Property Expo
×

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ကမ္ပါၿမဳိ႕မွ ဗီကာသည္ လြန္ခဲ့သည့္ သုံးႏွစ္ခန္႔က ေက်ာင္းထြက္လိုက္ရသည္။ ဖခင္၏ လယ္လုပ္ငန္းကို ကူမည့္သူမရွိ မိသားစုကလည္း ဆင္းရဲသျဖင့္ ထုံးစံအတိုင္း ေက်ာင္းေစာေစာထြက္ကာ ပိုက္ဆံရွာေပးရေတာ့သည္။
ယေန႔ ဗီကာ၏ ဘဝ အေျပာင္းလဲႀကီး ေျပာင္းလဲေနသည္။ အသက္ ၂၆ ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္သည့္ ဗီကာသည္ ယခုေတာ့ ပြဲစားအလုပ္ကို လုပ္ကိုင္မိကာ ခြင္တည့္ၿပီး သူေဌးတစ္ေယာက္ ျဖစ္ေနသည္။ သူပြဲစားလုပ္ေနသည္မွာ လူ႔ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ားထဲမွ ကမာၻ႔အလိုအပ္ဆုံးႏွင့္ ေစ်းကြက္အဝင္ဆုံး ေက်ာက္ကပ္မ်ား ျဖစ္သည္။ ကမာၻေပၚတြင္ ေက်ာက္ကပ္အစားထိုးရန္ ေစာင့္ဆိုင္းေနသူေပါင္း မ်ားစြာအတြက္ သူက ေက်ာက္ကပ္ပြဲစား လုပ္ကာ ခ်မ္းသာလာခဲ့သည္။ ဗီကာက
“ခင္ဗ်ားမွာ ပိုက္ဆံလည္းမ်ားမ်ား ရွိတယ္၊ ေက်ာက္ကပ္လည္း အျမန္လိုတယ္ဆိုရင္ ကြၽန္ေတာ့္ဆီကိုသာ လာခဲ့။ ဘယ္မွာ ေက်ာက္ကပ္ရႏိုင္တယ္ ဆိုတာ ကြၽန္ေတာ္သိတယ္။ တစ္လအတြင္း ရေအာင္ လုပ္ေပးမယ္” ဟုဆိုသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ေတာင္အာရွအဖြဲ႔ခြဲသည္ ကမာၻပတ္ၿပီး ေက်ာက္ကပ္အစားထိုးမႈ လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးေနသည္။ ထိုအဖြဲ႔က အိႏၵိယႏိုင္ငံသည္ ျပည္ပသို႔ ေက်ာက္ကပ္အတင္ပို႔ဆုံးႏိုင္ငံ ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳထားသည္။ ႏွစ္စဥ္ အိႏၵိယႏိုင္ငံသား ၂၀၀၀ ခန္႔သည္ ႏိုင္ငံျခားသို႔ ေက်ာက္ကပ္မ်ား ေရာင္းခ်ေနၾကေၾကာင္း ယင္းအဖြဲ႔က ဆိုသည္။

ယခုအခါ အိႏၵိယႏိုင္ငံတြင္ ေက်ာက္ကပ္ေစ်းကြက္ႀကီးတစ္ခု ရွိေနေၾကာင္း သိလာသျဖင့္ ကေနဒါ၊ အစၥေရး၊ ၿဗိတိန္၊ ေဆာ္ဒီအာေရးဗီးယား၊ အာရပ္ေစာ္ဘြားႏိုင္ငံမ်ားႏွင့္ ဘာရိန္းတို႔မွ ေက်ာက္ကပ္ဝယ္လိုသူမ်ား အိႏၵိယကို ဦးတည္လာေနၾကၿပီ ျဖစ္သည္။

ကမာၻတစ္ဝန္းလုံးတြင္ လူသားတို႔၏ ကိုယ္အဂၤါ အစိတ္အပိုင္းမ်ားကို လႊဲေျပာင္းေရာင္းခ်ျခင္းမ်ားအား ဥပေဒမ်ားျဖင့္ တားျမစ္ပိတ္ပင္ထားၾကသည္သာ ျဖစ္သည္။ ေက်ာက္ကပ္အစားထိုးမႈမ်ားကိုလည္း ေသဆုံးသူ၏ ဆႏၵအရ လွဴဒါန္းလွ်င္ အစားထိုး ကုသေပးၾကသည္။ ေသဆုံးသူႏွင့္ လွဴဒါန္းသူကို ေစာင့္ရသည့္အလုပ္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာေကာင္းၾကာႏိုင္သည္။ ထို႔ေၾကာင့္လည္း အေရးေပၚအေနျဖင့္ ေက်ာက္ကပ္ေစ်းကြက္တစ္ခု ျဖစ္ေပၚလာခဲ့ရသည္။

ကမာၻေပၚတြင္ လိုအပ္ေနေသာ ေက်ာက္ကပ္အစားထိုးမႈမ်ားအတြက္ ခ်မ္းသာသူမ်ားႏွင့္ ခ်မ္းသာသည့္ ႏိုင္ငံမ်ားမွ ပြဲစားမ်ား၏ ပစ္မွတ္သည္ အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ သီရိလကၤာႏွင့္ အီရန္ ႏိုင္ငံမ်ား ျဖစ္ေနသည္။ သီရိလကၤာႏိုင္ငံ ကိုလံဘိုၿမဳိ႕တြင္ ေက်ာက္ကပ္ထုတ္ေရာင္းသူမ်ားအတြက္ ေဆးခန္းမ်ားကို ေျဗာင္က်က်ဖြင့္ထားမႈမ်ားကိုပင္ ေတြ႔ရသည္။ ကိုလံဘိုသို႔ အစၥေရးႏွင့္ အေမရိကန္ ျပည္ေထာင္စုမွ ေက်ာက္ကပ္ပြဲစားမ်ား လာေရာက္ေျခ႐ႈပ္ေနၾကသည္။

အိႏၵိယႏိုင္ငံတြင္ ၂၀၀၈ ခုႏွစ္ကတည္းက လူ႔အဂၤါအစိတ္အပိုင္းမ်ားကို လႊဲေျပာင္းျခင္းဆိုင္ရာ ကိစၥမ်ားအား ဥပေဒထုတ္ၿပီး တားျမစ္ပိတ္ပင္ထား သည္။ သို႔ျဖစ္ရာ ေက်ာက္ကပ္ပြဲစားမ်ား ပုန္းလွ်ဳိးကြယ္လွ်ဳိးျဖင့္ လုပ္ေဆာင္လာရင္းက ကမာၻ႔လူသား အဂၤါအစိတ္အပိုင္းမ်ားကို ေမွာင္ခိုကုန္ကူးသည့္ ဂိုဏ္းမ်ား ေခတ္စားလာသည္။ ေက်ာက္ကပ္ထုတ္ေပးမည့္ သူမ်ားကို အီရန္ႏိုင္ငံသို႔ ေခၚသြားၾကသည္။ ထိုႏိုင္ငံတြင္ ေက်ာက္ကပ္ကို ဥပေဒအရ တရားဝင္ ေရာင္းခ်ခြင့္ ျပဳထားေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံျခားသားမ်ားကို မေရာင္းရဟု ဆိုထားသျဖင့္ ဥပေဒကို လက္တစ္လုံးျခားျဖင့္ လုပ္ကိုင္ေနမႈမ်ား ရွိေနသည္။

ေက်ာက္ကပ္ပြဲစား ေလာကတြင္ အႏုရပ္ဆို သူသည္ နာမည္ေက်ာ္ျဖစ္သည္။ အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမ်ားတြင္ သူ႔ေအးဂ်င့္ေတြ မ်ားစြာေမြးထားသည္။ ႏိုင္ငံျခားမွ ေက်ာက္ကပ္အစားထိုးရန္ ေရာက္လာသူမ်ားကို သူက ကိုလံဘိုၿမဳိ႕တြင္ အၿပီးအစီး ဝန္ေဆာင္မႈမ်ား လုပ္ေပးႏိုင္သည္။ သူယူသည့္ ေငြေၾကးပမာဏမွာ ေဒၚလာ ၅၃၀၀၀ မွ ေဒၚလာ ၁၂၂,၀၀၀ ဝန္းက်င္ခန္႔ ျဖစ္သည္။

“အဲဒီေလာက္ေငြရရင္ ေဆး႐ုံစရိတ္၊ ဆရာဝန္ ခြဲစိတ္ခ၊ လွဴဒါန္းသူကို ေပးရမယ့္ ေငြေၾကး၊ ခရီးစရိတ္၊ ေနထိုင္စရိတ္၊ ပြဲခေတြ အားလုံး လုံေလာက္ပါတယ္” ဟု အႏုရပ္က ဆိုသည္။

ေက်ာက္ကပ္တရားမဝင္ အစားထိုးျခင္းႏွင့္ ေရာင္းခ်ျခင္း လုပ္ငန္းမ်ားသည္ ၁၉၉၀ ျပည့္ႏွစ္ ခန္႔ကတည္းက ထြန္းကားလာသည္ဟု ဆိုႏိုင္သည္။ ေနာက္ပိုင္းတြင္ ဆိုရွယ္မီဒီယာမ်ား ျဖစ္သည့္ Facebook ကို လူသုံးမ်ားလာသည့္ အခါတြင္ ဗီကာတို႔လို ပြဲစားေတြက Facebook ေပၚတြင္ ေက်ာက္ကပ္အလွဴရွင္ အုပ္စုလိုလို ဟန္ေဆာင္ကာ ပြဲစားေတြ လုပ္လာၾကသည္။

ေသြးအမ်ဳိးအစား၊ အစားထိုးႏိုင္သည့္ အေနအထားမ်ား ကိုက္ညီၿပီဆိုလွ်င္ ဆိုရွယ္မီဒီယာမ်ားေပၚတြင္ပင္ အေပးအယူေတြ လုပ္လာၾကသည္။ အေပးအယူ စာသားေတြက သိမ္ေမြ႔သည္။ ဗီကာက Facebook ေပၚတြင္ မိန္းကေလးတစ္ဦး ဟန္ေဆာင္ထားသည္။ အမည္ကိုလည္း ႏိုင္ငံျခားမွ အမည္တစ္ခုခုကို ေပးထားၿပီး၊ ဆက္သြယ္ရန္ ဖုန္းအမ်ဳိးမ်ဳိးကိုလည္း မိမိတို႔ အမဲဖ်က္၍ရမည့္သူဟု ယူဆလွ်င္ ေပးလိုက္ၾကသည္။

ပြဲစားေတြက အသက္ ၂၀ ႏွင့္ ၃၀ ဝန္းက်င္ အလွဴရွင္မ်ားကို သေဘာက်ၾကသည္။ ေဆးလိပ္မေသာက္သူမ်ား ဆိုလွ်င္ ပိုၿပီးသေဘာက်သည္။ အထူးသျဖင့္ အမ်ဳိးသားမ်ားကို သူတို႔ ပစ္မွတ္ထားၾကသည္။ အမ်ဳိးသားမ်ားက ေနရာမေ႐ြး ေခၚေတြ႔ႏိုင္သည္။ နယူးေဒလီႏွင့္ ဥတာပရာဒက္ရွ္ရွိ ဓာတ္ခြဲခန္းမ်ားကို ခ်ိန္းၿပီး ေသြးနမူနာယူျခင္း စစ္ေဆးျခင္းမ်ားကို လွ်ဳိ႕ဝွက္လုပ္ေဆာင္ၾကသည္။ သို႔ေသာ္ ေက်ာက္ကပ္ေရာင္းမည့္ သူမ်ားသည္ သူတို႔ကို ဆက္သြယ္သူမ်ားႏွင့္ မည္သည့္အခါမွ် ေတြ႔ဆုံခြင့္ရမည္ မဟုတ္ေပ။

အိႏၵိယႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ခ်န္ႏိုင္းတြင္ ပုဂၢလိက အထူးေဆးခန္းေတြ ေပၚလာသည္။ ထိုေဆးခန္းမွ ဆရာဝန္မ်ားသည္ ကိုလံဘိုရွိ ဆရာဝန္မ်ားႏွင့္ အခ်ိတ္အဆက္ ရွိၾကသည္။ အခ်ဳိ႕ေသာ ေက်ာက္ကပ္အေရာင္းသမားမ်ားသည္ ခ်န္ႏိုင္းတြင္ အၿပီးအစီး စစ္ေဆးသြားႏိုင္ၾကသည္။ သူတို႔ စစ္ေဆးခ်က္မ်ားကို ကိုလံဘိုသို႔ တိုက္႐ိုက္ေပးပို႔ၿပီး ကိုက္ညီသူမ်ား ျဖစ္လွ်င္ ေရာင္းမည့္သူမ်ားအား ကိုလံဘိုကို ပို႔လိုက္ၾကသည္။ အေရာင္းသမားအတြက္ ႏိုင္ငံကူးလက္မွတ္မ်ားအျပင္ ကိုလံဘိုေရာက္လွ်င္ ဆက္သြယ္ရမည့္သူမ်ား အားလုံးကိုလည္း အိႏၵိယႏိုင္ငံမွ ပြဲစားမ်ားကပင္ ႀကဳိတင္စီစဥ္ေပးၾကသည္။

ပြဲစားဗီကာသည္ တစ္ခါတစ္ရံ ေက်ာက္ကပ္အထုတ္ခံမည့္ သူမ်ားကို မြန္ဘိုင္းအထိ လာေရာက္ၾကည့္႐ႈတတ္သည္။ သူတို႔ကို နယူးေဒလီ ဘူတာ႐ုံကို ခ်ိန္းၿပီးေတြ႔ဆုံကာ မြန္ဘိုင္းအထိ ရထားျဖင့္ ေခၚသြားတတ္သည္။ ေက်ာက္ကပ္ထုတ္ေရာင္းမည့္ သူသည္ ဆင္းရဲၿပီး စာမတတ္သူမ်ား ျဖစ္လွ်င္ သူႏွင့္အတူ မြန္ဘိုင္းကို လိုက္ခဲ့ရမည္ကို ေၾကာက္သည္ဟု ဗီကာက ဆိုသည္။

သူတို႔ ခ်ိန္းေတြ႔သည္ကလည္း ဆန္းသည္။ ဗီကာက လူခ်င္း အေတြ႔ခံသည္ မဟုတ္ ဖုန္းျဖင့္သာ ခ်ိတ္ၿပီး ဘယ္ကိုလာ၊ ဘယ္ကိုသြား ခ်ိန္းတတ္သည္။

“သူတို႔ကို မြန္ဘိုင္းလာဖို႔လည္း ဖုန္းနဲ႔ပဲခ်ိန္းတယ္။ ဖုန္းမရွိဘူး ဆိုရင္လည္း ဖုန္းဝယ္ဖို႔ ပိုက္ဆံထုတ္ေပးရတယ္။ သူတို႔ တည္းခိုဖို႔လည္း တည္းခိုခန္းခ စိုက္ေပးထားရတယ္။ ေက်ာက္ကပ္ထုတ္မယ့္ သူေတြကို ကိုလံဘိုအထိပို႔ ၿပီးရင္ ပြဲခရမွ ကုန္က်စရိတ္ေတြ ႏုတ္ေပးလိုက္တယ္” ဟု ဗီကာက ႐ုပ္ရွင္ဆန္ဆန္ သူ၏ လုပ္ေဆာင္ရမႈမ်ားကို ေျပာျပသည္။

လြန္ခဲ့သည့္ သုံးႏွစ္ခန္႔က ပထမဆုံး သူပြဲစားလုပ္လိုက္သည့္ ေက်ာက္ကပ္အတြက္ ပြဲခသူရသည္မွာ ေဒၚလာ ၃၈၀ ျဖစ္သည္။ ယခုေတာ့ ဆရာႀကီးအဆင့္ ျဖစ္သြားၿပီး တစ္ဦးလွ်င္ ပြဲခ ၇၅၇ ေဒၚလာမွ ၁၂၁၁ ေဒၚလာခန္႔အထိ ရေနၿပီ ျဖစ္သည္။ ယမန္ႏွစ္ကအထိ လူ ၈ ဦးကို ခ်ိတ္ေပးခဲ့ၿပီး သူရရွိခဲ့ေသာ ပြဲခမွာ ေဒၚလာ ၇၇၀၀ ခန္႔ ျဖစ္သည္။

ကိုလံဘိုလို ႏိုင္ငံျခားသို႔သြားၿပီး ေက်ာက္ကပ္ေရာင္းမည့္သူတစ္ဦး အတြက္ ႏိုင္ငံကူးလက္မွတ္ တစ္ေစာင္ လုပ္ေပးရသည့္ တန္ဖိုးမွာ ေဒၚလာ ၆၀၀၀ ခန္႔က်သည္။ ထိုသူကို ခြဲစိတ္ရက္ မတိုင္မီ ႏွစ္ရက္ခန္႔ ကိုလံဘို ေရာက္ေအာင္ စီစဥ္ေပးရသည္။ အခ်ဳိ႕ပြဲစားမ်ားက ႏိုင္ငံကူး လက္မွတ္ခကို ေဒၚလာ ၄၅၀၀ ခန္႔သာ ယူၾကသည္။

ကိုလံဘိုေရာက္လွ်င္ ေက်ာက္ကပ္ေရာင္းမည့္ သူကို ဟိုတယ္တြင္ သားသားနားနားထားသည္။ ေက်ာက္ကပ္ထုတ္၍ အၿပီးအစီး ၁၈ ရက္မွ ၂၅ ရက္အတြင္း အိႏၵိယႏိုင္ငံသို႔ ျပန္ႏိုင္ရန္ စီစဥ္ေပးထားသည္။ သူတို႔တည္းခိုသည့္ ဟိုတယ္ႏွင့္ မေဝးလွသည့္ ဝန္းက်င္တြင္ ပုဂၢလိကေဆး႐ုံႀကီး သုံးခုခန္႔ အနည္းဆုံး ရွိေနၾကသည္။

ေက်ာက္ကပ္ကိုထုတ္ၿပီး အစားထိုးေပးရသည့္ ဆရာဝန္တစ္ဦးသည္ ေဒၚလာ ၂၁၆၀ ခန္႔ ရၾကသည္။ နာမည္ေက်ာ္ ဆရာဝန္ႀကီးမ်ားႏွင့္ ဆိုလွ်င္ ပိုၿပီးကုန္က်သည္။ ပုဂၢလိက ေဆး႐ုံမ်ားသည္ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ အရာရွိမ်ားကို ေလဆိပ္ကတည္းက ေက်ာက္ကပ္ေရာင္းရန္ လာသူအား ေမးျမန္းစစ္ေဆးျခင္း မလုပ္ရန္ ေပးကမ္းထားၾကရသည္။ အားလုံးသည္ တိုးရစ္ဗီဇာမ်ားျဖင့္ ေရာက္လာၾကသူမ်ား ျဖစ္ၾကသည္။

၂၀၁၁ ခုႏွစ္ ကတည္းက သီရိလကၤာႏိုင္ငံတြင္ ႏိုင္ငံျခားသားမ်ားအား ေက်ာက္ကပ္လွဴဒါန္းခြင့္ကို ပိတ္ပင္လိုက္သည္။ ထို႔ေၾကာင့္ တရားမဝင္ ေက်ာက္ကပ္အစားထိုး လႊဲေျပာင္းမႈမ်ားက တန္ဖိုးႀကီးစြာျဖင့္ ေနရာယူ လႈပ္ရွားလာၾကေၾကာင္း ေတြ႔ရသည္။

ႏိုင္ငံျခားမွ ေရာက္လာသည့္ လူနာမ်ားကလည္း သူတို႔ကို လွဴဒါန္းမည့္သူမ်ားအား အပါေခၚလာၾကသည္။ ေနာက္ပိုင္း သီရိလကၤာမွ က်န္းမာေရး ဝန္ႀကီးဌာနက ေက်ာက္ကပ္အလွဴရွင္ႏွင့္ ေက်ာက္ကပ္အလွဴခံမည့္ သူမ်ားကို ႏိုင္ငံတစ္ႏိုင္ငံတည္းက ျဖစ္ရမည္ဆိုသည့္ ဥပေဒ ထပ္ထုတ္ျပန္သည္။ သို႔ေသာ္ ဗ်ဴ႐ိုကေရစီယႏၲရားက ဥပေဒသာ ထုတ္ထားၿပီး အေရးယူေဆာင္႐ြက္ရန္ ဆိုသည္မွာ အဆင့္ဆင့္ ၾကာတတ္သျဖင့္ အဓိပၸာယ္တစ္မ်ဳိး ေကာက္ယူကာ လုပ္ခ်င္တိုင္း ဆက္လုပ္ေနၾကသည္ကို ေတြ႔ရသည္။

ဥပေဒမ်ားထုတ္ၿပီး ေက်ာက္ကပ္အစားထိုးမႈမ်ားကို တင္းက်ပ္လိုက္လွ်င္ ေက်ာက္ကပ္ေမွာင္ခို ေစ်းကလည္း ျမင့္တက္သြားမည္ ျဖစ္သည္။ သီရိလကၤာတြင္ လုပ္ေဆာင္ရ၊ ေပးေဆာင္ရမည့္ စရိတ္တက္ သြားလွ်င္ အစားထိုးလိုသူေတြလည္း ေစ်းတက္ေပးရေတာ့မည္။ နီေပါႏွင့္ ဘဂၤလားေဒ့ရွ္မွ ေခၚလာရသည့္ ေက်ာက္ကပ္ေရာင္းသူေတြကိုလည္း ပိုေပးရေတာ့မည္။ တားျမစ္ပိတ္ပင္လိုက္လွ်င္ အေပးအယူ အေရွာင္အတိမ္း စရိတ္ေတြက ပိုၿပီးျမင့္မားလာႏိုင္သည္။

အဖမ္းအဆီးမ်ားလွ်င္ ပြဲစားေတြလည္း သတိထားရေတာ့မည္။ ပြဲစားမရွိလွ်င္ ေရာင္းမည့္သူေတြ မည္သည့္ေနရာတြင္ ရွိမည္ကို မသိႏိုင္။ ဆင္းရဲသားေတြကလည္း ေက်ာက္ကပ္ေရာင္းၿပီး လက္ငင္းဘဝတစ္ခုကို ေျပလည္ေအာင္ ေျဖရွင္းေနၾကရသျဖင့္ သူတို႔အတြက္လည္း မေရမရာေတြ ျဖစ္သြားႏိုင္သည္။ ပိုဆိုးသူမ်ားမွာ ပိုက္ဆံရွိၿပီး ေက်ာက္ကပ္ေဝဒနာ ခံစားေနရသူမ်ား ျဖစ္သည္။

မရွိသူက ေရာင္းခ်င္သည္။ ရွိသူက ရွာမရ ျဖစ္ေနသည္။ ၾကားပြဲစားေတြ လက္ထဲတြင္ လူတို႔၏ အသက္ေပါင္း မ်ားစြာရွိေနသည္။ အစိုးရေတြကလည္း ဥပေဒေတြ ထုတ္ျပန္ၿပီး ကာကြယ္တားဆီးသည္။ သို႔ေသာ္ ဥပေဒကို လက္တစ္လုံးျခားလွည့္ကာ ဘဝမ်ားကို ဘဝမ်ားက ဝါးစားေနၾကသည္။

( Ref : Inside the world’s biggest organ market, Nishtha Caugh)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice

#Unicode Version
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကမ်ပါမြို့မှ ဗီကာသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကျောင်းထွက်လိုက်ရသည်။ ဖခင်၏ လယ်လုပ်ငန်းကို ကူမည့်သူမရှိ မိသားစုကလည်း ဆင်းရဲသဖြင့် ထုံးစံအတိုင်း ကျောင်းစောစောထွက်ကာ ပိုက်ဆံရှာပေးရတော့သည်။
ယနေ့ ဗီကာ၏ ဘဝ အပြောင်းလဲကြီး ပြောင်းလဲနေသည်။ အသက် ၂၆ နှစ် အရွယ် ရှိနေပြီ ဖြစ်သည့် ဗီကာသည် ယခုတော့ ပွဲစားအလုပ်ကို လုပ်ကိုင်မိကာ ခွင်တည့်ပြီး သူဌေးတစ်ယောက် ဖြစ်နေသည်။ သူပွဲစားလုပ်နေသည်မှာ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းများထဲမှ ကမ္ဘာ့အလိုအပ်ဆုံးနှင့် ဈေးကွက်အဝင်ဆုံး ကျောက်ကပ်များ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကျောက်ကပ်အစားထိုးရန် စောင့်ဆိုင်းနေသူပေါင်း များစွာအတွက် သူက ကျောက်ကပ်ပွဲစား လုပ်ကာ ချမ်းသာလာခဲ့သည်။ ဗီကာက
“ခင်ဗျားမှာ ပိုက်ဆံလည်းများများ ရှိတယ်၊ ကျောက်ကပ်လည်း အမြန်လိုတယ်ဆိုရင် ကျွန်တော့်ဆီကိုသာ လာခဲ့။ ဘယ်မှာ ကျောက်ကပ်ရနိုင်တယ် ဆိုတာ ကျွန်တော်သိတယ်။ တစ်လအတွင်း ရအောင် လုပ်ပေးမယ်” ဟုဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တောင်အာရှအဖွဲ့ခွဲသည် ကမ္ဘာပတ်ပြီး ကျောက်ကပ်အစားထိုးမှု လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည်။ ထိုအဖွဲ့က အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ကျောက်ကပ်အတင်ပို့ဆုံးနိုင်ငံ ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ နှစ်စဉ် အိန္ဒိယနိုင်ငံသား ၂၀၀၀ ခန့်သည် နိုင်ငံခြားသို့ ကျောက်ကပ်များ ရောင်းချနေကြကြောင်း ယင်းအဖွဲ့က ဆိုသည်။

ယခုအခါ အိန္ဒိယနိုင်ငံတွင် ကျောက်ကပ်ဈေးကွက်ကြီးတစ်ခု ရှိနေကြောင်း သိလာသဖြင့် ကနေဒါ၊ အစ္စရေး၊ ဗြိတိန်၊ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားနိုင်ငံများနှင့် ဘာရိန်းတို့မှ ကျောက်ကပ်ဝယ်လိုသူများ အိန္ဒိယကို ဦးတည်လာနေကြပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် လူသားတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လွှဲပြောင်းရောင်းချခြင်းများအား ဥပဒေများဖြင့် တားမြစ်ပိတ်ပင်ထားကြသည်သာ ဖြစ်သည်။ ကျောက်ကပ်အစားထိုးမှုများကိုလည်း သေဆုံးသူ၏ ဆန္ဒအရ လှူဒါန်းလျှင် အစားထိုး ကုသပေးကြသည်။ သေဆုံးသူနှင့် လှူဒါန်းသူကို စောင့်ရသည့်အလုပ်မှာ နှစ်ပေါင်းများစွာ ကြာကောင်းကြာနိုင်သည်။ ထို့ကြောင့်လည်း အရေးပေါ်အနေဖြင့် ကျောက်ကပ်ဈေးကွက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

ကမ္ဘာပေါ်တွင် လိုအပ်နေသော ကျောက်ကပ်အစားထိုးမှုများအတွက် ချမ်းသာသူများနှင့် ချမ်းသာသည့် နိုင်ငံများမှ ပွဲစားများ၏ ပစ်မှတ်သည် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် အီရန် နိုင်ငံများ ဖြစ်နေသည်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျောက်ကပ်ထုတ်ရောင်းသူများအတွက် ဆေးခန်းများကို ဗြောင်ကျကျဖွင့်ထားမှုများကိုပင် တွေ့ရသည်။ ကိုလံဘိုသို့ အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုမှ ကျောက်ကပ်ပွဲစားများ လာရောက်ခြေရှုပ်နေကြသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၀၈ ခုနှစ်ကတည်းက လူ့အင်္ဂါအစိတ်အပိုင်းများကို လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စများအား ဥပဒေထုတ်ပြီး တားမြစ်ပိတ်ပင်ထား သည်။ သို့ဖြစ်ရာ ကျောက်ကပ်ပွဲစားများ ပုန်းလျှိုးကွယ်လျှိုးဖြင့် လုပ်ဆောင်လာရင်းက ကမ္ဘာ့လူသား အင်္ဂါအစိတ်အပိုင်းများကို မှောင်ခိုကုန်ကူးသည့် ဂိုဏ်းများ ခေတ်စားလာသည်။ ကျောက်ကပ်ထုတ်ပေးမည့် သူများကို အီရန်နိုင်ငံသို့ ခေါ်သွားကြသည်။ ထိုနိုင်ငံတွင် ကျောက်ကပ်ကို ဥပဒေအရ တရားဝင် ရောင်းချခွင့် ပြုထားသောကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံခြားသားများကို မရောင်းရဟု ဆိုထားသဖြင့် ဥပဒေကို လက်တစ်လုံးခြားဖြင့် လုပ်ကိုင်နေမှုများ ရှိနေသည်။

ကျောက်ကပ်ပွဲစား လောကတွင် အနုရပ်ဆို သူသည် နာမည်ကျော်ဖြစ်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် သူ့အေးဂျင့်တွေ များစွာမွေးထားသည်။ နိုင်ငံခြားမှ ကျောက်ကပ်အစားထိုးရန် ရောက်လာသူများကို သူက ကိုလံဘိုမြို့တွင် အပြီးအစီး ဝန်ဆောင်မှုများ လုပ်ပေးနိုင်သည်။ သူယူသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၅၃၀၀၀ မှ ဒေါ်လာ ၁၂၂,၀၀၀ ဝန်းကျင်ခန့် ဖြစ်သည်။

“အဲဒီလောက်ငွေရရင် ဆေးရုံစရိတ်၊ ဆရာဝန် ခွဲစိတ်ခ၊ လှူဒါန်းသူကို ပေးရမယ့် ငွေကြေး၊ ခရီးစရိတ်၊ နေထိုင်စရိတ်၊ ပွဲခတွေ အားလုံး လုံလောက်ပါတယ်” ဟု အနုရပ်က ဆိုသည်။

ကျောက်ကပ်တရားမဝင် အစားထိုးခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများသည် ၁၉၉၀ ပြည့်နှစ် ခန့်ကတည်းက ထွန်းကားလာသည်ဟု ဆိုနိုင်သည်။ နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာများ ဖြစ်သည့် Facebook ကို လူသုံးများလာသည့် အခါတွင် ဗီကာတို့လို ပွဲစားတွေက Facebook ပေါ်တွင် ကျောက်ကပ်အလှူရှင် အုပ်စုလိုလို ဟန်ဆောင်ကာ ပွဲစားတွေ လုပ်လာကြသည်။

သွေးအမျိုးအစား၊ အစားထိုးနိုင်သည့် အနေအထားများ ကိုက်ညီပြီဆိုလျှင် ဆိုရှယ်မီဒီယာများပေါ်တွင်ပင် အပေးအယူတွေ လုပ်လာကြသည်။ အပေးအယူ စာသားတွေက သိမ်မွေ့သည်။ ဗီကာက Facebook ပေါ်တွင် မိန်းကလေးတစ်ဦး ဟန်ဆောင်ထားသည်။ အမည်ကိုလည်း နိုင်ငံခြားမှ အမည်တစ်ခုခုကို ပေးထားပြီး၊ ဆက်သွယ်ရန် ဖုန်းအမျိုးမျိုးကိုလည်း မိမိတို့ အမဲဖျက်၍ရမည့်သူဟု ယူဆလျှင် ပေးလိုက်ကြသည်။

ပွဲစားတွေက အသက် ၂၀ နှင့် ၃၀ ဝန်းကျင် အလှူရှင်များကို သဘောကျကြသည်။ ဆေးလိပ်မသောက်သူများ ဆိုလျှင် ပိုပြီးသဘောကျသည်။ အထူးသဖြင့် အမျိုးသားများကို သူတို့ ပစ်မှတ်ထားကြသည်။ အမျိုးသားများက နေရာမရွေး ခေါ်တွေ့နိုင်သည်။ နယူးဒေလီနှင့် ဥတာပရာဒက်ရှ်ရှိ ဓာတ်ခွဲခန်းများကို ချိန်းပြီး သွေးနမူနာယူခြင်း စစ်ဆေးခြင်းများကို လျှို့ဝှက်လုပ်ဆောင်ကြသည်။ သို့သော် ကျောက်ကပ်ရောင်းမည့် သူများသည် သူတို့ကို ဆက်သွယ်သူများနှင့် မည်သည့်အခါမျှ တွေ့ဆုံခွင့်ရမည် မဟုတ်ပေ။

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းရှိ ချန်နိုင်းတွင် ပုဂ္ဂလိက အထူးဆေးခန်းတွေ ပေါ်လာသည်။ ထိုဆေးခန်းမှ ဆရာဝန်များသည် ကိုလံဘိုရှိ ဆရာဝန်များနှင့် အချိတ်အဆက် ရှိကြသည်။ အချို့သော ကျောက်ကပ်အရောင်းသမားများသည် ချန်နိုင်းတွင် အပြီးအစီး စစ်ဆေးသွားနိုင်ကြသည်။ သူတို့ စစ်ဆေးချက်များကို ကိုလံဘိုသို့ တိုက်ရိုက်ပေးပို့ပြီး ကိုက်ညီသူများ ဖြစ်လျှင် ရောင်းမည့်သူများအား ကိုလံဘိုကို ပို့လိုက်ကြသည်။ အရောင်းသမားအတွက် နိုင်ငံကူးလက်မှတ်များအပြင် ကိုလံဘိုရောက်လျှင် ဆက်သွယ်ရမည့်သူများ အားလုံးကိုလည်း အိန္ဒိယနိုင်ငံမှ ပွဲစားများကပင် ကြိုတင်စီစဉ်ပေးကြသည်။

ပွဲစားဗီကာသည် တစ်ခါတစ်ရံ ကျောက်ကပ်အထုတ်ခံမည့် သူများကို မွန်ဘိုင်းအထိ လာရောက်ကြည့်ရှုတတ်သည်။ သူတို့ကို နယူးဒေလီ ဘူတာရုံကို ချိန်းပြီးတွေ့ဆုံကာ မွန်ဘိုင်းအထိ ရထားဖြင့် ခေါ်သွားတတ်သည်။ ကျောက်ကပ်ထုတ်ရောင်းမည့် သူသည် ဆင်းရဲပြီး စာမတတ်သူများ ဖြစ်လျှင် သူနှင့်အတူ မွန်ဘိုင်းကို လိုက်ခဲ့ရမည်ကို ကြောက်သည်ဟု ဗီကာက ဆိုသည်။

သူတို့ ချိန်းတွေ့သည်ကလည်း ဆန်းသည်။ ဗီကာက လူချင်း အတွေ့ခံသည် မဟုတ် ဖုန်းဖြင့်သာ ချိတ်ပြီး ဘယ်ကိုလာ၊ ဘယ်ကိုသွား ချိန်းတတ်သည်။

“သူတို့ကို မွန်ဘိုင်းလာဖို့လည်း ဖုန်းနဲ့ပဲချိန်းတယ်။ ဖုန်းမရှိဘူး ဆိုရင်လည်း ဖုန်းဝယ်ဖို့ ပိုက်ဆံထုတ်ပေးရတယ်။ သူတို့ တည်းခိုဖို့လည်း တည်းခိုခန်းခ စိုက်ပေးထားရတယ်။ ကျောက်ကပ်ထုတ်မယ့် သူတွေကို ကိုလံဘိုအထိပို့ ပြီးရင် ပွဲခရမှ ကုန်ကျစရိတ်တွေ နုတ်ပေးလိုက်တယ်” ဟု ဗီကာက ရုပ်ရှင်ဆန်ဆန် သူ၏ လုပ်ဆောင်ရမှုများကို ပြောပြသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ပထမဆုံး သူပွဲစားလုပ်လိုက်သည့် ကျောက်ကပ်အတွက် ပွဲခသူရသည်မှာ ဒေါ်လာ ၃၈၀ ဖြစ်သည်။ ယခုတော့ ဆရာကြီးအဆင့် ဖြစ်သွားပြီး တစ်ဦးလျှင် ပွဲခ ၇၅၇ ဒေါ်လာမှ ၁၂၁၁ ဒေါ်လာခန့်အထိ ရနေပြီ ဖြစ်သည်။ ယမန်နှစ်ကအထိ လူ ၈ ဦးကို ချိတ်ပေးခဲ့ပြီး သူရရှိခဲ့သော ပွဲခမှာ ဒေါ်လာ ၇၇၀၀ ခန့် ဖြစ်သည်။

ကိုလံဘိုလို နိုင်ငံခြားသို့သွားပြီး ကျောက်ကပ်ရောင်းမည့်သူတစ်ဦး အတွက် နိုင်ငံကူးလက်မှတ် တစ်စောင် လုပ်ပေးရသည့် တန်ဖိုးမှာ ဒေါ်လာ ၆၀၀၀ ခန့်ကျသည်။ ထိုသူကို ခွဲစိတ်ရက် မတိုင်မီ နှစ်ရက်ခန့် ကိုလံဘို ရောက်အောင် စီစဉ်ပေးရသည်။ အချို့ပွဲစားများက နိုင်ငံကူး လက်မှတ်ခကို ဒေါ်လာ ၄၅၀၀ ခန့်သာ ယူကြသည်။

ကိုလံဘိုရောက်လျှင် ကျောက်ကပ်ရောင်းမည့် သူကို ဟိုတယ်တွင် သားသားနားနားထားသည်။ ကျောက်ကပ်ထုတ်၍ အပြီးအစီး ၁၈ ရက်မှ ၂၅ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ပြန်နိုင်ရန် စီစဉ်ပေးထားသည်။ သူတို့တည်းခိုသည့် ဟိုတယ်နှင့် မဝေးလှသည့် ဝန်းကျင်တွင် ပုဂ္ဂလိကဆေးရုံကြီး သုံးခုခန့် အနည်းဆုံး ရှိနေကြသည်။

ကျောက်ကပ်ကိုထုတ်ပြီး အစားထိုးပေးရသည့် ဆရာဝန်တစ်ဦးသည် ဒေါ်လာ ၂၁၆၀ ခန့် ရကြသည်။ နာမည်ကျော် ဆရာဝန်ကြီးများနှင့် ဆိုလျှင် ပိုပြီးကုန်ကျသည်။ ပုဂ္ဂလိက ဆေးရုံများသည် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများကို လေဆိပ်ကတည်းက ကျောက်ကပ်ရောင်းရန် လာသူအား မေးမြန်းစစ်ဆေးခြင်း မလုပ်ရန် ပေးကမ်းထားကြရသည်။ အားလုံးသည် တိုးရစ်ဗီဇာများဖြင့် ရောက်လာကြသူများ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ် ကတည်းက သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျောက်ကပ်လှူဒါန်းခွင့်ကို ပိတ်ပင်လိုက်သည်။ ထို့ကြောင့် တရားမဝင် ကျောက်ကပ်အစားထိုး လွှဲပြောင်းမှုများက တန်ဖိုးကြီးစွာဖြင့် နေရာယူ လှုပ်ရှားလာကြကြောင်း တွေ့ရသည်။

နိုင်ငံခြားမှ ရောက်လာသည့် လူနာများကလည်း သူတို့ကို လှူဒါန်းမည့်သူများအား အပါခေါ်လာကြသည်။ နောက်ပိုင်း သီရိလင်္ကာမှ ကျန်းမာရေး ဝန်ကြီးဌာနက ကျောက်ကပ်အလှူရှင်နှင့် ကျောက်ကပ်အလှူခံမည့် သူများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြစ်ရမည်ဆိုသည့် ဥပဒေ ထပ်ထုတ်ပြန်သည်။ သို့သော် ဗျူရိုကရေစီယန္တရားက ဥပဒေသာ ထုတ်ထားပြီး အရေးယူဆောင်ရွက်ရန် ဆိုသည်မှာ အဆင့်ဆင့် ကြာတတ်သဖြင့် အဓိပ္ပာယ်တစ်မျိုး ကောက်ယူကာ လုပ်ချင်တိုင်း ဆက်လုပ်နေကြသည်ကို တွေ့ရသည်။

ဥပဒေများထုတ်ပြီး ကျောက်ကပ်အစားထိုးမှုများကို တင်းကျပ်လိုက်လျှင် ကျောက်ကပ်မှောင်ခို ဈေးကလည်း မြင့်တက်သွားမည် ဖြစ်သည်။ သီရိလင်္ကာတွင် လုပ်ဆောင်ရ၊ ပေးဆောင်ရမည့် စရိတ်တက် သွားလျှင် အစားထိုးလိုသူတွေလည်း ဈေးတက်ပေးရတော့မည်။ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်မှ ခေါ်လာရသည့် ကျောက်ကပ်ရောင်းသူတွေကိုလည်း ပိုပေးရတော့မည်။ တားမြစ်ပိတ်ပင်လိုက်လျှင် အပေးအယူ အရှောင်အတိမ်း စရိတ်တွေက ပိုပြီးမြင့်မားလာနိုင်သည်။

အဖမ်းအဆီးများလျှင် ပွဲစားတွေလည်း သတိထားရတော့မည်။ ပွဲစားမရှိလျှင် ရောင်းမည့်သူတွေ မည်သည့်နေရာတွင် ရှိမည်ကို မသိနိုင်။ ဆင်းရဲသားတွေကလည်း ကျောက်ကပ်ရောင်းပြီး လက်ငင်းဘဝတစ်ခုကို ပြေလည်အောင် ဖြေရှင်းနေကြရသဖြင့် သူတို့အတွက်လည်း မရေမရာတွေ ဖြစ်သွားနိုင်သည်။ ပိုဆိုးသူများမှာ ပိုက်ဆံရှိပြီး ကျောက်ကပ်ဝေဒနာ ခံစားနေရသူများ ဖြစ်သည်။

မရှိသူက ရောင်းချင်သည်။ ရှိသူက ရှာမရ ဖြစ်နေသည်။ ကြားပွဲစားတွေ လက်ထဲတွင် လူတို့၏ အသက်ပေါင်း များစွာရှိနေသည်။ အစိုးရတွေကလည်း ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တားဆီးသည်။ သို့သော် ဥပဒေကို လက်တစ်လုံးခြားလှည့်ကာ ဘဝများကို ဘဝများက ဝါးစားနေကြသည်။

( Ref : Inside the world’s biggest organ market, Nishtha Caugh)


ဖိုးသူတော် (www.phothutaw.com)
Credit:The Voice
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top