Property Expo
×


အမ်ားပိုင္ကုမၸဏီယာဥ္ လိုင္းမ်ားတြင္ ေျပးဆြဲမည့္ ခရီး သည္တင္ယာဥ္မ်ား၏ ၂၀၁၆ ေမာ္ဒယ္သတ္မွတ္ခ်က္ကို ယာဥ္ပိုင္ ရွင္မ်ားနစ္နာမႈမရွိေစရန္ ျပန္ လည္သံုးသပ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာ ပိုင္အဖြဲ႕(YRTA)မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာ သည္။


‘‘အဓိကအေျခခံသတ္မွတ္ ခ်က္က အဲကြန္းေကာင္းမြန္ရ မယ္။ ဘယ္ေမာင္းကားျဖစ္ၿပီး ခရီးသည္အတက္အဆင္းက ညာ  ဘက္ျဖစ္ရမယ္။ ေမာ္ဒယ္သတ္ မွတ္ခ်က္ကိုေတာ့ ပိုင္ရွင္ေတြ နစ္ နာမႈမရွိေအာင္ ျပန္ၿပီးစဥ္းစားေန တယ္။ ဆံုးျဖတ္ခ်က္ေတာ့ မခ်ရ ေသးဘူး’’ဟု ၎က ေျပာသည္။

အမ်ားပိုင္ယာဥ္လိုင္းမ်ား တြင္ ပါဝင္ေျပးဆြဲရန္ YRTA သို႔ ေလွ်ာက္ထားသည့္ ကုမၸဏီ ၂၁ ခုရွိၿပီး တရားဝင္မွတ္ပံုတင္ခ်ထား ေပးမႈ အနည္းငယ္သာရွိေသး သည္ဟုဆိုသည္။ ခရီးသည္တင္ ယာဥ္မွာယူျခင္းမ်ား စတင္လုပ္ ေဆာင္ေနၿပီျဖစ္ေၾကာင္း သတင္း ရရွိသည္။

ေလွ်ာက္ထားေသာ ကုမၸဏီ မ်ားတြင္ အင္အားနည္းသည့္ အခ်ိဳ႕ကုမၸဏီမ်ားကို ပူးေပါင္း၍ အင္အားေကာင္းမြန္ေအာင္ လုပ္ ေဆာင္မည္ျဖစ္ၿပီး အစိုးရက လည္း ကူညီေပးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲမည့္ခရီးသည္တင္ယာဥ္လုိင္းအမ်ား ပိုင္ကုမၸဏီမ်ားတြင္ ၂၀၀၆ ေမာ္ ဒယ္ႏွင့္အထက္ ဘတ္စ္ကားမ်ား သာ ေျပးဆြဲခြင့္ျပဳမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕က ထုတ္ျပန္သည္။ လက္ရွိေျပးဆြဲေနေသာ ခရီးသည္တင္ယာဥ္မ်ားမွာ သတ္မွတ္ထားသည့္ ေမာ္ဒယ္ႏွင့္မကိုက္ညီျခင္းေၾကာင့္ ပါဝင္ေျပးဆြဲခြင့္မရဘဲ ယာဥ္အသစ္ ဝယ္ယူရမည့္ အေျခအေနမ်ားေၾကာင့္ ညႇိႏိႈင္း၍ အဆင္ေျပေစရန္ ေဆာင္ရြက္ေပးေစလိုေၾကာင္း ယာဥ္ပုိင္ရွင္မ်ားက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ ဟိုင္းလတ္ ယာဥ္ေတြကို အစားထုိးၿပီး မီနီ ဘတ္စ္ေျပာင္းလဲေျပးဆြဲကာ ၂ ႏွစ္ေတာင္ မျပည့္ေသးဘူး။ ဒီလို လုပ္ေဆာင္တာကလည္း သက္ ဆုိင္ရာ အစိုးရအဖြဲ႕၊ မထသ (ဗဟို) ေတြရဲ႕ စီမံႀကီးၾကပ္မႈနဲ႔ ေဆာင္ရြက္ခဲ့တာျဖစ္တယ္။ သယ္ယူပို႔ေဆာင္ေရးအဆင့္ျမႇင့္မယ္ ဆိုတာ ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ေျပာင္းလဲတယ္ဆိုတာ တစ္ေနရာ တစ္ခ်ိန္တည္းမွာ တစ္ဟုန္ထိုးေျပာင္းလဲလို႔ မရပါဘူး။ တျဖည္း ျဖည္းအားလံုး လုိက္ပါေျပာင္းလဲ ႏိုင္မွ ေအာင္ျမင္မယ္လို႔ ယံုၾကည္ တယ္’’ဟု ေရွ႕ေဆာင္ယာဥ္လိုင္း (ေမွာ္ဘီ)ေကာ္မတီဝင္ ဦးတင့္ ေဇာ္ျမင့္က ေျပာသည္။ ယခုအ ေျပာင္းအလဲကာလတြင္ ခရီး သည္တင္ယာဥ္မ်ား ေမာ္ဒယ္နိမ့္ ေသာ္လည္း သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီလွ်င္ ပါဝင္ႏိုင္ေအာင္ စဥ္းစားေပးမည္ျဖစ္သည္။

‘‘သတ္မွတ္ထားတာေတာ့ ၂၀၀၆ ေမာ္ဒယ္ဘတ္စ္ေတြကို သတ္မွတ္ထားတယ္။ ဒါေပမဲ့ အ ေျပာင္းအလဲက ခ်က္ခ်င္းမျဖစ္ ႏုိင္ဘူး။ အေရးႀကီးဆံုးအခ်က္က ေတာ့ အဲကြန္းေကာင္းမြန္ဖို႔ လို မယ္။ အဲကြန္းအၿမဲတမ္းဖြင့္ႏိုင္ရ မယ္။ လက္ပူတိုက္ၿပီး တစ္ရက္ ႏွစ္ရက္ဖြင့္တာမ်ိဳး မရဘူး။ ဆံုး ျဖတ္ခ်က္ေတာ့ မခ်ရေသးဘူး။ ဒါေပမဲ့ လက္ရွိ ယာဥ္ပိုင္ရွင္ေတြ မနစ္နာေအာင္ေတာ့ စဥ္းစားေပး မယ္’’ဟု ေဒါက္တာေမာင္ေအာင္ က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အများပိုင်ကုမ္ပဏီယာဉ် လိုင်းများတွင် ပြေးဆွဲမည့် ခရီး သည်တင်ယာဉ်များ၏ ၂၀၁၆ မော်ဒယ်သတ်မှတ်ချက်ကို ယာဉ်ပိုင် ရှင်များနစ်နာမှုမရှိစေရန် ပြန် လည်သုံးသပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြော သည်။


‘‘အဓိကအခြေခံသတ်မှတ် ချက်က အဲကွန်းကောင်းမွန်ရ မယ်။ ဘယ်မောင်းကားဖြစ်ပြီး ခရီးသည်အတက်အဆင်းက ညာ  ဘက်ဖြစ်ရမယ်။ မော်ဒယ်သတ် မှတ်ချက်ကိုတော့ ပိုင်ရှင်တွေ နစ် နာမှုမရှိအောင် ပြန်ပြီးစဉ်းစားနေ တယ်။ ဆုံးဖြတ်ချက်တော့ မချရ သေးဘူး’’ဟု ၎င်းက ပြောသည်။

အများပိုင်ယာဉ်လိုင်းများ တွင် ပါဝင်ပြေးဆွဲရန် YRTA သို့ လျှောက်ထားသည့် ကုမ္ပဏီ ၂၁ ခုရှိပြီး တရားဝင်မှတ်ပုံတင်ချထား ပေးမှု အနည်းငယ်သာရှိသေး သည်ဟုဆိုသည်။ ခရီးသည်တင် ယာဉ်မှာယူခြင်းများ စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

လျှောက်ထားသော ကုမ္ပဏီ များတွင် အင်အားနည်းသည့် အချို့ကုမ္ပဏီများကို ပူးပေါင်း၍ အင်အားကောင်းမွန်အောင် လုပ် ဆောင်မည်ဖြစ်ပြီး အစိုးရက လည်း ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့်ခရီးသည်တင်ယာဉ်လိုင်းအများ ပိုင်ကုမ္ပဏီများတွင် ၂၀၀၆ မော် ဒယ်နှင့်အထက် ဘတ်စ်ကားများ သာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။ လက်ရှိပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များမှာ သတ်မှတ်ထားသည့် မော်ဒယ်နှင့်မကိုက်ညီခြင်းကြောင့် ပါဝင်ပြေးဆွဲခွင့်မရဘဲ ယာဉ်အသစ် ဝယ်ယူရမည့် အခြေအနေများကြောင့် ညှိနှိုင်း၍ အဆင်ပြေစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

‘‘ကျွန်တော်တို့ ဟိုင်းလတ် ယာဉ်တွေကို အစားထိုးပြီး မီနီ ဘတ်စ်ပြောင်းလဲပြေးဆွဲကာ ၂ နှစ်တောင် မပြည့်သေးဘူး။ ဒီလို လုပ်ဆောင်တာကလည်း သက် ဆိုင်ရာ အစိုးရအဖွဲ့၊ မထသ (ဗဟို) တွေရဲ့ စီမံကြီးကြပ်မှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ သယ်ယူပို့ဆောင်ရေးအဆင့်မြှင့်မယ် ဆိုတာ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြောင်းလဲတယ်ဆိုတာ တစ်နေရာ တစ်ချိန်တည်းမှာ တစ်ဟုန်ထိုးပြောင်းလဲလို့ မရပါဘူး။ တဖြည်း ဖြည်းအားလုံး လိုက်ပါပြောင်းလဲ နိုင်မှ အောင်မြင်မယ်လို့ ယုံကြည် တယ်’’ဟု ရှေ့ဆောင်ယာဉ်လိုင်း (မှော်ဘီ)ကော်မတီဝင် ဦးတင့် ဇော်မြင့်က ပြောသည်။ ယခုအ ပြောင်းအလဲကာလတွင် ခရီး သည်တင်ယာဉ်များ မော်ဒယ်နိမ့် သော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် ပါဝင်နိုင်အောင် စဉ်းစားပေးမည်ဖြစ်သည်။

‘‘သတ်မှတ်ထားတာတော့ ၂၀၀၆ မော်ဒယ်ဘတ်စ်တွေကို သတ်မှတ်ထားတယ်။ ဒါပေမဲ့ အ ပြောင်းအလဲက ချက်ချင်းမဖြစ် နိုင်ဘူး။ အရေးကြီးဆုံးအချက်က တော့ အဲကွန်းကောင်းမွန်ဖို့ လို မယ်။ အဲကွန်းအမြဲတမ်းဖွင့်နိုင်ရ မယ်။ လက်ပူတိုက်ပြီး တစ်ရက် နှစ်ရက်ဖွင့်တာမျိုး မရဘူး။ ဆုံး ဖြတ်ချက်တော့ မချရသေးဘူး။ ဒါပေမဲ့ လက်ရှိ ယာဉ်ပိုင်ရှင်တွေ မနစ်နာအောင်တော့ စဉ်းစားပေး မယ်’’ဟု ဒေါက်တာမောင်အောင် က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top