Kantharyar Centre
×

အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ့္ေျခေထာက္၊ေပါင္တံေလးေတြ လွရဲ့လားဆုိတာကို ေတြးေတာပူပန္ေနျခင္းက ကိုယ့္ဦးေႏွာက္ရဲ့ စြမ္းအားေတြကို အလဟႆ        ျဖစ္ေနတာပါ။ ဒါေပမယ့္ ေျခေထာက္ေတြကို သန္မာၾကံ့ခုိင္ေအာင္ ေလ့က်င့္ လုပ္ယူတာက သင့္ဦးေႏွာက္စြမ္းအားကို တုိးတက္ေကာင္းမြန္ေစႏိုင္တာေရာ သိပါရဲ့လား။

အဂၤလန္ႏုိင္ငံ၊လန္ဒန္ျမိဳ ့၊ King’s ေကာလိပ္က သုေတသနပညာရွင္ေတြဟာ ကိုယ္လက္ၾကံ့ခုိင္မွဳနဲ ့စိတ္ပုိင္း ဆုိင္ရာထက္ျမက္မွဳတုိ ့ဆက္စပ္မွဳရွိလားဆုိတာကို သိရွိႏိုင္ေအာင္လုိ ့ေလ့လာမွဳ တစ္ခု ျပဳလုပ္ခဲ့ ပါတယ္။ ေျခေထာက္ေတြၾကံ့ခုိင္မွဳ၊ ဦးေႏွာက္ရဲ့သိမွဳစြမ္းရည္ (cognitive skills) နဲ ့ဦးေႏွာက္ဖြဲ ့စည္းပုံတုိ ့ကို အမႊာအမ်ိဳးသမီးေပါင္း ၃၂၄ ေယာက္မွာ ေလ့လာခဲ့ျပီးေနာက္ ၁၀ ႏွစ္တိတိ ေစာင့္ၾကည့္ခဲ့ပါတယ္။

ဆယ္ႏွစ္အဆုံးမွာေတ့၊ သုေတသနပညာရွင္ေတြဟာ ေလ့လာမွဳရလဒ္အေပၚ အေျပာင္းအလဲျဖစ္ေစႏိုင္တဲ့ အမ်ိဳးသမီးေတြရဲ့ လူေနမွဳပုံစံ၊က်န္းမာေရး၊မ်ိဳးဗီဇအခ်က္အလက္ေတြကို ခ်ိန္ညွိကာ အခ်က္အလက္ ထည့္သြင္း ေလ့လာခဲ့ ပါတယ္။ ေတြ ့ရွိခ်က္အရ ေျခေထာက္ေတြ သန္မာမွဳအရွိဆုံးအမ်ိဳးသမီးေတြဟာ သန္မာမွဳ အားနည္းတဲ့ အမ်ိဳးသမီးေတြထက္ အခ်ိန္ၾကာလာတဲ့အမွ် မွတ္ဥာဏ္စြမ္းရည္က်ဆင္းမွဳနည္းပါးေနတာကို ေတြ ့ရွိခဲ့ရပါတယ္။

လက္ရွိမွာ တိရိစာၦန္ေတြနဲ ့စမ္းသပ္ထားတဲ့ေလ့လာမွဳေတြမွာလည္း ကိုယ္လက္လွဳပ္ရွားျခင္းဟာ နာ့ဗ္ဆဲလ္ ၾကီးထြားမွဳကို အားေပးတဲ့ တစ္ခ်ိဳ ့ေဟာ္မုန္းေတြကို ထြက္ေစႏိုင္တာကို ေတြ ့ရွိထားျပီးျဖစ္ပါတယ္။ ဒါေပမယ့္ ေျခေထာက္ေတြရဲ့ သန္စြမ္းမွဳဟာ ဦးေႏွာက္ပုိင္းကို ဘယ္လုိဆက္စပ္ေနလဲ ဆုိတာကိုေတာ့ သိရွိႏိုင္ေအာင္ ထပ္မံေလ့လာမွဳေတြျပဳလုပ္ရဦးမွာ ျဖစ္ပါတယ္။

ေနာက္ထပ္သတင္းေကာင္းတစ္ခုကေတာ့ ေျခေထာက္ေတြသန္မာဖုိ ့အတြက္ အျပင္းအထန္ေတြ ေလ့က်င့္စရာမလုိဘဲ မတ္တပ္ၾကာၾကာရပ္ေပးျခင္း နဲ ့လမ္းပုံမွန္ေလွ်ာက္ေပးျခင္းတုိ ့က ေျခေထာက္ေတြကို သန္မာေစႏိုင္တယ္လုိ ့သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ခြေထောက်၊ပေါင်တံလေးတွေ လှရဲ့လားဆိုတာကို တွေးတောပူပန်နေခြင်းက ကိုယ့်ဦးနှောက်ရဲ့ စွမ်းအားတွေကို အလဟဿ        ဖြစ်နေတာပါ။ ဒါပေမယ့် ခြေထောက်တွေကို သန်မာကြံ့ခိုင်အောင် လေ့ကျင့် လုပ်ယူတာက သင့်ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်တာရော သိပါရဲ့လား။

အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊ King’s ကောလိပ်က သုတေသနပညာရှင်တွေဟာ ကိုယ်လက်ကြံ့ခိုင်မှုနဲ့စိတ်ပိုင်း ဆိုင်ရာထက်မြက်မှုတို့ဆက်စပ်မှုရှိလားဆိုတာကို သိရှိနိုင်အောင်လို့လေ့လာမှု တစ်ခု ပြုလုပ်ခဲ့ ပါတယ်။ ခြေထောက်တွေကြံ့ခိုင်မှု၊ ဦးနှောက်ရဲ့သိမှုစွမ်းရည် (cognitive skills) နဲ့ဦးနှောက်ဖွဲ့စည်းပုံတို့ကို အမွှာအမျိုးသမီးပေါင်း ၃၂၄ ယောက်မှာ လေ့လာခဲ့ပြီးနောက် ၁၀ နှစ်တိတိ စောင့်ကြည့်ခဲ့ပါတယ်။

ဆယ်နှစ်အဆုံးမှာတေ့၊ သုတေသနပညာရှင်တွေဟာ လေ့လာမှုရလဒ်အပေါ် အပြောင်းအလဲဖြစ်စေနိုင်တဲ့ အမျိုးသမီးတွေရဲ့ လူနေမှုပုံစံ၊ကျန်းမာရေး၊မျိုးဗီဇအချက်အလက်တွေကို ချိန်ညှိကာ အချက်အလက် ထည့်သွင်း လေ့လာခဲ့ ပါတယ်။ တွေ့ရှိချက်အရ ခြေထောက်တွေ သန်မာမှုအရှိဆုံးအမျိုးသမီးတွေဟာ သန်မာမှု အားနည်းတဲ့ အမျိုးသမီးတွေထက် အချိန်ကြာလာတဲ့အမျှ မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုနည်းပါးနေတာကို တွေ့ရှိခဲ့ရပါတယ်။

လက်ရှိမှာ တိရိစ္ဆာန်တွေနဲ့စမ်းသပ်ထားတဲ့လေ့လာမှုတွေမှာလည်း ကိုယ်လက်လှုပ်ရှားခြင်းဟာ နာ့ဗ်ဆဲလ် ကြီးထွားမှုကို အားပေးတဲ့ တစ်ချို့ဟော်မုန်းတွေကို ထွက်စေနိုင်တာကို တွေ့ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ခြေထောက်တွေရဲ့ သန်စွမ်းမှုဟာ ဦးနှောက်ပိုင်းကို ဘယ်လိုဆက်စပ်နေလဲ ဆိုတာကိုတော့ သိရှိနိုင်အောင် ထပ်မံလေ့လာမှုတွေပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ ခြေထောက်တွေသန်မာဖို့အတွက် အပြင်းအထန်တွေ လေ့ကျင့်စရာမလိုဘဲ မတ်တပ်ကြာကြာရပ်ပေးခြင်း နဲ့လမ်းပုံမှန်လျှောက်ပေးခြင်းတို့က ခြေထောက်တွေကို သန်မာစေနိုင်တယ်လို့သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top