Property Expo
×

 သေႏၶတားျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္တက္လာႏုိင္သည္ဆိုျခင္း ႏွင့္ ပတ္သက္၍ စုိးရိမ္ေနၾကေသာ အမ်ိဳးသမီးမ်ားစြာရွိပါသည္။ ကြၽႏ္ုပ္တို႔၏ ဘိုးေဘးဘီဘင္မ်ားသည္ အသက္ရွင္သန္ေနထုိင္ရန္ လံုေလာက္ေသာ ကယ္လိုရီမ်ားရရွိေရး ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရသည္။ သို႔ေသာ္ ယေန႔ေခတ္တြင္ ကိုယ္အေလးခ်ိန္ကို က်န္းမာေရးႏွင့္ညီေသာ အတုိင္းအတာအတြင္း ရွိေနေစေရး ႀကိဳးစားေနၾကရာ အစားအေသာက္၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ အိပ္စက္ပံုထိန္းခ်ဳပ္ျခင္း၊ ျဖည့္စြက္အားေဆးေသာက္ျခင္း၊ တရားထိုင္ျခင္း၊ အိပ္ေမြ႕ခ်ျခင္း၊ စိတ္ကုထံုးျဖင့္ ကုသျခင္း၊ ဘုရားဝတ္ျပဳျခင္း (သို႔မဟုတ္) ခႏၶာကိုယ္တြင္ ပိုေနေသာ အဆီမ်ားကို ခြဲစိတ္ဖယ္ရွားပစ္ျခင္းတို႔ကဲ့သို႔ အမ်ိဳးမ်ိဳးေသာ နည္းလမ္းမ်ားကို ရွာေဖြေလ့ရွိၾကသည္။


ကိုယ္္အေလးခ်ိန္ပိုမ်ားလာျခင္းမွာ အသက္အရြယ္ႀကီးရင့္လာ ျခင္း၏သဘာဝအစိတ္အပိုင္းတစ္ခုသာျဖစ္သည္။ အသက္(၁၃)ႏွစ္ အရြယ္၌ ဓမၼတာပန္းစပြင့္ေသာ အမ်ိဳးသမီးငယ္မ်ားတြင္ အခ်ိဳ႕သည္ အရြယ္ေရာက္ၿပီး အမ်ိဳးသမီးတစ္ဦး၏အရပ္အျမင့္မ်ိဳး ျဖစ္သြားေလ့ ရွိသည္။ သို႔ေသာ္ ကိုယ္အေလးခ်ိန္မွာ ေပါင္ ၁၀၀ ခန္႔သာရွိမည္။ အသက္(၂၀)အရြယ္တြင္ ၎တို႔သည္ ျပည့္တင္းလာေလ့ရွိၿပီး အေမရိကန္အမ်ိဳးသမီးမ်ား၏ပ်မ္းမွ်ကိုယ္အေလးခ်ိန္မွာ ၁၂၅ ေပါင္မွ ၁၃၀ အတြင္း ရွိတတ္သည္။ အသက္(၅၅)ႏွစ္အရြယ္တြင္ ပ်မ္းမွ်ကိုယ္အေလးခ်ိန္ စတင္မက်ဆင္းမီ ကိုယ္အေလးခ်ိန္မွာ ၁၆၅ ေပါင္နီးပါး ရွိေနတတ္သည္။ တာေဝးအေျပးသမားမ်ားႏွင့္ အျခားကိုယ္လက္ လႈပ္ရွားမႈျမင့္မားေသာ အမ်ိဳးသမီးမ်ားပင္ အသက္ႀကီးလာလွ်င္ ကိုယ္အေလးခ်ိန္ပိုလာႏိုင္သည္။

ထုိ႔ျပင္ တစ္ခါတစ္ရံတြင္ ကိုယ္ဝန္ေဆာင္ျခင္း၊ ကေလးေမြးဖြား ျခင္းတို႔ေၾကာင့္လည္း ခႏၶာကိုယ္အေပၚ မ်ားစြာအက်ိဳးသက္ေရာက္ ေစႏုိင္သည္။

သေႏၶတားနည္းအမ်ိဳးမ်ိဳးရွိသည့္အနက္ မိမိႏွင့္သင့္ေလ်ာ္မည့္ နည္းလမ္းကို ဆရာဝန္ႏွင့္တိုင္ပင္၍ ေရြးခ်ယ္သင့္သည္။ သုေတသနျပဳခ်က္မ်ားအရ သေႏၶတားေဆးသံုးျခင္းႏွင့္ ကြန္ဒံုးတစ္မ်ိဳးတည္းကို သာ မွီခိုအားထားသူမ်ားအေနျဖင့္ ကိုယ္ဝန္ရရွိႏိုင္မႈႏႈန္း အနည္းငယ္ ျမင့္မားၿပီး ခႏၶာကိုယ္ထဲထည့္ရေသာ သေႏၶတားကိရိယာမ်ား အသံုး ျပဳပါက ကိုယ္ဝန္ရႏိုင္မႈႏႈန္း ေလ်ာ့က်သြားေၾကာင္း သိရသည္။ အ ကယ္၍ က်န္းမာေရးအတြက္ ကိုယ္အေလးခ်ိန္ထိန္းရန္ ႀကိဳးစားေန သည္ (သို႔မဟုတ္) လူေနမႈဘဝဆုိင္ရာ အေၾကာင္းကိစၥမ်ားအတြက္ ကိုယ္အေလးခ်ိန္ထိန္းလိုပါက သေႏၶတားနည္းမ်ားၾကား အစြမ္း ထက္မႈကိုသာ အဓိကထား ေရြးခ်ယ္သင့္သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

Unicode Version

 သန္ဓေတားခြင်းကြောင့် ကိုယ်အလေးချိန်တက်လာနိုင်သည်ဆိုခြင်း နှင့် ပတ်သက်၍ စိုးရိမ်နေကြသော အမျိုးသမီးများစွာရှိပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များသည် အသက်ရှင်သန်နေထိုင်ရန် လုံလောက်သော ကယ်လိုရီများရရှိရေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့သော် ယနေ့ခေတ်တွင် ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်ညီသော အတိုင်းအတာအတွင်း ရှိနေစေရေး ကြိုးစားနေကြရာ အစားအသောက်၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်စက်ပုံထိန်းချုပ်ခြင်း၊ ဖြည့်စွက်အားဆေးသောက်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်မွေ့ချခြင်း၊ စိတ်ကုထုံးဖြင့် ကုသခြင်း၊ ဘုရားဝတ်ပြုခြင်း (သို့မဟုတ်) ခန္ဓာကိုယ်တွင် ပိုနေသော အဆီများကို ခွဲစိတ်ဖယ်ရှားပစ်ခြင်းတို့ကဲ့သို့ အမျိုးမျိုးသော နည်းလမ်းများကို ရှာဖွေလေ့ရှိကြသည်။


ကိုယ်အလေးချိန်ပိုများလာခြင်းမှာ အသက်အရွယ်ကြီးရင့်လာ ခြင်း၏သဘာဝအစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အသက်(၁၃)နှစ် အရွယ်၌ ဓမ္မတာပန်းစပွင့်သော အမျိုးသမီးငယ်များတွင် အချို့သည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏အရပ်အမြင့်မျိုး ဖြစ်သွားလေ့ ရှိသည်။ သို့သော် ကိုယ်အလေးချိန်မှာ ပေါင် ၁၀၀ ခန့်သာရှိမည်။ အသက်(၂၀)အရွယ်တွင် ၎င်းတို့သည် ပြည့်တင်းလာလေ့ရှိပြီး အမေရိကန်အမျိုးသမီးများ၏ပျမ်းမျှကိုယ်အလေးချိန်မှာ ၁၂၅ ပေါင်မှ ၁၃၀ အတွင်း ရှိတတ်သည်။ အသက်(၅၅)နှစ်အရွယ်တွင် ပျမ်းမျှကိုယ်အလေးချိန် စတင်မကျဆင်းမီ ကိုယ်အလေးချိန်မှာ ၁၆၅ ပေါင်နီးပါး ရှိနေတတ်သည်။ တာဝေးအပြေးသမားများနှင့် အခြားကိုယ်လက် လှုပ်ရှားမှုမြင့်မားသော အမျိုးသမီးများပင် အသက်ကြီးလာလျှင် ကိုယ်အလေးချိန်ပိုလာနိုင်သည်။

ထို့ပြင် တစ်ခါတစ်ရံတွင် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွား ခြင်းတို့ကြောင့်လည်း ခန္ဓာကိုယ်အပေါ် များစွာအကျိုးသက်ရောက် စေနိုင်သည်။

သန္ဓေတားနည်းအမျိုးမျိုးရှိသည့်အနက် မိမိနှင့်သင့်လျော်မည့် နည်းလမ်းကို ဆရာဝန်နှင့်တိုင်ပင်၍ ရွေးချယ်သင့်သည်။ သုတေသနပြုချက်များအရ သန္ဓေတားဆေးသုံးခြင်းနှင့် ကွန်ဒုံးတစ်မျိုးတည်းကို သာ မှီခိုအားထားသူများအနေဖြင့် ကိုယ်ဝန်ရရှိနိုင်မှုနှုန်း အနည်းငယ် မြင့်မားပြီး ခန္ဓာကိုယ်ထဲထည့်ရသော သန္ဓေတားကိရိယာများ အသုံး ပြုပါက ကိုယ်ဝန်ရနိုင်မှုနှုန်း လျော့ကျသွားကြောင်း သိရသည်။ အ ကယ်၍ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းရန် ကြိုးစားနေ သည် (သို့မဟုတ်) လူနေမှုဘဝဆိုင်ရာ အကြောင်းကိစ္စများအတွက် ကိုယ်အလေးချိန်ထိန်းလိုပါက သန္ဓေတားနည်းများကြား အစွမ်း ထက်မှုကိုသာ အဓိကထား ရွေးချယ်သင့်သည်။ 


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top