေလ့ရွိသည္။

စက္တင္ဘာအတြင္း ဧရာ ၀တီႏွင့္ ခ်င္းတြင္းျမစ္အပါအ၀င္ ျမစ္မ်ားအားလံုးနီးပါး စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာႏုိင္ေၾကာင္း မိုးဇလဌာနက သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့လယ်တွင် မိုးရေထဲသွားလာနေကြသူများ (ဓာတ်ပုံ - နစ်ကီ)

ဘင်္ဂလားပင်လယ် အော်မှ လေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်သွားပြီဖြစ် သော်လည်း မုတ်သုံလေအား ကောင်းနေ၍ နေရာကွက်မိုးကြီး နိုင်သေးကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။


ဘင်္ဂလား ပင်လယ်အော် တွင် စက်တင်ဘာ ၄ ရက်က စ တင်ဖြစ်ပွားသော လေဖိအားနည်း ရပ်ဝန်းသည် စက်တင်ဘာ ၆ ရက် နံနက်တွင် အိန္ဒိယနိုင်ငံ အ နောက်ဘင်္ဂလားလမ်းခြေသို့ ဝင် ရောက်၍ အားပျော့ပျက်ပြယ်သွားခြင်းဖြစ်သည်။

သို့သော် မုတ်သုံလေဆက် လက်အားကောင်းနေ၍ ရခိုင်၊ မွန်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအပါ အဝင် မြစ်ဝကျွန်းပေါ်ဒေသများ တွင် နေ့စဉ်မိုးကောင်းနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။

စက်တင်ဘာလသည် အ နောက်တောင်မုတ်သုံလေ ပြန် လည်ထွက်ခွာသည့်ကာလဖြစ်ပြီး မိုးကြီးသည့်ဖြစ်စဉ်ကြောင့် မြစ် ချောင်းများ ရေပြန်တိုးသော ကာ လလည်းဖြစ်သည်။ ဘင်္ဂလားပင် လယ်အော်မှ မုန်တိုင်းသည် မြန်မာနိုင်ငံသိ့ု ဝင်ရောက်လေ့ရှိပြီး တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအရှိန်ကြောင့် နေရာကွက် မိုးကြီးသည့် အန္တရာယ်ရင်ဆိုင်ရ လေ့ရှိသည်။

စက်တင်ဘာအတွင်း ဧရာ ဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်များအားလုံးနီးပါး စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top