Property Expo
×

 တရားခံေျပးဖမ္းဆီး သည့္ စီအိုင္ဒီႏွင့္ သတင္းရဲတပ္ ဖြဲ႕ဝင္မ်ားကို တရားခံဘက္က ျပန္လည္တုိက္ခိုက္ကာ ေသနတ္ ႏွင့္ က်ည္ဆန္မ်ား လုယူသြားမႈ မိုးညႇင္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕ ထံမွ သတင္းရရွိသည္။


စက္တင္ဘာ ၁၉ ရက္ နံနက္ ၈ နာရီခန္႔က မိုးညႇင္းၿမိဳ႕နယ္ မိုင္း ေနာင္ေက်းရြာရွိ အိမ္တစ္အိမ္ကို မႈခင္းရဲတပ္ဖြဲ႕ (စီအုိင္ဒီ)မွ ရဲမွဴးတစ္ဦး၊ သတင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္သံုးဦးႏွင့္ ေဒသခံရြာသားေျခာက္ဦးတုိ႔က တရားခံေျပးႏွင့္ မူးယစ္ေဆး ဝင္ေရာက္ဖမ္းဆီး စဥ္ ျပန္လည္တုိက္ခိုက္ခံရၿပီး ေသနတ္တစ္လက္ႏွင့္ က်ည္မ်ား လုယူခံရျခင္းျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးကေျပာသည္။

 ‘‘ေျခာက္လံုးျပဴးတစ္လက္နဲ႔ က်ည္ ၁၈ ေတာင့္ လုသြားတာ။ ရဲမွဴးလည္း ေခါင္းကို ဓားနဲ႔အ ခုတ္ခံရတယ္။ ေဆး႐ံုမွာ ကုေနရ တယ္’’ဟု ေဒသခံရဲတပ္ဖြဲ႕ဝင္တစ္ ဦးက ေျပာသည္။

မႈခင္းရဲတပ္ဖြဲ႕ (စီအုိင္ဒီ)ႏွင့္ သတင္းရဲတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမခံရဲကို အသိမေပးဘဲ ဝင္ ေရာက္ဖမ္းဆီးျခင္းေၾကာင့္ ယင္း ကဲ့သို႔ တုိက္ခိုက္ခံရျခင္းျဖစ္ ေၾကာင္း မိုးညႇင္းၿမိဳ႕ ေဒသခံမ်ား က ေျပာသည္။

တရားခံေျပးကို ဖမ္းမိၿပီး ေနာက္ စီအုိင္ဒီရဲမွဴးက တရားခံ ၏ လက္ႏွင့္ ၎၏လက္ကို ပူးတြဲလက္ထိတ္ခတ္ထားစဥ္ တရားခံဘက္မွ အျခားသူမ်ားက ဝင္ ေရာက္တိုက္ခိုက္ျခင္း ျဖစ္သျဖင့္ ရဲမွဴးမွာ ထြက္ေျပး၍မရခဲ့ျခင္း ေၾကာင့္  ဒဏ္ရာပိုျပင္းခဲ့ေၾကာင္း အဆုိပါျဖစ္စဥ္ကို သြားေရာက္စံုစမ္းခဲ့သူ မိုးညႇင္းၿမိဳ႕ေဒသခံ သ တင္းသမားတစ္ဦးက ေျပာၾကား သည္။

‘‘လက္ခ်င္းပူး လက္ထိတ္ ခတ္ထားေတာ့ ေျပးမလြတ္ဘူး။ က်န္တဲ့ ရဲသံုးေယာက္နဲ႔ ရြာသား ေျခာက္ေယာက္က ထြက္ေျပးႏုိင္ တာေၾကာင့္ ဘာမွမထိခဲ့ဘူး။ ရဲ မွဴးရတဲ့ ဒဏ္ရာေတာ့ ျပင္းတယ္’’ ဟု ၎ကေျပာသည္။

အဆုိပါအမႈတြင္ ျပစ္မႈက်ဴး လြန္သူ ၁၉ ဦးရွိၿပီး တစ္ဦးကို ဖမ္းဆီးထားကာ က်န္သူမ်ားအား ဖမ္းဆီးႏုိင္ေရး ေဆာင္ရြက္ေန ေၾကာင္း ကခ်င္ျပည္နယ္ ရဲတပ္ ဖြဲ႕မွဴး႐ံုးမွ သတင္းရရွိသည္။ ရဲ တပ္ဖြဲ႕ဝင္မ်ား တိုက္ခိုက္ခံရေသာ္ လည္း အဆုိပါအမႈ၏ ကြင္းဆက္ အျဖစ္ စိစစ္ဆဲစိတ္ႂကြေဆးျပား မ်ားႏွင့္ ဘိန္းျဖဴမ်ားအျပင္ တရား မဝင္သစ္ ၁၅ တန္ သိမ္းဆည္းႏိုင္ ခဲ့ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 တရားခံပြေးဖမ်းဆီး သည့် စီအိုင်ဒီနှင့် သတင်းရဲတပ် ဖွဲ့ဝင်များကို တရားခံဘက်က ပြန်လည်တိုက်ခိုက်ကာ သေနတ် နှင့် ကျည်ဆန်များ လုယူသွားမှု မိုးညှင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ထံမှ သတင်းရရှိသည်။


စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခန့်က မိုးညှင်းမြို့နယ် မိုင်း နောင်ကျေးရွာရှိ အိမ်တစ်အိမ်ကို မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူးတစ်ဦး၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးနှင့် ဒေသခံရွာသားခြောက်ဦးတို့က တရားခံပြေးနှင့် မူးယစ်ဆေး ဝင်ရောက်ဖမ်းဆီး စဉ် ပြန်လည်တိုက်ခိုက်ခံရပြီး သေနတ်တစ်လက်နှင့် ကျည်များ လုယူခံရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးကပြောသည်။

 ‘‘ခြောက်လုံးပြူးတစ်လက်နဲ့ ကျည် ၁၈ တောင့် လုသွားတာ။ ရဲမှူးလည်း ခေါင်းကို ဓားနဲ့အ ခုတ်ခံရတယ်။ ဆေးရုံမှာ ကုနေရ တယ်’’ဟု ဒေသခံရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။

မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)နှင့် သတင်းရဲတပ်ဖွဲ့ဝင်များက နယ်မြေခံရဲကို အသိမပေးဘဲ ဝင် ရောက်ဖမ်းဆီးခြင်းကြောင့် ယင်း ကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း မိုးညှင်းမြို့ ဒေသခံများ က ပြောသည်။

တရားခံပြေးကို ဖမ်းမိပြီး နောက် စီအိုင်ဒီရဲမှူးက တရားခံ ၏ လက်နှင့် ၎င်း၏လက်ကို ပူးတွဲလက်ထိတ်ခတ်ထားစဉ် တရားခံဘက်မှ အခြားသူများက ဝင် ရောက်တိုက်ခိုက်ခြင်း ဖြစ်သဖြင့် ရဲမှူးမှာ ထွက်ပြေး၍မရခဲ့ခြင်း ကြောင့်  ဒဏ်ရာပိုပြင်းခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို သွားရောက်စုံစမ်းခဲ့သူ မိုးညှင်းမြို့ဒေသခံ သ တင်းသမားတစ်ဦးက ပြောကြား သည်။

‘‘လက်ချင်းပူး လက်ထိတ် ခတ်ထားတော့ ပြေးမလွတ်ဘူး။ ကျန်တဲ့ ရဲသုံးယောက်နဲ့ ရွာသား ခြောက်ယောက်က ထွက်ပြေးနိုင် တာကြောင့် ဘာမှမထိခဲ့ဘူး။ ရဲ မှူးရတဲ့ ဒဏ်ရာတော့ ပြင်းတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူး လွန်သူ ၁၉ ဦးရှိပြီး တစ်ဦးကို ဖမ်းဆီးထားကာ ကျန်သူများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ကြောင်း ကချင်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရဲ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသော် လည်း အဆိုပါအမှု၏ ကွင်းဆက် အဖြစ် စိစစ်ဆဲစိတ်ကြွဆေးပြား များနှင့် ဘိန်းဖြူများအပြင် တရား မဝင်သစ် ၁၅ တန် သိမ်းဆည်းနိုင် ခဲ့ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top