Property Expo
×

အတက္ေရာဂါဟု ဆိုလုိက္သည္ႏွင့္ စိတ္ေရာဂါတစ္ခု၊ မ်ဳိး႐ုိးလုိက္သည့္ ေရာဂါတစ္ခုဟုထင္လွ်င္ေတာ့ မွားယြင္းေပလိမ့္မည္။

ယင္းေရာဂါသည္ ကုသ၍ရ ေသာ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ ဆုိင္ရာေရာဂါတစ္ခု ျဖစ္သည္။

ကမၻာေပၚတြင္ အတက္ေရာဂါခံစားရသူ သန္း ၅၀ ခန္႔ရွိၿပီး ယင္းေရာဂါခံစားရသူ ၉၀ ရာခိုင္ႏႈန္း သည္ ဖံြ႕ၿဖိဳးဆဲႏုိင္ငံမ်ားမွ ျဖစ္ၾကသည္။ ႏုိင္ငံတကာတြင္ အတက္ေရာဂါခံစားရသူမွာ လူအေယာက္၁,၀၀၀ တြင္ ႏွစ္ဦးမွသုံးဦးအထိ ရွိသည္ဟု ကမၻာ့က်န္းမာေရးအဖဲြ႕ စစ္တမ္းမ်ားက ဆုိသည္။

ကေလး၊ လူႀကီးမေရြးျဖစ္ပြားႏုိင္သည့္ အတက္ေရာဂါကုိ မေပါ့ဆဘဲ တတ္ကြၽမ္းသည့္ဆရာ၀န္ႏွင့္ နည္းမွန္လမ္းမွန္ ကုသမႈခံယူရန္လိုအပ္သည္။ တက္ျခင္းသည္ စိတ္ေရာဂါတစ္မ်ဳိးျဖစ္ သည္ဟု ယူဆျခင္း၊ မေကာင္းဆုိးရြားပူးကပ္ျခင္းေၾကာင့္ျဖစ္သည္ဟု ယူဆျခင္းမ်ားသည္ မွားယြင္းေသာ အယူအဆမ်ားျဖစ္သည္။ တက္ေနေသာ လူနာကိုထိေတြ႕ ကိုင္တြယ္ျခင္းေၾကာင့္ ေရာဂါကူးစက္ႏုိင္သည္ဟု ထင္ျမင္မႈမွာ လည္း မွားယြင္းဟု ေဆးပညာရွင္ မ်ားက ေျပာၾကားသည္။

‘‘တက္ေနတဲ့လူနာကို အ တက္က်ေစဖို႔ဆိုၿပီး လူနာရဲ႕လက္ ထဲကို ေသာ့ထည့္ေပးတာတို႔၊ ၾကက္သြန္နီကို ရွဴေစတာေတြက လည္း အယူအဆအမွားေတြပဲ။ တက္တဲ့အခ်ိန္မွာ ေျခလက္ခ်ဳိး တာေတြ မလုပ္ရဘူး။ အတက္ ေရာဂါအတြက္ ေရွးဦးသူနာျပဳ နည္းေတြ ရွိပါတယ္’’ဟု ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာေဆးပညာဌာနသမား ေတာ္ႀကီး တဲြဖက္ပါေမာကၡေဒါက္ တာစမ္းဦးက ဆုိသည္။

တက္ေနသည့္ လူနာကုိ ေတြ႕ရွိပါက အထိတ္တလန္႔မျဖစ္ဘဲ လူနာအႏၲရာယ္မက်ေရာက္ႏုိင္ သည့္ ေနရာတြင္ လဲေလ်ာင္းထား ရမည္။ လူနာအတြက္ အႏၲရာယ္ျဖစ္ေစႏုိင္သည့္ အရာမွန္သမွ်ဖယ္ရွားပစ္ၿပီး အ၀တ္စေခါက္တစ္ခုကို လူနာ၏ဦးေခါင္းေအာက္ တြင္ ထားေပးရမည္။ အ၀တ္အစားမ်ား တင္းက်ပ္ေနပါက ေျဖေလွ်ာ့ေပးကာ လူနာကိုခ်ဳပ္မထား ရန္ႏွင့္ ပါးစပ္အတြင္းသို႔ မည္သည့္အရာကုိမွ် မထည့္သင့္ေပ။

အတက္ၾကာျမင့္ခ်ိန္ကုိ မွတ္သားထားၿပီး သက္ေသာင့္သက္ သာျဖစ္ေစမည့္ အေနအထားျဖင့္ ေဘးတေစာင္းလွည့္ေပးကာ လူနာအား အနားယူေစရမည္ျဖစ္ သည္။ အတက္ေရာဂါရွင္မ်ားအေနျဖင့္ စိတ္ဖိစီးျခင္း၊ စိုးရိမ္ပူပန္ ျခင္းႏွင့္ အလုပ္ပင္ပန္းႏြမ္းနယ္ ျခင္းမ်ား၊ အိပ္ေရးပ်က္ျခင္း၊ အ စားပုံမွန္မစားျခင္း၊ တီဗီဂိမ္းအ လြန္အကြၽံကစားျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးပုံမွန္မေသာက္ျခင္းမ်ားသည္ ေရာဂါျဖစ္ေစရန္ လႈံ႔ေဆာ္ႏုိင္သျဖင့္ သတိျပဳေနထုိင္သင့္ေၾကာင္း ေဆးပညာရွင္ မ်ားက တုိက္တြန္းထားသည္။

အတက္ေရာဂါရွိသူမ်ားအ ေနျဖင့္ အျမင့္တက္ျခင္း၊ မီးအသုံး ျပဳရေသာ ခ်က္ျပဳတ္ျခင္းမ်ား၊ ေရေႏြးအိုးမ်ားႏွင့္ ခြၽန္ထက္ေသာ ပစၥည္းမ်ား ကိုင္တြယ္ျခင္း၊ အေဖာ္မပါဘဲ ျမစ္၊ ေခ်ာင္း၊ အင္းအုိင္အ နီးတြင္ အလုပ္လုပ္ျခင္း၊ ေရကူး၊ ေရခ်ဳိးျခင္းမ်ား၊ စက္ယႏၲရားႏွင့္ စက္ဘီး၊ ဆုိင္ကယ္၊ ကားေမာင္းျခင္းမ်ားသည္ အသက္အႏၲရာယ္ထိခိုက္ႏုိင္သျဖင့္ သတိျပဳလုပ္ေဆာင္ၾကရန္ ျမန္မာႏုိင္ငံ အတက္ေရာဂါ စီမံခ်က္ႏွင့္ကမၻာ့က်န္းမာေရးအဖဲြ႕တို႔က အႀကံျပဳထားသည္။

အတက္ေရာဂါသည္ ျမန္မာႏုိင္ငံတြင္ လူ ၁,၀၀၀ လွ်င္ တစ္ဦးႏႈန္း ျဖစ္ပြားလ်က္ရွိသည္ဟု က်န္းမာေရးႏွင့္ အားကစား၀န္ ႀကီးဌာနႏွင့္ ကမၻာ့က်န္းမာေရးအ ဖဲြ႕တို႔ပူးေပါင္း၍ ၂၀၁၃ တြင္ ေလးႏွစ္စီမံကိန္းျဖင့္စတင္ခဲ့သည့္ အတက္ေရာဂါစီမံခ်က္ စစ္တမ္းမ်ား အရ သိရသည္။

ယင္းစီမံခ်က္အရ စီမံခ်က္၀င္ၿမိဳ႕နယ္ရွစ္ၿမိဳ႕နယ္၌ လာ ေရာက္ကုသမႈခံယူသည့္ အတက္ေရာဂါရွင္မ်ား၏ မွတ္တမ္းမ်ားရယူထားျခင္းျဖစ္သည္။

‘‘အကုန္လုံး လာေရာက္ ကုသမႈ မခံယူေသးဘူး။ အမွန္ဆို ဒီ ထက္မကရွိရမွာ’’ဟု ေဒါက္တာ စမ္းဦးက ေျပာသည္။

လက္ရွိျမန္မာႏုိင္ငံတြင္ ေလးႏွစ္စီမံကိန္းျဖင့္ လုပ္ကိုင္ ေန သည့္ အတက္ေရာဂါစီမံခ်က္၌ ရန္ကုန္တုိင္းေဒသႀကီးတြင္ လွည္းကူး၊ေမွာ္ဘီ၊ သန္လ်င္၊ ေကာ့မွဴးၿမိဳ႕နယ္၊ ေနျပည္ေတာ္၌ လယ္ေ၀း၊မြန္ျပည္နယ္တြင္ သထုံႏွင့္ က်ဳိက္ထို၊ ဧရာ၀တီတုိင္းတြင္ ေညာင္တုန္း စသည့္ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္၌အတက္ေရာဂါရွင္မ်ားကုိ ရွာေဖြကုသမႈမ်ား ျပဳလုပ္ေပးလ်က္ရွိ သည္။

ယင္းစီမံခ်က္ ၿမိဳ႕နယ္မ်ား၏ စာရင္းဇယားမ်ားအရ လူနာဦးေရ ၉၂၀ ေက်ာ္တြင္ အမ်ဳိးသား ၄၈၉ ဦး၊ အမ်ဳိးသမီးကုိ ၄၄၃ ဦးခန္႔ရွိ သျဖင့္ အမ်ဳိးသားလူနာဦးေရမွာ အနည္းငယ္ ပိုမ်ားေနသည္ကို ေတြ႕ရသည္။ လူနာ ၆၀၀ ေက်ာ္ ခန္႔မွာ အသက္ (၁၉)ႏွစ္မွ (၆၀) ႏွစ္အၾကား အရြယ္မ်ားျဖစ္သည္ ဟု မွတ္တမ္းမ်ားတြင္ ေဖာ္ျပထား သည္။

အတက္ေရာဂါသည္ လူ ႀကီး၊ လူငယ္မေရြးျဖစ္ပြားႏုိင္သည့္ေရာဂါတစ္ခုျဖစ္သည္။ သို႔ေသာ္လည္း ကေလးဘ၀ႏွင့္ သက္ႀကီး ပိုင္းတြင္ ပို၍အျဖစ္မ်ားသည္။ ၂၄ နာရီျခား၍ အေၾကာင္းရင္းခံမရွိဘဲအနည္းဆုံးႏွစ္ႀကိမ္ႏွင့္အထက္ တက္ျခင္းျဖစ္ပါက  အတက္ေရာဂါဟု သတ္မွတ္ႏုိင္သည္။

‘‘ဦးေႏွာက္အတြင္းမွာရွိတဲ့ လွ်ပ္စီးေၾကာင္းေတြ ႐ုတ္တရက္ မူမမွန္ဘဲ ေျပာင္းလဲတာေၾကာင့္ ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္း လာမယ္။ တုန္ၿပီးသတိလစ္သြား မယ္။ တက္တဲ့အခ်ိန္က စကၠန္႔ပိုင္း ေလာက္ပဲ။ တခ်ဳိ႕က်ေတာ့ မိနစ္ အနည္းငယ္ထက္ ပိုတယ္။ ႏွစ္မိ နစ္၊ သုံးမိနစ္ေလာက္ျဖစ္တတ္တယ္’’ ဟု ေဒါက္တာစမ္းဦးက ဆုိသည္။

အခ်ဳိ႕လူမ်ားတြင္ စကၠန္႔(သို႔ မဟုတ္) မိနစ္အနည္းငယ္သာ အ လိုအေလ်ာက္ အတက္က်ကာ ပုံ မွန္အေနအထားသို႔ ျပန္ေရာက္ ေလ့ရွိသည္။ အတက္က်ခ်ိန္၌ စိတ္႐ႈပ္ေထြးျခင္း၊ ႏြမ္းနယ္ျခင္း၊ ထုိင္းမႈိင္းေတြေ၀ျခင္း၊ ေခါင္း ကိုက္ျခင္းမ်ား ျဖစ္ႏုိင္သည္။

 ‘‘အသက္ပိုႀကီးလာေလ တက္ဖို႔ပိုမ်ားေလပဲ။ ငယ္တဲ့သူက်ေတာ့လည္း ဦးေႏွာက္ကေကာင္း ေကာင္း ဖံြ႕ၿဖိဳးမႈအျပည့္ မရေသး ဘူး။ အသက္ႀကီးလာတဲ့သူက် ေတာ့ ဦးေႏွာက္က တျဖည္းျဖည္း ျပန္ယိုယြင္းလာတယ္။ တက္တဲ့အခ်ိန္ ဦးေႏွာက္က ပုံမွန္မဟုတ္တဲ့ လႈိင္းေလးေတြ EEG စက္နဲ႔ စမ္း သပ္ရင္ေတြ႕ရတယ္’’ဟု ေဒါက္ တာစမ္းဦးက ဆုိသည္။

ယင္းေရာဂါ၏ လကၡဏာမ်ားမွာ သတိလစ္ေမ့ေျမာကာ တက္သြားျခင္း၊ ကိုယ္ခႏၶာတစ္ခု လုံး (သို႔မဟုတ္) တစ္ျခမ္းအ ေၾကာဆဲြျခင္း၊ ပါးစပ္မွ အျမႇဳပ္တစီစီထြက္ျခင္း၊ ဆီး၊ ၀မ္းမထိန္းႏုိင္ျခင္း၊ မ်က္လုံးသည္ အမ်ားအားျဖင့္ ပြင့္ေနၿပီး တစ္ဖက္သို႔ေစြ ေစာင္းကာ အေ၀းသို႔ၾကည့္သကဲ့ သို႔ ရွိေနျခင္း စသည့္လကၡဏာမ်ား ခံစားရမည္ျဖစ္သည္။

အတက္ေရာဂါျဖစ္ရသည့္ အေၾကာင္းရင္းမ်ားမွာ ေျပာရန္ခက္ခဲေနေသာ္လည္း ဦးေႏွာက္ေရာင္ျခင္း၊ ဦးေႏွာက္အေျမႇးေရာင္ျခင္း ျဖစ္ဖူးသူမ်ား၌ အတက္ေရာဂါ ျဖစ္လာႏုိင္ေျခရွိသည္။ မိခင္ဗိုက္ထဲတြင္ရွိစဥ္ ေရာဂါပိုး၀င္ျခင္း၊ ေမြးသည့္အခ်ိန္၌ ဦးေခါင္းခိုက္မိျခင္း၊ ေရမြန္းျခင္း စသည့္ကေလးမ်ား၌လည္း အတက္ေရာဂါျဖစ္လာႏုိင္သည္။

‘‘ကေလးေတြမွာ ေမြးခါစက စၿပီး အတက္ေရာဂါျဖစ္ႏုိင္တယ္။ ကိုယ့္ကေလးမွာ အတက္ေရာဂါရွိ တယ္လို႔ သံသယ၀င္ရင္ ဆရာ၀န္ နဲ႔ ေသခ်ာျပပါ။ ဆရာ၀န္တုိက္တဲ့ေဆးကို ေသခ်ာတုိက္ဖို႔လိုပါ တယ္။ ပုံမွန္ပညာသင္ၾကားလို႔ရ တယ္။ ေသခ်ာမကုသရင္ ဉာဏ္ရည္က်တတ္တယ္။ စာသင္ဖို႔ခက္သြားမယ္’’ဟု ေဒါက္တာစမ္းဦးက ဆုိသည္။

အတက္ေရာဂါကို ေဆးျဖင့္ မထိန္းႏုိင္ဘဲ အႀကိမ္မ်ားစြာတက္ ပါက ဦးေႏွာက္အတြင္း ေအာက္ဆီဂ်င္ျပတ္လပ္၍ ဦးေႏွာက္ထိခိုက္ၿပီး ဉာဏ္ရည္က်ဆင္းႏုိင္ သျဖင့္ ဆရာ၀န္ၫႊန္ၾကားသည့္ ေဆးမ်ားကို ပုံမွန္ေသာက္ျခင္းျဖင့္ ထပ္မံမတက္ေအာင္ ထိန္းထား ႏုိင္သည္ဟု သိရသည္။

‘‘ကေလးအသက္ တစ္ႏွစ္ခဲြေလာက္ကတည္းက အတက္ေရာဂါကုသေဆးေတြ တုိက္လာတာ။ အခုဆိုကေလးက (၂)ႏွစ္ရွိၿပီ။ စကားလည္း မေျပာေသးဘူး။ အသိဉာဏ္အားနည္းေနတယ္လို႔ ခံစားရတယ္’’ဟု သန္လ်င္ၿမိဳ႕ေအာင္ခ်မ္းသာရပ္ကြက္ေန ကေလးမိခင္ေဒၚသူသူက စိတ္ပူပန္စြာေျပာသည္။

 တက္ျခင္းခံစားရသည့္ ကေလးငယ္မ်ားသည္ တစ္ဦးႏွင့္ တစ္ဦး ခံစားရပုံခ်င္း မတူၾကေခ်။

‘‘တခ်ဳိ႕ကေလးေတြ တက္ တာၾကေတာ့ ခဏေလးေငးၿပီး တက္တယ္ေပါ့။ စာေရးေနရင္းနဲ႔ ခဏရပ္သြားတယ္။ ေရးေနတဲ့ ခဲ တံတို႔၊ ေဘာပင္တို႔ေတာင္ လြတ္မက်ဘူး။ စကၠန္႔ပိုင္းေလာက္ပဲၾကာတယ္။ ၿပီးရင္ဆက္ေရးတယ္။ တခ်ဳိ႕ၾကေတာ့ သြားေနရင္းနဲ႔ ေပ်ာ့ေခြၿပီးက်သြားတယ္’’ဟု တဲြဖက္ပါ ေမာကၡေဒါက္တာစမ္းဦးက ရွင္းျပသည္။

 သက္ႀကီးပိုင္းအရြယ္မ်ား တြင္ ဦးေႏွာက္၏လုပ္ငန္းေဆာင္ တာမ်ား က်ဆင္းျခင္းေၾကာင့္ အ တက္ေရာဂါခံစားရႏုိင္သည္သာ မက ေလျဖတ္ေရာဂါခံစားရသူ၊   ဦးေခါင္း ခိုက္မိထားသူမ်ား၌ လည္း ယင္းေရာဂါျဖစ္ႏုိင္ေျခရွိ သျဖင့္ သတိျပဳရန္လိုအပ္သည္။

ေလျဖတ္ေရာဂါ ခံစားရသူ မ်ားသည္ ေလျဖတ္ၿပီးသြားသည့္ အခါ ဦးေႏွာက္ထဲတြင္ အမာရြတ္ မ်ားျဖစ္သြားသည္။ ေလး၊ ငါးႏွစ္ခန္႔ၾကာေသာအခါ ယင္းအမာရြတ္မ်ားေၾကာင့္ ဦးေႏွာက္ထဲ၌ ပုံမွန္ မဟုတ္သည့္လႈိင္းမ်ား ထြက္တတ္ၿပီး ေလျဖတ္ေရာဂါႏွင့္အတူ အတက္ေရာဂါကို ခံစားလာရသည္။

‘‘တခ်ဳိ႕ကေတာ့ လက္ေလးတစ္ဖက္ပဲ အေၾကာဆဲြၿပီး တက္ တယ္။ တစ္ကုိယ္လုံးေတာင့္တင္း ၿပီး သတိလစ္တက္တာမ်ဳိးလည္း ရွိတယ္။ တခ်ဳိ႕ကေတာ့ တက္တဲ့အခ်ိန္မွာ သတိလြတ္သြားၿပီး ေအာ္ဟစ္တာမ်ဳိးလည္း ရွိတယ္။တက္တဲ့အခ်ိန္မွာ ေျခဦးတည့္ရာေလွ်ာက္သြားတယ္။ ႏွစ္မိနစ္၊ သုံးမိနစ္အတြင္းမွာ လုပ္ခဲ့တာကို သတိမရဘူး။ အတက္က်ရင္ ပုံမွန္ျပန္ျဖစ္သြားတယ္’’ ဟု ေဒါက္တာ စမ္းဦးက ဆုိသည္။

အတက္ေရာဂါ ခံစားရသူ အမ်ဳိးသမီးမ်ားသည္ ဓမၼတာလာ ခ်ိန္း၀န္းက်င္တြင္ သာမန္ထက္ပို ၍ တက္ျခင္းမ်ားျဖစ္တတ္သျဖင့္ သတိျပဳရန္လုိသည္။ အတက္ေရာဂါရွိသူ အမ်ဳိးသမီးမ်ားသည္ သာ မန္အမ်ဳိးသမီးမ်ားကဲ့သို႔ အိမ္ ေထာင္ျပဳႏုိင္ေသာ္လည္း တိက် မွန္ကန္သည့္ ေဆး၀ါးကုသမႈခံယူ ရန္ လိုအပ္သည္။

အတက္ေရာဂါသည္ ကုသ ၍ ရေသာေရာဂါျဖစ္ေသာ္လည္း လုံး၀ေပ်ာက္ကင္းျခင္းရွိ၊ မရွိကိုလူတစ္ဦးခ်င္းစီ၏ ေရာဂါအေျခ အေနေပၚ၌သာ မူတည္သည္ဟု ဦး ေႏွာက္ႏွင့္အာ႐ုံေၾကာအထူးကု ဆရာ၀န္ႀကီးမ်ားက ဆုိသည္။

‘‘ကြၽန္မဦးေလးတစ္ေယာက္ ဆိုရင္ အတက္ေရာဂါျဖစ္ေနတာ ႏွစ္ ၃၀ ေက်ာ္ၿပီ။ စျဖစ္ခါစက အေျခအေနဆုိးတယ္။ တစ္လကို သုံး၊ေလးႀကိမ္ေလာက္ တက္တယ္။တစ္ခါျဖစ္ရင္ သုံး၊ေလးရက္ဆက္ တုိက္ျဖစ္တာ။ အတက္ေရာဂါ ေဆးေတြေသာက္ၿပီး ထိန္းထားရ တယ္’’ဟု ေတာင္ႀကီးၿမိဳ႕ေန မႏြယ္မြန္က ေျပာၾကားသည္။

ယင္းေရာဂါကို ေဆး ေသာက္႐ုံျဖင့္ ၈၀ ရာခိုင္ႏႈန္းထိန္းထားႏုိင္ၿပီး ေဆးပမာဏအတိုးအေလွ်ာ့ကို  ဆရာ၀န္ၫႊန္ၾကားခ်က္ အတိုင္းလုိက္နာရန္ လိုအပ္သည္ဟု အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာတင့္ေဆြက ဆုိသည္။ပုံမွန္ေသာက္ေနက် ေဆးပမာဏ အတုိင္းသာ ေသာက္သုံးသင့္ၿပီး ပိုေသာက္ျခင္း၊ မိမိသေဘာျဖင့္ ေဆးရပ္ျခင္းမ်ား မျပဳလုပ္သင့္ဟု ၎က ဆိုသည္။

‘‘အမ်ားစုက ေရရွည္ေဆး ေသာက္ထားရင္ အတက္ေရာဂါ ကို ထိန္းထားႏုိင္တယ္။ ၂ ႏွစ္နဲ႔ အထက္မတက္ေတာ့ဘူးဆုိရင္ ေဆးရပ္ၾကည့္တယ္။ တခ်ဳိ႕က် ေတာ့ေဆးရပ္လုိက္ရင္ ျပန္တက္ တယ္။ ဒါဆိုရင္ေတာ့ ေဆးဆက္ ေသာက္ဖုိ႔ လိုတယ္’’ဟု ေဒါက္ တာစမ္းဦးက အႀကံျပဳသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

အတက်ရောဂါဟု ဆိုလိုက်သည်နှင့် စိတ်ရောဂါတစ်ခု၊ မျိုးရိုးလိုက်သည့် ရောဂါတစ်ခုဟုထင်လျှင်တော့ မှားယွင်းပေလိမ့်မည်။

ယင်းရောဂါသည် ကုသ၍ရ သော ဦးနှောက်နှင့်အာရုံကြော ဆိုင်ရာရောဂါတစ်ခု ဖြစ်သည်။

ကမ္ဘာပေါ်တွင် အတက်ရောဂါခံစားရသူ သန်း ၅၀ ခန့်ရှိပြီး ယင်းရောဂါခံစားရသူ ၉၀ ရာခိုင်နှုန်း သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြသည်။ နိုင်ငံတကာတွင် အတက်ရောဂါခံစားရသူမှာ လူအယောက်၁,၀၀၀ တွင် နှစ်ဦးမှသုံးဦးအထိ ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စစ်တမ်းများက ဆိုသည်။

ကလေး၊ လူကြီးမရွေးဖြစ်ပွားနိုင်သည့် အတက်ရောဂါကို မပေါ့ဆဘဲ တတ်ကျွမ်းသည့်ဆရာဝန်နှင့် နည်းမှန်လမ်းမှန် ကုသမှုခံယူရန်လိုအပ်သည်။ တက်ခြင်းသည် စိတ်ရောဂါတစ်မျိုးဖြစ် သည်ဟု ယူဆခြင်း၊ မကောင်းဆိုးရွားပူးကပ်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆခြင်းများသည် မှားယွင်းသော အယူအဆများဖြစ်သည်။ တက်နေသော လူနာကိုထိတွေ့ ကိုင်တွယ်ခြင်းကြောင့် ရောဂါကူးစက်နိုင်သည်ဟု ထင်မြင်မှုမှာ လည်း မှားယွင်းဟု ဆေးပညာရှင် များက ပြောကြားသည်။


‘‘တက်နေတဲ့လူနာကို အ တက်ကျစေဖို့ဆိုပြီး လူနာရဲ့လက် ထဲကို သော့ထည့်ပေးတာတို့၊ ကြက်သွန်နီကို ရှူစေတာတွေက လည်း အယူအဆအမှားတွေပဲ။ တက်တဲ့အချိန်မှာ ခြေလက်ချိုး တာတွေ မလုပ်ရဘူး။ အတက် ရောဂါအတွက် ရှေးဦးသူနာပြု နည်းတွေ ရှိပါတယ်’’ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဆေးပညာဌာနသမား တော်ကြီး တွဲဖက်ပါမောက္ခဒေါက် တာစမ်းဦးက ဆိုသည်။

တက်နေသည့် လူနာကို တွေ့ရှိပါက အထိတ်တလန့်မဖြစ်ဘဲ လူနာအန္တရာယ်မကျရောက်နိုင် သည့် နေရာတွင် လဲလျောင်းထား ရမည်။ လူနာအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အရာမှန်သမျှဖယ်ရှားပစ်ပြီး အဝတ်စခေါက်တစ်ခုကို လူနာ၏ဦးခေါင်းအောက် တွင် ထားပေးရမည်။ အဝတ်အစားများ တင်းကျပ်နေပါက ဖြေလျှော့ပေးကာ လူနာကိုချုပ်မထား ရန်နှင့် ပါးစပ်အတွင်းသို့ မည်သည့်အရာကိုမျှ မထည့်သင့်ပေ။

အတက်ကြာမြင့်ချိန်ကို မှတ်သားထားပြီး သက်သောင့်သက် သာဖြစ်စေမည့် အနေအထားဖြင့် ဘေးတစောင်းလှည့်ပေးကာ လူနာအား အနားယူစေရမည်ဖြစ် သည်။ အတက်ရောဂါရှင်များအနေဖြင့် စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန် ခြင်းနှင့် အလုပ်ပင်ပန်းနွမ်းနယ် ခြင်းများ၊ အိပ်ရေးပျက်ခြင်း၊ အ စားပုံမှန်မစားခြင်း၊ တီဗီဂိမ်းအ လွန်အကျွံကစားခြင်း၊ အရက်သောက်ခြင်း၊ ဆေးပုံမှန်မသောက်ခြင်းများသည် ရောဂါဖြစ်စေရန် လှုံ့ဆော်နိုင်သဖြင့် သတိပြုနေထိုင်သင့်ကြောင်း ဆေးပညာရှင် များက တိုက်တွန်းထားသည်။

အတက်ရောဂါရှိသူများအ နေဖြင့် အမြင့်တက်ခြင်း၊ မီးအသုံး ပြုရသော ချက်ပြုတ်ခြင်းများ၊ ရေနွေးအိုးများနှင့် ချွန်ထက်သော ပစ္စည်းများ ကိုင်တွယ်ခြင်း၊ အဖော်မပါဘဲ မြစ်၊ ချောင်း၊ အင်းအိုင်အ နီးတွင် အလုပ်လုပ်ခြင်း၊ ရေကူး၊ ရေချိုးခြင်းများ၊ စက်ယန္တရားနှင့် စက်ဘီး၊ ဆိုင်ကယ်၊ ကားမောင်းခြင်းများသည် အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် သတိပြုလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က အကြံပြုထားသည်။

အတက်ရောဂါသည် မြန်မာနိုင်ငံတွင် လူ ၁,၀၀၀ လျှင် တစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့တို့ပူးပေါင်း၍ ၂၀၁၃ တွင် လေးနှစ်စီမံကိန်းဖြင့်စတင်ခဲ့သည့် အတက်ရောဂါစီမံချက် စစ်တမ်းများ အရ သိရသည်။

ယင်းစီမံချက်အရ စီမံချက်ဝင်မြို့နယ်ရှစ်မြို့နယ်၌ လာ ရောက်ကုသမှုခံယူသည့် အတက်ရောဂါရှင်များ၏ မှတ်တမ်းများရယူထားခြင်းဖြစ်သည်။

‘‘အကုန်လုံး လာရောက် ကုသမှု မခံယူသေးဘူး။ အမှန်ဆို ဒီ ထက်မကရှိရမှာ’’ဟု ဒေါက်တာ စမ်းဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် လေးနှစ်စီမံကိန်းဖြင့် လုပ်ကိုင် နေ သည့် အတက်ရောဂါစီမံချက်၌ ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊မှော်ဘီ၊ သန်လျင်၊ ကော့မှူးမြို့နယ်၊ နေပြည်တော်၌ လယ်ဝေး၊မွန်ပြည်နယ်တွင် သထုံနှင့် ကျိုက်ထို၊ ဧရာဝတီတိုင်းတွင် ညောင်တုန်း စသည့်မြို့နယ် ရှစ်မြို့နယ်၌အတက်ရောဂါရှင်များကို ရှာဖွေကုသမှုများ ပြုလုပ်ပေးလျက်ရှိ သည်။

ယင်းစီမံချက် မြို့နယ်များ၏ စာရင်းဇယားများအရ လူနာဦးရေ ၉၂၀ ကျော်တွင် အမျိုးသား ၄၈၉ ဦး၊ အမျိုးသမီးကို ၄၄၃ ဦးခန့်ရှိ သဖြင့် အမျိုးသားလူနာဦးရေမှာ အနည်းငယ် ပိုများနေသည်ကို တွေ့ရသည်။ လူနာ ၆၀၀ ကျော် ခန့်မှာ အသက် (၁၉)နှစ်မှ (၆၀) နှစ်အကြား အရွယ်များဖြစ်သည် ဟု မှတ်တမ်းများတွင် ဖော်ပြထား သည်။

အတက်ရောဂါသည် လူ ကြီး၊ လူငယ်မရွေးဖြစ်ပွားနိုင်သည့်ရောဂါတစ်ခုဖြစ်သည်။ သို့သော်လည်း ကလေးဘဝနှင့် သက်ကြီး ပိုင်းတွင် ပို၍အဖြစ်များသည်။ ၂၄ နာရီခြား၍ အကြောင်းရင်းခံမရှိဘဲအနည်းဆုံးနှစ်ကြိမ်နှင့်အထက် တက်ခြင်းဖြစ်ပါက  အတက်ရောဂါဟု သတ်မှတ်နိုင်သည်။

‘‘ဦးနှောက်အတွင်းမှာရှိတဲ့ လျှပ်စီးကြောင်းတွေ ရုတ်တရက် မူမမှန်ဘဲ ပြောင်းလဲတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း လာမယ်။ တုန်ပြီးသတိလစ်သွား မယ်။ တက်တဲ့အချိန်က စက္ကန့်ပိုင်း လောက်ပဲ။ တချို့ကျတော့ မိနစ် အနည်းငယ်ထက် ပိုတယ်။ နှစ်မိ နစ်၊ သုံးမိနစ်လောက်ဖြစ်တတ်တယ်’’ ဟု ဒေါက်တာစမ်းဦးက ဆိုသည်။

အချို့လူများတွင် စက္ကန့်(သို့ မဟုတ်) မိနစ်အနည်းငယ်သာ အ လိုအလျောက် အတက်ကျကာ ပုံ မှန်အနေအထားသို့ ပြန်ရောက် လေ့ရှိသည်။ အတက်ကျချိန်၌ စိတ်ရှုပ်ထွေးခြင်း၊ နွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းတွေဝေခြင်း၊ ခေါင်း ကိုက်ခြင်းများ ဖြစ်နိုင်သည်။

 ‘‘အသက်ပိုကြီးလာလေ တက်ဖို့ပိုများလေပဲ။ ငယ်တဲ့သူကျတော့လည်း ဦးနှောက်ကကောင်း ကောင်း ဖွံ့ဖြိုးမှုအပြည့် မရသေး ဘူး။ အသက်ကြီးလာတဲ့သူကျ တော့ ဦးနှောက်က တဖြည်းဖြည်း ပြန်ယိုယွင်းလာတယ်။ တက်တဲ့အချိန် ဦးနှောက်က ပုံမှန်မဟုတ်တဲ့ လှိုင်းလေးတွေ EEG စက်နဲ့ စမ်း သပ်ရင်တွေ့ရတယ်’’ဟု ဒေါက် တာစမ်းဦးက ဆိုသည်။

ယင်းရောဂါ၏ လက္ခဏာများမှာ သတိလစ်မေ့မြောကာ တက်သွားခြင်း၊ ကိုယ်ခန္ဓာတစ်ခု လုံး (သို့မဟုတ်) တစ်ခြမ်းအ ကြောဆွဲခြင်း၊ ပါးစပ်မှ အမြှုပ်တစီစီထွက်ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း၊ မျက်လုံးသည် အများအားဖြင့် ပွင့်နေပြီး တစ်ဖက်သို့စွေ စောင်းကာ အဝေးသို့ကြည့်သကဲ့ သို့ ရှိနေခြင်း စသည့်လက္ခဏာများ ခံစားရမည်ဖြစ်သည်။

အတက်ရောဂါဖြစ်ရသည့် အကြောင်းရင်းများမှာ ပြောရန်ခက်ခဲနေသော်လည်း ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း ဖြစ်ဖူးသူများ၌ အတက်ရောဂါ ဖြစ်လာနိုင်ခြေရှိသည်။ မိခင်ဗိုက်ထဲတွင်ရှိစဉ် ရောဂါပိုးဝင်ခြင်း၊ မွေးသည့်အချိန်၌ ဦးခေါင်းခိုက်မိခြင်း၊ ရေမွန်းခြင်း စသည့်ကလေးများ၌လည်း အတက်ရောဂါဖြစ်လာနိုင်သည်။

‘‘ကလေးတွေမှာ မွေးခါစက စပြီး အတက်ရောဂါဖြစ်နိုင်တယ်။ ကိုယ့်ကလေးမှာ အတက်ရောဂါရှိ တယ်လို့ သံသယဝင်ရင် ဆရာဝန် နဲ့ သေချာပြပါ။ ဆရာဝန်တိုက်တဲ့ဆေးကို သေချာတိုက်ဖို့လိုပါ တယ်။ ပုံမှန်ပညာသင်ကြားလို့ရ တယ်။ သေချာမကုသရင် ဉာဏ်ရည်ကျတတ်တယ်။ စာသင်ဖို့ခက်သွားမယ်’’ဟု ဒေါက်တာစမ်းဦးက ဆိုသည်။

အတက်ရောဂါကို ဆေးဖြင့် မထိန်းနိုင်ဘဲ အကြိမ်များစွာတက် ပါက ဦးနှောက်အတွင်း အောက်ဆီဂျင်ပြတ်လပ်၍ ဦးနှောက်ထိခိုက်ပြီး ဉာဏ်ရည်ကျဆင်းနိုင် သဖြင့် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို ပုံမှန်သောက်ခြင်းဖြင့် ထပ်မံမတက်အောင် ထိန်းထား နိုင်သည်ဟု သိရသည်။

‘‘ကလေးအသက် တစ်နှစ်ခွဲလောက်ကတည်းက အတက်ရောဂါကုသဆေးတွေ တိုက်လာတာ။ အခုဆိုကလေးက (၂)နှစ်ရှိပြီ။ စကားလည်း မပြောသေးဘူး။ အသိဉာဏ်အားနည်းနေတယ်လို့ ခံစားရတယ်’’ဟု သန်လျင်မြို့အောင်ချမ်းသာရပ်ကွက်နေ ကလေးမိခင်ဒေါ်သူသူက စိတ်ပူပန်စွာပြောသည်။

 တက်ခြင်းခံစားရသည့် ကလေးငယ်များသည် တစ်ဦးနှင့် တစ်ဦး ခံစားရပုံချင်း မတူကြချေ။

‘‘တချို့ကလေးတွေ တက် တာကြတော့ ခဏလေးငေးပြီး တက်တယ်ပေါ့။ စာရေးနေရင်းနဲ့ ခဏရပ်သွားတယ်။ ရေးနေတဲ့ ခဲ တံတို့၊ ဘောပင်တို့တောင် လွတ်မကျဘူး။ စက္ကန့်ပိုင်းလောက်ပဲကြာတယ်။ ပြီးရင်ဆက်ရေးတယ်။ တချို့ကြတော့ သွားနေရင်းနဲ့ ပျော့ခွေပြီးကျသွားတယ်’’ဟု တွဲဖက်ပါ မောက္ခဒေါက်တာစမ်းဦးက ရှင်းပြသည်။

 သက်ကြီးပိုင်းအရွယ်များ တွင် ဦးနှောက်၏လုပ်ငန်းဆောင် တာများ ကျဆင်းခြင်းကြောင့် အ တက်ရောဂါခံစားရနိုင်သည်သာ မက လေဖြတ်ရောဂါခံစားရသူ၊   ဦးခေါင်း ခိုက်မိထားသူများ၌ လည်း ယင်းရောဂါဖြစ်နိုင်ခြေရှိ သဖြင့် သတိပြုရန်လိုအပ်သည်။

လေဖြတ်ရောဂါ ခံစားရသူ များသည် လေဖြတ်ပြီးသွားသည့် အခါ ဦးနှောက်ထဲတွင် အမာရွတ် များဖြစ်သွားသည်။ လေး၊ ငါးနှစ်ခန့်ကြာသောအခါ ယင်းအမာရွတ်များကြောင့် ဦးနှောက်ထဲ၌ ပုံမှန် မဟုတ်သည့်လှိုင်းများ ထွက်တတ်ပြီး လေဖြတ်ရောဂါနှင့်အတူ အတက်ရောဂါကို ခံစားလာရသည်။

‘‘တချို့ကတော့ လက်လေးတစ်ဖက်ပဲ အကြောဆွဲပြီး တက် တယ်။ တစ်ကိုယ်လုံးတောင့်တင်း ပြီး သတိလစ်တက်တာမျိုးလည်း ရှိတယ်။ တချို့ကတော့ တက်တဲ့အချိန်မှာ သတိလွတ်သွားပြီး အော်ဟစ်တာမျိုးလည်း ရှိတယ်။တက်တဲ့အချိန်မှာ ခြေဦးတည့်ရာလျှောက်သွားတယ်။ နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာ လုပ်ခဲ့တာကို သတိမရဘူး။ အတက်ကျရင် ပုံမှန်ပြန်ဖြစ်သွားတယ်’’ ဟု ဒေါက်တာ စမ်းဦးက ဆိုသည်။

အတက်ရောဂါ ခံစားရသူ အမျိုးသမီးများသည် ဓမ္မတာလာ ချိန်းဝန်းကျင်တွင် သာမန်ထက်ပို ၍ တက်ခြင်းများဖြစ်တတ်သဖြင့် သတိပြုရန်လိုသည်။ အတက်ရောဂါရှိသူ အမျိုးသမီးများသည် သာ မန်အမျိုးသမီးများကဲ့သို့ အိမ် ထောင်ပြုနိုင်သော်လည်း တိကျ မှန်ကန်သည့် ဆေးဝါးကုသမှုခံယူ ရန် လိုအပ်သည်။

အတက်ရောဂါသည် ကုသ ၍ ရသောရောဂါဖြစ်သော်လည်း လုံးဝပျောက်ကင်းခြင်းရှိ၊ မရှိကိုလူတစ်ဦးချင်းစီ၏ ရောဂါအခြေ အနေပေါ်၌သာ မူတည်သည်ဟု ဦး နှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ကြီးများက ဆိုသည်။

‘‘ကျွန်မဦးလေးတစ်ယောက် ဆိုရင် အတက်ရောဂါဖြစ်နေတာ နှစ် ၃၀ ကျော်ပြီ။ စဖြစ်ခါစက အခြေအနေဆိုးတယ်။ တစ်လကို သုံး၊လေးကြိမ်လောက် တက်တယ်။တစ်ခါဖြစ်ရင် သုံး၊လေးရက်ဆက် တိုက်ဖြစ်တာ။ အတက်ရောဂါ ဆေးတွေသောက်ပြီး ထိန်းထားရ တယ်’’ဟု တောင်ကြီးမြို့နေ မနွယ်မွန်က ပြောကြားသည်။

ယင်းရောဂါကို ဆေး သောက်ရုံဖြင့် ၈၀ ရာခိုင်နှုန်းထိန်းထားနိုင်ပြီး ဆေးပမာဏအတိုးအလျှော့ကို  ဆရာဝန်ညွှန်ကြားချက် အတိုင်းလိုက်နာရန် လိုအပ်သည်ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာတင့်ဆွေက ဆိုသည်။ပုံမှန်သောက်နေကျ ဆေးပမာဏ အတိုင်းသာ သောက်သုံးသင့်ပြီး ပိုသောက်ခြင်း၊ မိမိသဘောဖြင့် ဆေးရပ်ခြင်းများ မပြုလုပ်သင့်ဟု ၎င်းက ဆိုသည်။

‘‘အများစုက ရေရှည်ဆေး သောက်ထားရင် အတက်ရောဂါ ကို ထိန်းထားနိုင်တယ်။ ၂ နှစ်နဲ့ အထက်မတက်တော့ဘူးဆိုရင် ဆေးရပ်ကြည့်တယ်။ တချို့ကျ တော့ဆေးရပ်လိုက်ရင် ပြန်တက် တယ်။ ဒါဆိုရင်တော့ ဆေးဆက် သောက်ဖို့ လိုတယ်’’ဟု ဒေါက် တာစမ်းဦးက အကြံပြုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top