Property Expo
×

အန္ဂ်လီနာဂ်ိဳလီရဲ႕ ကြာ႐ွင္းခြင့္ေလွ်ာက္ထားမႈအၿပီးမွာ ခင္ပြန္းျဖစ္သူ ဘရတ္ပစ္ကို ကေလးသူငယ္ ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သက္ဆုိင္ရာက စစ္ေဆးေမးျမန္းမႈေတြ စတင္လိုက္ပါၿပီ။ ဂ်ိဳလီရဲ႕ ကြာ႐ွင္းခြင့္ေလွ်ာက္လႊာထဲမွာ ဘရတ္ပစ္ဟာ ကေလးေတြကို ႏႈတ္နဲ႔ေရာ ကိုယ္ထိလက္ေရာက္ပါ ႏွိပ္စက္မႈေတြျပဳလုပ္ေနတယ္လို႔ ေဖာ္ျပထားခဲ့တာပါ။

ဘရတ္ပစ္ဟာ အရက္ေသစာေသာက္စားၿပီးေနာက္ ကေလးေတြကို ၾကမ္းတမ္းစြာဆက္ဆံျခင္း၊ ေအာ္ဟစ္ျခင္းေတြ ျပဳလုပ္ခဲ့တာဟာ ဥပေဒနဲ႔ ၿငိစြန္းေနတာလည္းျဖစ္ပါတယ္။ ေလာ့စ္အန္ဂ်လိစ္ ရဲဌာနနဲ႔ ေလာ့စ္အန္ဂ်လိစ္ၿမိဳ႕ မိသားစုနဲ႔ကေလးမ်ားဆိုင္ရာအဖြဲ႔အစည္းတုိ႔က ဘရတ္ပစ္ကို စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနေၾကာင္း TMZ က ေရးသားထားပါတယ္။
ဘရတ္ပစ္နဲ႔ ဂ်ိဳလီတုိ႔ဟာ ၂၀၁၂ ခုႏွစ္ကတည္းက အတူေပါင္းသင္းခဲ့ၾကၿပီး ကေလး ၄ ဦး ေမြးစားထားကာ ကိုယ္တုိင္ေမြးဖြားထားတဲ့ အျမႊာရင္ေသြးႏွစ္ဦးလည္း ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun



#Unicode Version


အန်ဂျလီနာဂျိုလီရဲ့ ကွာရှင်းခွင့်လျှောက်ထားမှုအပြီးမှာ ခင်ပွန်းဖြစ်သူ ဘရတ်ပစ်ကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုတွေ စတင်လိုက်ပါပြီ။ ဂျိုလီရဲ့ ကွာရှင်းခွင့်လျှောက်လွှာထဲမှာ ဘရတ်ပစ်ဟာ ကလေးတွေကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ နှိပ်စက်မှုတွေပြုလုပ်နေတယ်လို့ ဖော်ပြထားခဲ့တာပါ။

ဘရတ်ပစ်ဟာ အရက်သေစာသောက်စားပြီးနောက် ကလေးတွေကို ကြမ်းတမ်းစွာဆက်ဆံခြင်း၊ အော်ဟစ်ခြင်းတွေ ပြုလုပ်ခဲ့တာဟာ ဥပဒေနဲ့ ငြိစွန်းနေတာလည်းဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ် ရဲဌာနနဲ့ လော့စ်အန်ဂျလိစ်မြို့ မိသားစုနဲ့ကလေးများဆိုင်ရာအဖွဲ့အစည်းတို့က ဘရတ်ပစ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း TMZ က ရေးသားထားပါတယ်။
ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အတူပေါင်းသင်းခဲ့ကြပြီး ကလေး ၄ ဦး မွေးစားထားကာ ကိုယ်တိုင်မွေးဖွားထားတဲ့ အမြွှာရင်သွေးနှစ်ဦးလည်း ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top