Property Expo
×

Paradise လို႕အမည္ေပးထားတဲ့ ရုပ္ရွင္ထုတ္လုပ္ေရးတစ္ခုကို သူငယ္ခ်င္းေတြနဲ႕စုၿပီး စတင္လုပ္ကုိင္ေနသူကေတာ့ ျဖိဳးေငြစိုးပဲျဖစ္ပါတယ္။ အဆိုပါ ထုတ္လုပ္ေရးမွရုပ္ရွင္ကားၾကီးအေနနဲ႕သံုးကားရိုက္ကူးထားၿပီျဖစ္ၿပီး ကြဲျပားျခားနားတဲ့ကာရုိက္တာေတြနဲ႕ဇာတ္ေကာင္ အမ်ိဳးအစားေပါင္းစံု စံုလင္စြာျဖင့္ခ်ျပသြားမယ္လို႕လဲသိရပါတယ္။ ဒါ့အျပင္ေရွ႕ရက္ေတြက သူ႕ရဲ႕ေဖစ့္ဘြတ္စာမ်က္ႏွာမွာ တင္ခဲ့တဲ့ ေခတ္သစ္ဧကရီအျငိမ့္နဲ႕ပတ္သက္ၿပီးေ၀ဖန္ျပထားတဲ့အရာေတြကို ေရးသားတင္ျပထားတာေတြကိုေတြ႕ရတာေၾကာင့္ အဆိုပါအေၾကာင္းအရာအျပင္လက္ရွိမွာလုပ္ျဖစ္ေနတဲ့ အႏုပညာလႈပ္ရွားမႈမ်ားအေၾကာင္းကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈေလးကိုလဲ ေျပာျပေပးပါဦး။

ကၽြန္ေတာ္တို႕သည္မိန္းမမ်ားျဖစ္ၿပီး ကၽြန္မတို႕သည္ ေယာက်ာ္းမ်ားျဖစ္ၾကသည္။ အဲ့ဒါကအေရွ႕မွာ ရုိက္ၿပီးတယ္။ ေျပာင္းျပန္ျဖစ္ေနတဲ့ရြာေလးအေၾကာင္းေပါ့။ ေနာက္ေရႊရည္စိမ္လူပ်ိဳမ်ားကတစ္ကားေနာက္သရဲကားတစ္ကားေပါ့။ အဲ့ဒီသံုးကားစလံုး ကၽြန္ေတာ္တို႕တိုက္က ရုိက္တာပါ။ နာမည္ကေတာ့ 4 Brothers ဆိုတာ တစ္ခုေပးထားတယ္။ Paradise လို႕လဲေပးထားတယ္။ သူငယ္ခ်င္းေလးေယာက္ ဆက္လုပ္တာဆိုေတာ့ေလ။ ကၽြန္ေတာ္တို႕ရဲ႕အစ္ကုိေတြရယ္၊ စိုင္းလႊမ္းရယ္ေပါ့။ ေနာက္ၿပီး အခုဒီေန႕ ဒီဗီဒီယိုေလးစ၀င္တယ္ေပါ့။ ၾကားထဲမွာ ေရႊမန္းတို႕ဆီက Charm 2 ေလးလက္စသတ္ရုိက္ေပးျဖစ္တယ္။ ၿပီးရင္ျပည္ဟိန္းသီဟနဲ႕ပဲဗီဒီယိုေလးဆက္၀င္ဖို႕ရွိပါတယ္။

-Charm 2 အဆက္မွာေရာ ဘယ္လိုပံုစံေလးလဲ။

သူတို႕ႏွစ္ေယာက္ရဲ႕အစ္ကို ေရွ႕ကားရဲ႕အဆက္လိုပါပဲ။ ဒီထဲမွာအိမ္ေထာင္က်သြားတာတို႕ပါတို႕ထပ္ပါတယ္ေပါ့။

-အစ္ကုိပါ၀င္သရုပ္ေဆာင္ထားတဲ့ ေမွာ္ေက်ာက္စာကားၾကီးကုိလဲ အခုေသခ်ာေလးလုပ္ေနတယ္လို႕သိရတယ္ေနာ္။

အဲ့ဒါကရံုတင္ေတာ့မယ္ထင္တယ္။ ရက္ေတာ့အတိအက်မသိေသးဘူး။ အဲ့ဒီကားေလးက ေကာင္းတာလဲေတာ္ေတာ္ေလးေကာင္းတယ္။ ပင္ပန္းတာလဲေတာ္ေတာ္ေလးပင္ပန္းတယ္။ သူတို႕ရိုက္ထားတာေရာ ၊ ျပန္ၿပီး Edit လုပ္တဲ့အပိုင္းေတြေရာ ေတာ္ေတာ္ေလးကို အကုန္က်ခံလုပ္ထားတယ္လို႕ၾကားတယ္။ ကၽြန္ေတာ္တို႕ကေတာ့သေဘာက်တယ္။ လုပ္ေနက်ပံုစံမဟုတ္ပဲ ခြဲထြက္ေနတဲ့ကားေလးတစ္ကားျဖစ္လို႕ပါ။

-ေမွာ္ေက်ာက္စာကားထဲက ကာရုိက္တာကို ပရိသတ္ၾကီးနဲ႕ျပန္လည္မိတ္ဆက္ေပးပါဦး။

ကၽြန္ေတာ္ကေမွာ္စရာ၊ သူထူးစံကဘုရင္ေပါ့။ ဘုရင္ကေမွာ္ဆရာကို အေရွ႕မွာအားကိုးတယ္။ သူငယ္ခ်င္းလဲသူငယ္ခ်င္း ေနာက္ပိုင္းကေတာ့ ရံုတင္မွပဲသြားၾကည့္ၾကေတာ့ေပါ့ဗ်ာ။ အဲ့ဒီကားေလးကိုလဲအားရတယ္။ တကယ္ေတာ့ ရိုမန္႕စ္ဇာတ္ကားပဲ။ ဒါေပမဲ့ အဲ့ဒီရုိမန္႕စ္ကိုမွ အျပင္အဆင္ထူးထူးျခားျခားေလးနဲ႕ရုိက္ထားတာေပါ့။

-ကိုေျပတီဦးနဲ႕ရုိက္ထားတဲ့ကားေလးေတြလဲထြက္လာတယ္။ အတြဲအျပိဳင္ေလးေတြရုိက္ျဖစ္ေနတဲ့အေၾကာင္းေလးနဲ႕ပတ္သက္ၿပီးေတာ့လဲ ေျပာျပေပးပါဦး။

ကၽြန္ေတာ္ကေတာ့ ဘယ္သူနဲ႕မဆုိရုိက္တယ္။ အရမ္းၾကီး မစဥ္းစားဘူး။ ဇာတ္လမ္းအဆင္ေျပရင္ရုိက္တယ္။ ဘယ္သူနဲ႕မဆုိေပါ့။ တခ်ိဳ႕ေတြကၽြန္ေတာ္နဲ႕မရုိက္ခ်င္တဲ့သူေတြလဲ ရွိမွာေပါ့ေလ။ ကၽြန္ေတာ္ကေတာ့ အားလံုးနဲ႕ရုိက္ရဲတယ္။ အဆင္ေျပတယ္။ ငယ္ငယ္ကတည္းကလဲ ႏွစ္ေယာက္တြဲေတြက ရုိက္ခဲ့တာဆိုေတာ့ေလ။ ႏုိင္းႏုိင္းတို႕နဲ႕လဲ ငယ္ငယ္ကဆို အရမ္းတြဲရုိက္ခဲ့တယ္။ ဘယ္သူ႕ကိုမွ ကိုယ့္ထက္နိမ့္ေအာင္ လုပ္လိုက္မယ္။ ဘယ္သူ႕ကိုေတာ့ျမင့္ေအာင္လုပ္လိုက္မယ္ဆိုတာမ်ိဳး မရွိပါဘူး။ ဇာတ္လမ္းေပၚပဲလိုက္ၿပီး လုပ္ပါတယ္။ ႏုိင္းႏိုင္းနဲ႕ရုိက္တုန္းကဆိုရင္လဲ ကိုယ္ယူလာတဲ့အက်ီၤသူ၀တ္၊ သူယူလာတဲ့အက်ီၤကိုယ္၀တ္နဲ႕ေျပတီဦးနဲ႕ရုိက္ရင္လဲအဲ့ဒီလိုပဲ။ ရုိက္ကြင္းေပၚမွာအဲ့ဒီရက္ကအရမ္းပူေတာ့သူ႕အက်ီၤကၽြန္ေတာ္ယူ၀တ္စရာရွိရင္လဲယူ၀တ္လုိက္တာပဲ။ ကၽြန္ေတာ့္အက်ီၤလဲသူယူ၀တ္ေပါ့။ အဲ့ဒါေတြကကားထြက္လာတဲ့အခါက်ရင္သိသာတယ္ေလ။

-အစ္ကိုရုိက္တဲ့ကားေတာ္ေတာ္မ်ားမ်ားမွာ အေျခာက္ကာရိုက္တာလံုး၀မပါဘူးေနာ္။

ဟုတ္တယ္ဗ်။ ရုိက္ကို မရုိက္တာပါ။ ကာရိုက္တာအရနည္းနည္းပါးပါးေျခာက္ရမယ္ဆိုရင္ေတာင္ မရုိက္ျဖစ္ဘူး။ ဘာလို႕လဲဆိုေတာ့ကၽြန္ေတာ္မကၽြမ္းက်င္လို႕ပါ။ ကၽြန္ေတာ္နဲ႕လဲသိပ္မလိုက္ဘူးထင္တယ္ေလ။

-ေရွ႕ရက္ေတြတုန္းက ေခတ္သစ္ဧကရီအျငိမ့္နဲ႕ပတ္သက္ၿပီး ေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာစာေလးေတြတင္တာေတြ႕ရတယ္။ အဲ့ဒါေလးနဲ႕ပတ္သက္ၿပီးေတာ့လဲ ေျပာျပေပးပါဦး။

ကၽြန္ေတာ္ေျပာၿပီးပါၿပီ။ သူတို႕ကိုစိတ္ထဲမွာ မုန္းလို႕၊ အျမင္ကတ္လို႕ မျဖစ္ပါဘူး။ ကၽြန္ေတာ့္အေနနဲ႕ၾကည့္ရင္ သူတို႕က ကေလးေတြပါ။ ကၽြန္ေတာ္နဲ႕လက္ရွိအလုပ္လုပ္ေနတဲ့ ကေလးေတြလဲပါပါတယ္။ ရုိက္လက္စကေလးေတြလဲပါပါတယ္။ သူတုိ႕မသိပဲနဲ႕ မ်ားလုပ္လုိက္မိတာလားဆိုၿပီးကၽြန္ေတာ္ကေျပာတာပါ။ သိသိၾကီးနဲ႕လုပ္တာဆိုရင္ေတာ့ ကၽြန္ေတာ္မေျပာေတာ့ဘူး။ ဒါမ်ိဳးေတြက အေရွ႕မွာမင္းသမီးၾကီးေတြလဲကခဲ့ဖူးတယ္ေလ။ သူတို႕တုန္းကကၽြန္ေတာ္မေျပာဘူး။ မေျပာဘူးဆိုတာ ကၽြန္ေတာ္ေျပာစရာမွမလိုတာ။ ကၽြန္ေတာ္ေျပာရမဲ့အေနအထားလဲမဟုတ္ဘူး။ သူတို႕ကကၽြန္ေတာ့္ထက္ စီနီယာက်တဲ့အသက္ေရာ၊ ၀ါေရာၾကီးတဲ့သူေတြလုပ္ၾကတာ သူတုိ႕ေတြသည္သိလုိ႕ပဲျဖစ္ျဖစ္၊ မသိလို႕ပဲျဖစ္ျဖစ္ ကၽြန္ေတာ္သြားၿပီးေ၀ဖန္စရာအေၾကာင္းမရွိဘူး။ ဒီကေလးေတြက်ေတာ့ ေ၀ဖန္သင့္တယ္။ ကၽြန္ေတာ္အဲ့ဒီလိုမွမေျပာရင္ တျခားလဲဘယ္သူမွ သိပ္ေျပာမယ္မထင္ဘူး။ ကုိယ့္အခ်င္းခ်င္းမေျပာရင္ သူမ်ားကေျပာေတာ့မွာ အဲ့ဒီအခါက်ရင္ သူတို႕ပိုခံရမယ္။ ပိုထိခုိက္မယ္။ ပိုနစ္နာမယ္။ ကၽြန္ေတာ္ေျပာလိုက္တာက အမ်ားဆံုးအျမင္ကတ္လွရင္ ကၽြန္ေတာ္တစ္ေယာက္ေလာက္ေပါ့။ အဲ့ဒါနဲ႕တင္ၿပီးတယ္။ ေျပာလုိက္တဲ့ ကၽြန္ေတာ့္ရည္ရြယ္ခ်က္ကတစ္ခုတည္းပါ။ ေနာက္ထပ္ ထပ္မလုပ္ေစခ်င္လို႕ေျပာတာ လုပ္ၿပီးသြားတာကေတာ့ ဘာမွဆက္လုပ္လို႕မရဘူး။ သိတယ္။ ထပ္မလုပ္ရင္ၿပီးေရာ ထပ္မလုပ္ေစခ်င္တဲ့စိတ္နဲ႕ေျပာတာ ေအးထပ္လုပ္ရင္လဲထပ္ေျပာဦးမွာပဲ။ ဘာလို႕လဲဆိုေတာ့ သိပ္အဓိပၸါယ္မရွိဘူးလို႕ ထင္တယ္။ အမ်ားၾကီးမစဥ္းစားနဲ႕ေတာင္ရွည္ပုဆိုးကြာ။ မိန္းမေတာင္ရွည္၀တ္တယ္ဆိုတာ ေခတ္အဆက္ဆက္ မရွိပါဘူး။ မိန္းကေလးေခါင္းေပါင္းထားတာေရာေတြ႕ဖူးလား။ မရွိပါဘူး။ လူရႊင္ေတာ္အ၀တ္အစားကို မိန္းမတစ္ေယာက္၀တ္တယ္ဆိုတာ ရွိကိုမရွိခဲ့ဖူးဘူး။ လုပ္လဲမလုပ္ရဘူး။ အဲ့ဒါမလုပ္ရတဲ့အထဲမွာ ပါတယ္။ မလုပ္ေကာင္းတဲ့အထဲမွာ ပါတယ္။ အဲ့ဒီအ၀တ္အစား၀တ္ၿပီး အဲ့ဒီပညာရပ္နဲ႕အသက္ေမြး၀မ္းေၾကာင္းျပဳေနတဲ့သူေတြကုိေစာ္ကားရာေရာက္တယ္။ အဲ့ဒီလိုဆိုေတာ့ ကၽြန္ေတာ့္သေဘာကေတာ့ဒါကိုမလုပ္သင့္ဘူး။ အဲ့ဒါကို အဲ့ဒီကေလးေတြမ်ားမသိလို႕လားေပါ့။ သိသိၾကီးနဲ႕လုပ္တာဆုိရင္ေတာ့ ကိုယ့္ကုသိုလ္နဲ႕ကိုယ္ေပါ့ေလ။ ကၽြန္ေတာ္ကေတာ့မသိလို႕ပဲလုပ္တယ္လို႕ယူဆၿပီးအၾကံေပးတာပါ။

-ေနာက္ထပ္မလုပ္ေစခ်င္တာ လူရႊင္ေတာ္ပံုစံေပါ့ေနာ္။

ပြဲေတြလုပ္တာက ကၽြန္ေတာ္နဲ႕မဆုိင္ပါဘူး။ လူရႊင္ေတာ္လုပ္ခဲ့ရင္လဲ ကၽြန္ေတာ္နဲ႕ မဆုိင္ေသးပါဘူး။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့္ရဲ႕တစ္ကုိယ္ေရတစ္ေယာက္တည္းရဲ႕စိတ္ခံစားခ်က္ကိုသူတို႕ကိုေျပာျပတာေပါ့။ ထပ္မလုပ္ေစခ်င္ဘူးဆိုတာ ဘယ္လိုမွ အံ၀င္ခြင္က်မျဖစ္သလို သဘာ၀လဲမက်လို႕ပါ။ လူရႊင္ေတာ္အလုပ္ကို မင္းသမီး၀င္လုပ္တယ္ဆိုတာ သဘာ၀ကုိမက်တာပါ။ မင္းသမီးက မင္းသမီး၀င္ကတာ အေၾကာင္းမဟုတ္ဘူး။ ဒီလူရႊင္ေတာ္တစ္ေယာက္ရဲ႕ပညာေတြဆိုတာ အမ်ားၾကီး ေနာက္ဆံုးပါးစပ္က ထြက္တာခဏထားဦး။ ၀တ္တာစားတာနဲ႕ပတ္သက္ၿပီးေတာ့ကေတာင္မျဖစ္သင့္တဲ့ကိစၥပါ။ ကၽြန္ေတာ္တို႕ေတြယဥ္ေက်းမႈ ထိန္းသိမ္းခ်င္တယ္။ ဘာထိန္းသိမ္းခ်င္တယ္ေျပာၾကတယ္မလား။ အဲ့ဒီမွာထိန္းသိမ္းေလ။ မဟုတ္တာေတြေလွ်ာက္ေျပာမေနနဲ႕။ မိန္းကေလးေတြ စကဒ္အတို၀တ္တာျပသနာမရွိဘူး။ ေဘာင္းဘီတို၀တ္တာလဲျပသနာမရွိဘူး။ ကၽြန္ေတာ္တို႕အဲ့ဒါေတြကို သြားေျပာေနရင္ငေပါေတြျဖစ္သြားလိမ့္မယ္။ ဘာလို႕လဲဆိုေတာ့ ေဘာင္းဘီတို၀တ္ၿပီး သြားရမဲ့ေနရာေတြရွိသလုိ စကဒ္တို၀တ္ၿပီးသြားရမဲ့ေနရာေတြကလဲရွိတယ္။ ကၽြန္ေတာ္က အဓိကအဲ့ဒါကိုေျပာခ်င္တာပါ။ သူတုိ႕ဟာလူရႊင္ေတာ္ပညာရပ္ကို မတတ္ဘူး။ ေလ့လဲမေလ့လာဖူးဘူး။ အျငိမ့္တစ္ခုေတာင္ အစအဆံုးၿပီးေအာင္သူတို႕ၾကည့္ဖူးမယ္မထင္ပါဘူး။ ဒီကေလးေတြအတြက္က သိပ္လြယ္လြန္းအားၾကီးတယ္။ လူၾကီးေတြတည္ေဆာက္လာတဲ့ႏွစ္ေတြက မနည္းဘူးဆိုေတာ့ သူတို႕တန္ဖိုးမထားပဲေစာ္ကားသလိုျဖစ္မွာစိုးလို႕ပါ။

-အစ္ကုိအဲ့ဒီလိုေ၀ဖန္လိုက္တဲ့အခါမွာေရာ သူတို႕ေတြဆီကဘယ္လိုျပန္ၾကားရလဲ။

စိတ္မ၀င္စားပါဘူး။ နားလဲမေထာင္ျဖစ္ဘူး။ ဘာမွလဲျပန္မၾကားရဘူး။ သူတို႕လဲဘာမွလာမေျပာၾကဘူး။ ကၽြန္ေတာ္ေရးထားတဲ့အထဲမွာလဲပါပါတယ္။ စိတ္ဆိုးရင္လဲဆိုးလို႕ရတယ္။ ေနာက္ေတာ့ထပ္မလုပ္နဲ႕။ ကၽြန္ေတာ္ေရးၿပီးတဲ့အရာတစ္ခုကိုကၽြန္ေတာ္ကျပန္ျဖည္မွာေတာ့မဟုတ္ဘူး။ ကၽြန္ေတာ္ဒီကိစၥကိုစိတ္ထဲမွာသိပ္မရွိေတာ့ပါဘူး။ ညီမေမးလို႕သာေျဖရတာပါ။ ေျပာသင့္တာေျပာၿပီးသြားၿပီျဖစ္တဲ့အတြက္ဘာျဖစ္ျဖစ္ ကၽြန္ေတာ္စိတ္မ၀င္စားပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

Paradise လို့အမည်ပေးထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို သူငယ်ချင်းတွေနဲ့စုပြီး စတင်လုပ်ကိုင်နေသူကတော့ ဖြိုးငွေစိုးပဲဖြစ်ပါတယ်။ အဆိုပါ ထုတ်လုပ်ရေးမှရုပ်ရှင်ကားကြီးအနေနဲ့သုံးကားရိုက်ကူးထားပြီဖြစ်ပြီး ကွဲပြားခြားနားတဲ့ကာရိုက်တာတွေနဲ့ဇာတ်ကောင် အမျိုးအစားပေါင်းစုံ စုံလင်စွာဖြင့်ချပြသွားမယ်လို့လဲသိရပါတယ်။ ဒါ့အပြင်ရှေ့ရက်တွေက သူ့ရဲ့ဖေစ့်ဘွတ်စာမျက်နှာမှာ တင်ခဲ့တဲ့ ခေတ်သစ်ဧကရီအငြိမ့်နဲ့ပတ်သက်ပြီးဝေဖန်ပြထားတဲ့အရာတွေကို ရေးသားတင်ပြထားတာတွေကိုတွေ့ရတာကြောင့် အဆိုပါအကြောင်းအရာအပြင်လက်ရှိမှာလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုများအကြောင်းကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကိုလဲ ပြောပြပေးပါဦး။

ကျွန်တော်တို့သည်မိန်းမများဖြစ်ပြီး ကျွန်မတို့သည် ယောကျာ်းများဖြစ်ကြသည်။ အဲ့ဒါကအရှေ့မှာ ရိုက်ပြီးတယ်။ ပြောင်းပြန်ဖြစ်နေတဲ့ရွာလေးအကြောင်းပေါ့။ နောက်ရွှေရည်စိမ်လူပျိုများကတစ်ကားနောက်သရဲကားတစ်ကားပေါ့။ အဲ့ဒီသုံးကားစလုံး ကျွန်တော်တို့တိုက်က ရိုက်တာပါ။ နာမည်ကတော့ 4 Brothers ဆိုတာ တစ်ခုပေးထားတယ်။ Paradise လို့လဲပေးထားတယ်။ သူငယ်ချင်းလေးယောက် ဆက်လုပ်တာဆိုတော့လေ။ ကျွန်တော်တို့ရဲ့အစ်ကိုတွေရယ်၊ စိုင်းလွှမ်းရယ်ပေါ့။ နောက်ပြီး အခုဒီနေ့ ဒီဗီဒီယိုလေးစဝင်တယ်ပေါ့။ ကြားထဲမှာ ရွှေမန်းတို့ဆီက Charm 2 လေးလက်စသတ်ရိုက်ပေးဖြစ်တယ်။ ပြီးရင်ပြည်ဟိန်းသီဟနဲ့ပဲဗီဒီယိုလေးဆက်ဝင်ဖို့ရှိပါတယ်။

-Charm 2 အဆက်မှာရော ဘယ်လိုပုံစံလေးလဲ။

သူတို့နှစ်ယောက်ရဲ့အစ်ကို ရှေ့ကားရဲ့အဆက်လိုပါပဲ။ ဒီထဲမှာအိမ်ထောင်ကျသွားတာတို့ပါတို့ထပ်ပါတယ်ပေါ့။

-အစ်ကိုပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ကျောက်စာကားကြီးကိုလဲ အခုသေချာလေးလုပ်နေတယ်လို့သိရတယ်နော်။

အဲ့ဒါကရုံတင်တော့မယ်ထင်တယ်။ ရက်တော့အတိအကျမသိသေးဘူး။ အဲ့ဒီကားလေးက ကောင်းတာလဲတော်တော်လေးကောင်းတယ်။ ပင်ပန်းတာလဲတော်တော်လေးပင်ပန်းတယ်။ သူတို့ရိုက်ထားတာရော ၊ ပြန်ပြီး Edit လုပ်တဲ့အပိုင်းတွေရော တော်တော်လေးကို အကုန်ကျခံလုပ်ထားတယ်လို့ကြားတယ်။ ကျွန်တော်တို့ကတော့သဘောကျတယ်။ လုပ်နေကျပုံစံမဟုတ်ပဲ ခွဲထွက်နေတဲ့ကားလေးတစ်ကားဖြစ်လို့ပါ။

-မှော်ကျောက်စာကားထဲက ကာရိုက်တာကို ပရိသတ်ကြီးနဲ့ပြန်လည်မိတ်ဆက်ပေးပါဦး။

ကျွန်တော်ကမှော်စရာ၊ သူထူးစံကဘုရင်ပေါ့။ ဘုရင်ကမှော်ဆရာကို အရှေ့မှာအားကိုးတယ်။ သူငယ်ချင်းလဲသူငယ်ချင်း နောက်ပိုင်းကတော့ ရုံတင်မှပဲသွားကြည့်ကြတော့ပေါ့ဗျာ။ အဲ့ဒီကားလေးကိုလဲအားရတယ်။ တကယ်တော့ ရိုမန့်စ်ဇာတ်ကားပဲ။ ဒါပေမဲ့ အဲ့ဒီရိုမန့်စ်ကိုမှ အပြင်အဆင်ထူးထူးခြားခြားလေးနဲ့ရိုက်ထားတာပေါ့။

-ကိုပြေတီဦးနဲ့ရိုက်ထားတဲ့ကားလေးတွေလဲထွက်လာတယ်။ အတွဲအပြိုင်လေးတွေရိုက်ဖြစ်နေတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။

ကျွန်တော်ကတော့ ဘယ်သူနဲ့မဆိုရိုက်တယ်။ အရမ်းကြီး မစဉ်းစားဘူး။ ဇာတ်လမ်းအဆင်ပြေရင်ရိုက်တယ်။ ဘယ်သူနဲ့မဆိုပေါ့။ တချို့တွေကျွန်တော်နဲ့မရိုက်ချင်တဲ့သူတွေလဲ ရှိမှာပေါ့လေ။ ကျွန်တော်ကတော့ အားလုံးနဲ့ရိုက်ရဲတယ်။ အဆင်ပြေတယ်။ ငယ်ငယ်ကတည်းကလဲ နှစ်ယောက်တွဲတွေက ရိုက်ခဲ့တာဆိုတော့လေ။ နိုင်းနိုင်းတို့နဲ့လဲ ငယ်ငယ်ကဆို အရမ်းတွဲရိုက်ခဲ့တယ်။ ဘယ်သူ့ကိုမှ ကိုယ့်ထက်နိမ့်အောင် လုပ်လိုက်မယ်။ ဘယ်သူ့ကိုတော့မြင့်အောင်လုပ်လိုက်မယ်ဆိုတာမျိုး မရှိပါဘူး။ ဇာတ်လမ်းပေါ်ပဲလိုက်ပြီး လုပ်ပါတယ်။ နိုင်းနိုင်းနဲ့ရိုက်တုန်းကဆိုရင်လဲ ကိုယ်ယူလာတဲ့အကျီၤသူဝတ်၊ သူယူလာတဲ့အကျီၤကိုယ်ဝတ်နဲ့ပြေတီဦးနဲ့ရိုက်ရင်လဲအဲ့ဒီလိုပဲ။ ရိုက်ကွင်းပေါ်မှာအဲ့ဒီရက်ကအရမ်းပူတော့သူ့အကျီၤကျွန်တော်ယူဝတ်စရာရှိရင်လဲယူဝတ်လိုက်တာပဲ။ ကျွန်တော့်အကျီၤလဲသူယူဝတ်ပေါ့။ အဲ့ဒါတွေကကားထွက်လာတဲ့အခါကျရင်သိသာတယ်လေ။

-အစ်ကိုရိုက်တဲ့ကားတော်တော်များများမှာ အခြောက်ကာရိုက်တာလုံးဝမပါဘူးနော်။

ဟုတ်တယ်ဗျ။ ရိုက်ကို မရိုက်တာပါ။ ကာရိုက်တာအရနည်းနည်းပါးပါးခြောက်ရမယ်ဆိုရင်တောင် မရိုက်ဖြစ်ဘူး။ ဘာလို့လဲဆိုတော့ကျွန်တော်မကျွမ်းကျင်လို့ပါ။ ကျွန်တော်နဲ့လဲသိပ်မလိုက်ဘူးထင်တယ်လေ။

-ရှေ့ရက်တွေတုန်းက ခေတ်သစ်ဧကရီအငြိမ့်နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာစာလေးတွေတင်တာတွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။

ကျွန်တော်ပြောပြီးပါပြီ။ သူတို့ကိုစိတ်ထဲမှာ မုန်းလို့၊ အမြင်ကတ်လို့ မဖြစ်ပါဘူး။ ကျွန်တော့်အနေနဲ့ကြည့်ရင် သူတို့က ကလေးတွေပါ။ ကျွန်တော်နဲ့လက်ရှိအလုပ်လုပ်နေတဲ့ ကလေးတွေလဲပါပါတယ်။ ရိုက်လက်စကလေးတွေလဲပါပါတယ်။ သူတို့မသိပဲနဲ့ များလုပ်လိုက်မိတာလားဆိုပြီးကျွန်တော်ကပြောတာပါ။ သိသိကြီးနဲ့လုပ်တာဆိုရင်တော့ ကျွန်တော်မပြောတော့ဘူး။ ဒါမျိုးတွေက အရှေ့မှာမင်းသမီးကြီးတွေလဲကခဲ့ဖူးတယ်လေ။ သူတို့တုန်းကကျွန်တော်မပြောဘူး။ မပြောဘူးဆိုတာ ကျွန်တော်ပြောစရာမှမလိုတာ။ ကျွန်တော်ပြောရမဲ့အနေအထားလဲမဟုတ်ဘူး။ သူတို့ကကျွန်တော့်ထက် စီနီယာကျတဲ့အသက်ရော၊ ဝါရောကြီးတဲ့သူတွေလုပ်ကြတာ သူတို့တွေသည်သိလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် ကျွန်တော်သွားပြီးဝေဖန်စရာအကြောင်းမရှိဘူး။ ဒီကလေးတွေကျတော့ ဝေဖန်သင့်တယ်။ ကျွန်တော်အဲ့ဒီလိုမှမပြောရင် တခြားလဲဘယ်သူမှ သိပ်ပြောမယ်မထင်ဘူး။ ကိုယ့်အချင်းချင်းမပြောရင် သူများကပြောတော့မှာ အဲ့ဒီအခါကျရင် သူတို့ပိုခံရမယ်။ ပိုထိခိုက်မယ်။ ပိုနစ်နာမယ်။ ကျွန်တော်ပြောလိုက်တာက အများဆုံးအမြင်ကတ်လှရင် ကျွန်တော်တစ်ယောက်လောက်ပေါ့။ အဲ့ဒါနဲ့တင်ပြီးတယ်။ ပြောလိုက်တဲ့ ကျွန်တော့်ရည်ရွယ်ချက်ကတစ်ခုတည်းပါ။ နောက်ထပ် ထပ်မလုပ်စေချင်လို့ပြောတာ လုပ်ပြီးသွားတာကတော့ ဘာမှဆက်လုပ်လို့မရဘူး။ သိတယ်။ ထပ်မလုပ်ရင်ပြီးရော ထပ်မလုပ်စေချင်တဲ့စိတ်နဲ့ပြောတာ အေးထပ်လုပ်ရင်လဲထပ်ပြောဦးမှာပဲ။ ဘာလို့လဲဆိုတော့ သိပ်အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။ အများကြီးမစဉ်းစားနဲ့တောင်ရှည်ပုဆိုးကွာ။ မိန်းမတောင်ရှည်ဝတ်တယ်ဆိုတာ ခေတ်အဆက်ဆက် မရှိပါဘူး။ မိန်းကလေးခေါင်းပေါင်းထားတာရောတွေ့ဖူးလား။ မရှိပါဘူး။ လူရွှင်တော်အဝတ်အစားကို မိန်းမတစ်ယောက်ဝတ်တယ်ဆိုတာ ရှိကိုမရှိခဲ့ဖူးဘူး။ လုပ်လဲမလုပ်ရဘူး။ အဲ့ဒါမလုပ်ရတဲ့အထဲမှာ ပါတယ်။ မလုပ်ကောင်းတဲ့အထဲမှာ ပါတယ်။ အဲ့ဒီအဝတ်အစားဝတ်ပြီး အဲ့ဒီပညာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေကိုစော်ကားရာရောက်တယ်။ အဲ့ဒီလိုဆိုတော့ ကျွန်တော့်သဘောကတော့ဒါကိုမလုပ်သင့်ဘူး။ အဲ့ဒါကို အဲ့ဒီကလေးတွေများမသိလို့လားပေါ့။ သိသိကြီးနဲ့လုပ်တာဆိုရင်တော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပေါ့လေ။ ကျွန်တော်ကတော့မသိလို့ပဲလုပ်တယ်လို့ယူဆပြီးအကြံပေးတာပါ။

-နောက်ထပ်မလုပ်စေချင်တာ လူရွှင်တော်ပုံစံပေါ့နော်။

ပွဲတွေလုပ်တာက ကျွန်တော်နဲ့မဆိုင်ပါဘူး။ လူရွှင်တော်လုပ်ခဲ့ရင်လဲ ကျွန်တော်နဲ့ မဆိုင်သေးပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့တစ်ကိုယ်ရေတစ်ယောက်တည်းရဲ့စိတ်ခံစားချက်ကိုသူတို့ကိုပြောပြတာပေါ့။ ထပ်မလုပ်စေချင်ဘူးဆိုတာ ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်သလို သဘာဝလဲမကျလို့ပါ။ လူရွှင်တော်အလုပ်ကို မင်းသမီးဝင်လုပ်တယ်ဆိုတာ သဘာဝကိုမကျတာပါ။ မင်းသမီးက မင်းသမီးဝင်ကတာ အကြောင်းမဟုတ်ဘူး။ ဒီလူရွှင်တော်တစ်ယောက်ရဲ့ပညာတွေဆိုတာ အများကြီး နောက်ဆုံးပါးစပ်က ထွက်တာခဏထားဦး။ ဝတ်တာစားတာနဲ့ပတ်သက်ပြီးတော့ကတောင်မဖြစ်သင့်တဲ့ကိစ္စပါ။ ကျွန်တော်တို့တွေယဉ်ကျေးမှု ထိန်းသိမ်းချင်တယ်။ ဘာထိန်းသိမ်းချင်တယ်ပြောကြတယ်မလား။ အဲ့ဒီမှာထိန်းသိမ်းလေ။ မဟုတ်တာတွေလျှောက်ပြောမနေနဲ့။ မိန်းကလေးတွေ စကဒ်အတိုဝတ်တာပြသနာမရှိဘူး။ ဘောင်းဘီတိုဝတ်တာလဲပြသနာမရှိဘူး။ ကျွန်တော်တို့အဲ့ဒါတွေကို သွားပြောနေရင်ငပေါတွေဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘောင်းဘီတိုဝတ်ပြီး သွားရမဲ့နေရာတွေရှိသလို စကဒ်တိုဝတ်ပြီးသွားရမဲ့နေရာတွေကလဲရှိတယ်။ ကျွန်တော်က အဓိကအဲ့ဒါကိုပြောချင်တာပါ။ သူတို့ဟာလူရွှင်တော်ပညာရပ်ကို မတတ်ဘူး။ လေ့လဲမလေ့လာဖူးဘူး။ အငြိမ့်တစ်ခုတောင် အစအဆုံးပြီးအောင်သူတို့ကြည့်ဖူးမယ်မထင်ပါဘူး။ ဒီကလေးတွေအတွက်က သိပ်လွယ်လွန်းအားကြီးတယ်။ လူကြီးတွေတည်ဆောက်လာတဲ့နှစ်တွေက မနည်းဘူးဆိုတော့ သူတို့တန်ဖိုးမထားပဲစော်ကားသလိုဖြစ်မှာစိုးလို့ပါ။

-အစ်ကိုအဲ့ဒီလိုဝေဖန်လိုက်တဲ့အခါမှာရော သူတို့တွေဆီကဘယ်လိုပြန်ကြားရလဲ။

စိတ်မဝင်စားပါဘူး။ နားလဲမထောင်ဖြစ်ဘူး။ ဘာမှလဲပြန်မကြားရဘူး။ သူတို့လဲဘာမှလာမပြောကြဘူး။ ကျွန်တော်ရေးထားတဲ့အထဲမှာလဲပါပါတယ်။ စိတ်ဆိုးရင်လဲဆိုးလို့ရတယ်။ နောက်တော့ထပ်မလုပ်နဲ့။ ကျွန်တော်ရေးပြီးတဲ့အရာတစ်ခုကိုကျွန်တော်ကပြန်ဖြည်မှာတော့မဟုတ်ဘူး။ ကျွန်တော်ဒီကိစ္စကိုစိတ်ထဲမှာသိပ်မရှိတော့ပါဘူး။ ညီမမေးလို့သာဖြေရတာပါ။ ပြောသင့်တာပြောပြီးသွားပြီဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ် ကျွန်တော်စိတ်မဝင်စားပါဘူး။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top