Property Expo
×

                          ေကာ္ဖီဘတ္စ္ကားႀကီးရဲ႕ အတြင္းပိုင္းျမင္ကြင္း။

ဘတ္စ္ကားစီးရတာဟာ သီးသန္႔အငွားယာဥ္ (သို႔) ကိုယ္ပိုင္ကားနဲ႔ သြားရတာေလာက္ ႏွစ္လိုဖြယ္
မေကာင္းဘူးဆိုတာ လူတိုင္း သိၾကပါတယ္။

ဒါေပမဲ့ ႏွစ္လိုဖြယ္ေကာင္းတဲ့ဘတ္စ္ကား ရွိပါတယ္ဆိုရင္ စာဖတ္သူတို႔ စိတ္၀င္စားၾကမယ္လုိ႔
ထင္ပါတယ္။

သူ႔အမည္က ‘ရန္ကုန္ေကာ္ဖီဘတ္စ္’ ပါတဲ့။ နံပါတ္(၃၉)ဘတ္စ္ကားႀကီးကို ေကာ္ဖီဆုိင္အျဖစ္
ဖြင့္ထားတာပါ။

ဒီဘတ္စ္ကားေကာ္ဖီဆိုင္ကို စက္တင္ဘာလ ၈ ရက္ေန႔ကစတင္ၿပီး ကန္ေတာ္ႀကီးေမွ်ာ္စင္ ကြ်န္းထဲမွာ
ဖြင့္လွစ္လိုက္တာျဖစ္ပါတယ္။

အမ်ားပံုစံမဟုတ္ဘဲ ခရီးသည္တင္ယာဥ္ထဲမွာ ဖြင့္လွစ္ထားတဲ့အျပင္ မဖြင့္ခင္ကတည္းကလည္း
ဒီဘတ္စ္ကားအေၾကာင္းကို လူမႈစာမ်က္ႏွာမွာ ႀကိဳတင္ေၾကာ္ျငာထားတာေၾကာင့္ ဆိုင္စဖြင့္တဲ့ေန႔မွာပဲ
ဧည့္သည္ေတာ္ေတာ္မ်ားမ်ားနဲ႔ စည္ကားေနတာကို ေတြ႕ခဲ့ရပါတယ္။

“၃၉ ဘတ္စ္ကားကို၀ယ္ၿပီး အျပင္ပိုင္းအေရာင္နဲ႔ အတြင္းပုိင္းကိုပဲ ျပန္ၿပီးျပင္ဆင္ထားတာပါ။
ဆုိင္ျပင္ဆင္တာေတာ့ ေလးလေလာက္ ၾကာပါတယ္။ ေကာ္ဖီဘတ္စ္ဆုိင္က အေနာက္ႏုိင္ငံေတြ
မွာေတာ့ ရွိေပမဲ့ ျမန္မာႏုိင္ငံမွာေတာ့ ပထမဆံုးလုိ႔ေျပာလုိ႔ရပါတယ္”လို႔ ဆုိင္ရွင္
ကိုၿဖဳိးမင္းဟိန္းထက္က ျမန္မာတိုင္း(မ္)ကို ေျပာပါတယ္။

ဘတ္စ္ကားႀကီးရဲ႕ အျပင္ပိုင္းကို အနီေရာင္ေဆး သုတ္ထားၿပီး ကားပတ္ပတ္လည္မွာေတာ့
အစိမ္းေရာင္အပင္ေလးေတြနဲ႔ ၀န္းရံထားပါတယ္။

ဆုိင္အျပင္အဆင္ ကေတာ့ ဘတ္စ္ကားေပၚမွာလည္း ထုိင္လုိ႔ရသလုိ ဘတ္စ္ကား
အျပင္ဘက္မွာလည္း ခံုေတြ ခင္းက်င္းထားပါတယ္။

ကားေပၚကုိ တက္သြားတာနဲ႔ တက္တက္ခ်င္းမွာ ေကာ္ဖီဘားေလးလုပ္ထားၿပီး ေကာ္ဖီေဖ်ာ္ေနတာကို
ေဘးကေန ၾကည့္လုိ႔ရပါတယ္။

အဲဒီကေနမွ ဆက္၀င္သြားရင္ ဘတ္စ္ကားရဲ႕အတြင္းခန္းထဲမွာ အလင္းေရာင္အတြက္ကို
မီးလံုးေလးေတြကို ကားမ်က္ႏွာၾကက္ကေန တြဲေလာင္းေလးေတြဆြဲၿပီး မ်က္စိပသာဒျဖစ္ဖြယ္
တပ္ဆင္ထားပါတယ္။

စားပဲြတစ္ခုခ်င္းဆီမွာလည္း မီးအိမ္ဒီဇုိင္းတစ္မ်ဳိး စီနဲ႔ ေသခ်ာအလွဆင္ထားပါတယ္။

ထိုင္ခံုေတြကေတာ့ ဘတ္စ္ကားေပၚက ခံုေတြအတုိင္းျဖစ္ၿပီး မ်က္ႏွာခ်င္းဆိုင္ ထိုင္ခံုႏွစ္တန္း
ၾကားမွာေတာ့ အစားအေသာက္ေတြ တင္စားဖို႔အတြက္ ေလးေထာင့္စားပြဲခံုေလးကို ခ်ထားပါတယ္။

တစ္ဖက္တစ္ခ်က္မွာေတာ့ ဘားေကာင္တာပံုစံမ်ဳိး စားပဲြအျမင့္အရွည္တန္းကို ခ်ထားၿပီး ထိုင္စရာ
ထိုင္ခံုျမင့္၀ိုင္းေတြကိုလည္း ေနရာခ်ထားပါတယ္။

ဘတ္စ္ကားရဲ႕ ေနာက္ဆံုးတန္းခံုရွည္ႀကီးမွာ ေတာ့ လူအုပ္မ်ားတဲ့သူေတြ ထိုင္ဖို႔အတြက္ ျပဳလုပ္ထားၿပီး
စားပဲြအျဖစ္ကိုေတာ့ ေဆးေရာင္သုတ္ထားတဲ့ ကားတာယာဘီးေတြကို ဆင့္ၿပီးအေပၚကေန မွန္တပ္ၿပီး
ဖန္တီးထားပါတယ္။

ေကာ္ဖီဘတ္စ္ကားႀကီးရဲ႕ အတြင္းပိုင္းျမင္ကြင္း။ ခင္သန္းျဖဴ/ျမန္မာတိုင္း(မ္)ေကာ္ဖီဘတ္စ္ကားႀကီးရဲ႕ အတြင္းပိုင္းျမင္ကြင္း။ ခင္သန္းျဖဴ/ျမန္မာတိုင္း(မ္)

“ရန္ကုန္ေကာ္ဖီဘတ္စ္ဆုိင္ကို အင္တာနက္မွာ ေတြ႕လုိ႔လာတာပါ။ ေကာ္ဖီဆုိင္ကုိမွ ထူးထူးျခားျခား
ဘတ္စ္ကားေပၚမွာျဖစ္လုိ႔နဲ႔ ဆုိင္အတြင္းပုိင္း ျပင္ဆင္ထားတာေတြလည္း ေတြ႕ၿပီး သေဘာက်လုိ႔
ဒီေန႔ဖြင့္ပဲြေန႕မွာ လာေသာက္ၾကည့္တာ”လုိ႔ ဆိုင္ဖြင့္ပြဲေန႔ မနက္ပိုင္းမွာ ေကာ္ဖီလာေသာက္တဲ့
ဧည့္သည္တစ္ဦးက ေျပာပါတယ္။

ေကာ္ဖီဆိုင္ဆိုတဲ့အတိုင္း ေကာ္ဖီအမ်ဳိးအစား ေတာ္ေတာ္ေလး စံုစံုလင္လင္ရရွိၿပီး Espresso
Macchiato, Americano, Flat White, Cappuccino, Café Latte, Mocha (hot)
ေကာ္ဖီေတြက က်ပ္ ၂,၅၀၀ ကေန ၄,၀၀၀ အတြင္းျဖစ္ၿပီး Cappuccino Frappe, Mocha Frappe,
Yogurt Frappe, Green Tea Frappe, Java Frappe စတဲ့ Frappuccino (Iced) ေကာ္ဖီ
အမ်ဳိးအစားေတြကေတာ့ က်ပ္ ၄,၀၀၀ ၀န္းက်င္ပါ။

သစ္သီးေဖ်ာ္ရည္ေတြကေတာ့ လိေမၼာ္၊ နာနတ္နဲ႔ ပန္းသီးတို႔သာ ရရွိႏုိင္ၿပီး ႏြားႏို႔နဲ႔
ေခ်ာ့ကလက္ေဖ်ာ္ရည္လည္း ရပါတယ္။

ေဈးႏႈန္းေတြကေတာ့ က်ပ္ ၁,၅၀၀ ကေန ၃,၀၀၀ အတြင္းပါ။

အစားအေသာက္အေနနဲ႔ကေတာ့ ဘေရာင္နီေခ်ာကလက္ခ်ိစ္ကိတ္နဲ႔ တျခားကိတ္အခ်ဳိ႕လည္း
ရပါတယ္။

ကိတ္ေတြကေတာ့ က်ပ္ ၂,၀၀၀ ၀န္းက်င္ပါပဲ။

ဒီဆုိင္မွာ ထူးထူးျခားျခား စားလုိ႔ေကာင္းတာကေတာ့ Bubble Waffle ပါပဲ။

ေ၀ဖာက တျခားဆုိင္ေတြလုိ အကြက္ပံုစံ မဟုတ္ဘဲ အေဖာင္းပံုစံ လုပ္ထားၿပီး စားရတာလည္း
ရြရြေလးနဲ႔ စားေကာင္းပါတယ္။

ဒီေ၀ဖာကို ေရခဲမုန္႔၊ ေဖာ့ဂ်ယ္လီေလးေတြနဲ႔ တဲြဖက္စားတဲ့အခါ အရမ္းစားလုိ႔ေကာင္းတဲ့
အတြဲအစပ္ပါပဲ။

ေဈးႏႈန္းကေတာ့ က်ပ္ ၄,၀၀၀ ပါ။

ဆိုင္ဖြင့္ခ်ိန္ကေတာ့ မနက္ ၉ နာရီကေန ည ၉ နာရီအထိပါ။

ေကာ္ဖီႀကဳိက္သူေတြအတြက္ သတင္းေကာင္းတစ္ခုကေတာ့ ဒီေကာ္ဖီဆုိင္မွာ
သြားေသာက္သူတုိင္းကုိ ကတ္ျပားေလးေတြ ေပးမွာျဖစ္ၿပီး ကတ္ျပားထဲမွာ ေကာ္ဖီခြက္ပံုစံ
ကိုးခြက္ကို ႐ိုက္ထားပါတယ္။

ေကာ္ဖီတစ္ခါေသာက္ၿပီးတုိင္း ဒီကတ္ျပားေပၚမွာ တံဆိပ္တံုးထုေပးမွာျဖစ္ၿပီး ဒီကတ္ျပားထဲက
ေကာ္ဖီခြက္ကိုးခြက္ကုိ တံဆိပ္တံုးအျပည့္ ထုၿပီးသြားတာနဲ႔ ရန္ကုန္ေကာ္ဖီဘတ္စ္ကေန စားသံုးသူကို
ေကာ္ဖီတစ္ခြက္ ေမတၱာလက္ေဆာင္ျပန္တုိက္မွာပါ။

ကဲ .. ရန္ကုန္ၿမိဳ႕က ဘတ္စ္ကားက်ပ္က်ပ္ေတြကို ပူပူေလာင္ေလာင္စီးၿပီးၿပီဆိုရင္ေတာ့
ေလေအးေပးစက္ ဖြင့္ထားတဲ့ အမိုက္စားဘတ္စ္ကားႀကီးထဲသြားၿပီး ေကာ္ဖီ (သို႔)
ေဖ်ာ္ရည္ေသာက္ရင္း အပန္းေျဖ အနားယူလိုက္ပါလို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

#Unicode Version
ကော်ဖီဘတ်စ်ကားကြီးရဲ့ အတွင်းပိုင်းမြင်ကွင်း။ ခင်သန်းဖြူ/မြန်မာတိုင်း(မ်)ကော်ဖီဘတ်စ်ကားကြီးရဲ့ အတွင်းပိုင်းမြင်ကွင်း။ ခင်သန်းဖြူ/မြန်မာတိုင်း(မ်)



ဘတ်စ်ကားစီးရတာဟာ သီးသန့်အငှားယာဉ် (သို့) ကိုယ်ပိုင်ကားနဲ့ သွားရတာလောက် နှစ်လိုဖွယ်
မကောင်းဘူးဆိုတာ လူတိုင်း သိကြပါတယ်။

ဒါပေမဲ့ နှစ်လိုဖွယ်ကောင်းတဲ့ဘတ်စ်ကား ရှိပါတယ်ဆိုရင် စာဖတ်သူတို့ စိတ်ဝင်စားကြမယ်လို့
ထင်ပါတယ်။

သူ့အမည်က ‘ရန်ကုန်ကော်ဖီဘတ်စ်’ ပါတဲ့။ နံပါတ်(၃၉)ဘတ်စ်ကားကြီးကို ကော်ဖီဆိုင်အဖြစ်
ဖွင့်ထားတာပါ။

ဒီဘတ်စ်ကားကော်ဖီဆိုင်ကို စက်တင်ဘာလ ၈ ရက်နေ့ကစတင်ပြီး ကန်တော်ကြီးမျှော်စင် ကျွန်းထဲမှာ
ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

အများပုံစံမဟုတ်ဘဲ ခရီးသည်တင်ယာဉ်ထဲမှာ ဖွင့်လှစ်ထားတဲ့အပြင် မဖွင့်ခင်ကတည်းကလည်း
ဒီဘတ်စ်ကားအကြောင်းကို လူမှုစာမျက်နှာမှာ ကြိုတင်ကြော်ငြာထားတာကြောင့် ဆိုင်စဖွင့်တဲ့နေ့မှာပဲ
ဧည့်သည်တော်တော်များများနဲ့ စည်ကားနေတာကို တွေ့ခဲ့ရပါတယ်။

“၃၉ ဘတ်စ်ကားကိုဝယ်ပြီး အပြင်ပိုင်းအရောင်နဲ့ အတွင်းပိုင်းကိုပဲ ပြန်ပြီးပြင်ဆင်ထားတာပါ။
ဆိုင်ပြင်ဆင်တာတော့ လေးလလောက် ကြာပါတယ်။ ကော်ဖီဘတ်စ်ဆိုင်က အနောက်နိုင်ငံတွေ
မှာတော့ ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးလို့ပြောလို့ရပါတယ်”လို့ ဆိုင်ရှင်
ကိုဖြိုးမင်းဟိန်းထက်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဘတ်စ်ကားကြီးရဲ့ အပြင်ပိုင်းကို အနီရောင်ဆေး သုတ်ထားပြီး ကားပတ်ပတ်လည်မှာတော့
အစိမ်းရောင်အပင်လေးတွေနဲ့ ဝန်းရံထားပါတယ်။

ဆိုင်အပြင်အဆင် ကတော့ ဘတ်စ်ကားပေါ်မှာလည်း ထိုင်လို့ရသလို ဘတ်စ်ကား
အပြင်ဘက်မှာလည်း ခုံတွေ ခင်းကျင်းထားပါတယ်။

ကားပေါ်ကို တက်သွားတာနဲ့ တက်တက်ချင်းမှာ ကော်ဖီဘားလေးလုပ်ထားပြီး ကော်ဖီဖျော်နေတာကို
ဘေးကနေ ကြည့်လို့ရပါတယ်။

အဲဒီကနေမှ ဆက်ဝင်သွားရင် ဘတ်စ်ကားရဲ့အတွင်းခန်းထဲမှာ အလင်းရောင်အတွက်ကို
မီးလုံးလေးတွေကို ကားမျက်နှာကြက်ကနေ တွဲလောင်းလေးတွေဆွဲပြီး မျက်စိပသာဒဖြစ်ဖွယ်
တပ်ဆင်ထားပါတယ်။

စားပွဲတစ်ခုချင်းဆီမှာလည်း မီးအိမ်ဒီဇိုင်းတစ်မျိုး စီနဲ့ သေချာအလှဆင်ထားပါတယ်။

ထိုင်ခုံတွေကတော့ ဘတ်စ်ကားပေါ်က ခုံတွေအတိုင်းဖြစ်ပြီး မျက်နှာချင်းဆိုင် ထိုင်ခုံနှစ်တန်း
ကြားမှာတော့ အစားအသောက်တွေ တင်စားဖို့အတွက် လေးထောင့်စားပွဲခုံလေးကို ချထားပါတယ်။

တစ်ဖက်တစ်ချက်မှာတော့ ဘားကောင်တာပုံစံမျိုး စားပွဲအမြင့်အရှည်တန်းကို ချထားပြီး ထိုင်စရာ
ထိုင်ခုံမြင့်ဝိုင်းတွေကိုလည်း နေရာချထားပါတယ်။

ဘတ်စ်ကားရဲ့ နောက်ဆုံးတန်းခုံရှည်ကြီးမှာ တော့ လူအုပ်များတဲ့သူတွေ ထိုင်ဖို့အတွက် ပြုလုပ်ထားပြီး
စားပွဲအဖြစ်ကိုတော့ ဆေးရောင်သုတ်ထားတဲ့ ကားတာယာဘီးတွေကို ဆင့်ပြီးအပေါ်ကနေ မှန်တပ်ပြီး
ဖန်တီးထားပါတယ်။

ကော်ဖီဘတ်စ်ကားကြီးရဲ့ အတွင်းပိုင်းမြင်ကွင်း။ ခင်သန်းဖြူ/မြန်မာတိုင်း(မ်)ကော်ဖီဘတ်စ်ကားကြီးရဲ့ အတွင်းပိုင်းမြင်ကွင်း။ ခင်သန်းဖြူ/မြန်မာတိုင်း(မ်)

“ရန်ကုန်ကော်ဖီဘတ်စ်ဆိုင်ကို အင်တာနက်မှာ တွေ့လို့လာတာပါ။ ကော်ဖီဆိုင်ကိုမှ ထူးထူးခြားခြား
ဘတ်စ်ကားပေါ်မှာဖြစ်လို့နဲ့ ဆိုင်အတွင်းပိုင်း ပြင်ဆင်ထားတာတွေလည်း တွေ့ပြီး သဘောကျလို့
ဒီနေ့ဖွင့်ပွဲနေ့မှာ လာသောက်ကြည့်တာ”လို့ ဆိုင်ဖွင့်ပွဲနေ့ မနက်ပိုင်းမှာ ကော်ဖီလာသောက်တဲ့
ဧည့်သည်တစ်ဦးက ပြောပါတယ်။

ကော်ဖီဆိုင်ဆိုတဲ့အတိုင်း ကော်ဖီအမျိုးအစား တော်တော်လေး စုံစုံလင်လင်ရရှိပြီး Espresso
Macchiato, Americano, Flat White, Cappuccino, Café Latte, Mocha (hot)
ကော်ဖီတွေက ကျပ် ၂,၅၀၀ ကနေ ၄,၀၀၀ အတွင်းဖြစ်ပြီး Cappuccino Frappe, Mocha Frappe,
Yogurt Frappe, Green Tea Frappe, Java Frappe စတဲ့ Frappuccino (Iced) ကော်ဖီ
အမျိုးအစားတွေကတော့ ကျပ် ၄,၀၀၀ ဝန်းကျင်ပါ။

သစ်သီးဖျော်ရည်တွေကတော့ လိမ္မော်၊ နာနတ်နဲ့ ပန်းသီးတို့သာ ရရှိနိုင်ပြီး နွားနို့နဲ့
ချော့ကလက်ဖျော်ရည်လည်း ရပါတယ်။

ဈေးနှုန်းတွေကတော့ ကျပ် ၁,၅၀၀ ကနေ ၃,၀၀၀ အတွင်းပါ။

အစားအသောက်အနေနဲ့ကတော့ ဘရောင်နီချောကလက်ချိစ်ကိတ်နဲ့ တခြားကိတ်အချို့လည်း
ရပါတယ်။

ကိတ်တွေကတော့ ကျပ် ၂,၀၀၀ ဝန်းကျင်ပါပဲ။

ဒီဆိုင်မှာ ထူးထူးခြားခြား စားလို့ကောင်းတာကတော့ Bubble Waffle ပါပဲ။

ဝေဖာက တခြားဆိုင်တွေလို အကွက်ပုံစံ မဟုတ်ဘဲ အဖောင်းပုံစံ လုပ်ထားပြီး စားရတာလည်း
ရွရွလေးနဲ့ စားကောင်းပါတယ်။

ဒီဝေဖာကို ရေခဲမုန့်၊ ဖော့ဂျယ်လီလေးတွေနဲ့ တွဲဖက်စားတဲ့အခါ အရမ်းစားလို့ကောင်းတဲ့
အတွဲအစပ်ပါပဲ။

ဈေးနှုန်းကတော့ ကျပ် ၄,၀၀၀ ပါ။

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။

ကော်ဖီကြိုက်သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ ဒီကော်ဖီဆိုင်မှာ
သွားသောက်သူတိုင်းကို ကတ်ပြားလေးတွေ ပေးမှာဖြစ်ပြီး ကတ်ပြားထဲမှာ ကော်ဖီခွက်ပုံစံ
ကိုးခွက်ကို ရိုက်ထားပါတယ်။

ကော်ဖီတစ်ခါသောက်ပြီးတိုင်း ဒီကတ်ပြားပေါ်မှာ တံဆိပ်တုံးထုပေးမှာဖြစ်ပြီး ဒီကတ်ပြားထဲက
ကော်ဖီခွက်ကိုးခွက်ကို တံဆိပ်တုံးအပြည့် ထုပြီးသွားတာနဲ့ ရန်ကုန်ကော်ဖီဘတ်စ်ကနေ စားသုံးသူကို
ကော်ဖီတစ်ခွက် မေတ္တာလက်ဆောင်ပြန်တိုက်မှာပါ။

ကဲ .. ရန်ကုန်မြို့က ဘတ်စ်ကားကျပ်ကျပ်တွေကို ပူပူလောင်လောင်စီးပြီးပြီဆိုရင်တော့
လေအေးပေးစက် ဖွင့်ထားတဲ့ အမိုက်စားဘတ်စ်ကားကြီးထဲသွားပြီး ကော်ဖီ (သို့)
ဖျော်ရည်သောက်ရင်း အပန်းဖြေ အနားယူလိုက်ပါလို့။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top