Property Expo
×

ကိုယ့္လက္ထဲက အစားအစာတစ္ခု ၾကမ္းျပင္ေပၚက်သြားတဲ့အခါ ၅စကၠန္႕အတြင္း ခပ္ျမန္ျမန္ေလး ျပန္ေကာက္ယူႏိုင္ရင္ ကိစၥမရွိဘူးဆုိတဲ့ "5-Seconds Rule" ဟာ မဟုတ္မမွန္ဘူးလုိ႔ Rutgers တကၠသိုလ္က ေလ့လာမႈအရသိရပါတယ္။ ဒီေတာ့ ေနာက္တခါ ၾကမ္းျပင္ေပၚ ျပဳတ္က်တဲ့ အစားအစာေတြ ျပန္ေကာက္စားခါနီး ျပန္လည္စဥ္းစားသံုးသပ္ဖုိ႕ လိုပါလိမ့္မယ္။

ေလ့လာေတြ႔ရိွခ်က္ေတြအရ အစားအစာေတြဟာ ၾကမ္းျပင္နဲ႔ ထိလိုက္တာနဲ႔ကို ဘက္တီးရီးယားပိုးေတြ ကပ္တြယ္မိပါေတာ့တယ္။ အစားအစာနဲ႔ ၾကမ္းျပင္ အမ်ဳိးအစားအျပင္ အခ်ိန္ၾကာျမင့္မႈက ဘက္တီးရီးယားပိုးကူးစက္မႈပမာဏ ကြဲျပားေစပါတယ္။

ယင္းေလ့လာမႈမွာ (သံေခ်းမတက္တဲ့ စတီးလ္၊ ေၾကြျပား၊ သစ္သားနဲ႔ ေကာ္ေဇာ) စတဲ့ ၾကမ္းျပင္ ၄ မ်ဳိးေပၚ ျပဳတ္က်တဲ့ အစားအစာ (၄) မ်ဳိး (ဖရဲသီး၊ ေပါင္မုန္႔၊ ေထာပတ္ေပါင္မုန္႔နဲ႔ သၾကားလုံး) အသီးသီးျဖင့္ ဘယ္ဟာက ဘက္တီးရီးယားကူးစက္မႈ အနည္းဆုံး သို႔မဟုတ္ အမ်ားဆုံးရိွသလဲဆုိတာ ေလ့လာခဲ့ပါတယ္။ အဲဒီအစားေသာက္ေတြကို ၁ စကၠန္႔ေအာက္၊ ၅ စကၠန္႔၊ စကၠန္႔ ၃၀ နဲ႔ စကၠန္႔ ၃၀၀ ဆုိျပီး အခ်ိန္ၾကာျမင့္မႈ ၄ မ်ဳိးခြဲျခားထားပါေသးတယ္။

အံ့ၾသစရာ မရိွတာက ဖရဲသီးက စုပ္ယူမႈျမန္တဲ့ ေရဓာတ္အေျမာက္အမ်ားနဲ႕ ဖြဲ႔စည္းထားတာနဲ႔အညီ ဘက္တီးရီးယား အမ်ားဆုံးရိွပါတယ္။ ဒုတိယအဆုိးဆုံးက ေထာပတ္ေပါင္မုန္႔ျဖစ္ပါတယ္။ ေနာက္ ေပါင္မုန္႔နဲ႔ သၾကားလုံးတုိ႔ ျဖစ္ပါတယ္။ အံ့ၾသစရာေကာင္းတဲ့အခ်က္က ေကာ္ေဇာက ဘက္တီးရီးယားကူးစက္မႈ အေႏွးေကြးဆုံးျဖစ္တာပါပဲ။ သံေခ်းမတက္တဲ့ စတီးလ္နဲ႔ ေၾကြျပားတုိ႔က ဘက္တီးရီးယားကူးေျပာင္းမႈခ်င္း တူညီျပီး သစ္သားက်ေတာ့ အရည္အေသြးအလုိက္ ကြဲျပားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

ကိုယ့်လက်ထဲက အစားအစာတစ်ခု ကြမ်းပြင်ပေါ်ကျသွားတဲ့အခါ ၅စက္ကန့်အတွင်း ခပ်မြန်မြန်လေး ပြန်ကောက်ယူနိုင်ရင် ကိစ္စမရှိဘူးဆိုတဲ့ "5-Seconds Rule" ဟာ မဟုတ်မမှန်ဘူးလို့ Rutgers တက္ကသိုလ်က လေ့လာမှုအရသိရပါတယ်။ ဒီတော့ နောက်တခါ ကြမ်းပြင်ပေါ် ပြုတ်ကျတဲ့ အစားအစာတွေ ပြန်ကောက်စားခါနီး ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရ အစားအစာတွေဟာ ကြမ်းပြင်နဲ့ ထိလိုက်တာနဲ့ကို ဘက်တီးရီးယားပိုးတွေ ကပ်တွယ်မိပါတော့တယ်။ အစားအစာနဲ့ ကြမ်းပြင် အမျိုးအစားအပြင် အချိန်ကြာမြင့်မှုက ဘက်တီးရီးယားပိုးကူးစက်မှုပမာဏ ကွဲပြားစေပါတယ်။

ယင်းလေ့လာမှုမှာ (သံချေးမတက်တဲ့ စတီးလ်၊ ကြွေပြား၊ သစ်သားနဲ့ ကော်ဇော) စတဲ့ ကြမ်းပြင် ၄ မျိုးပေါ် ပြုတ်ကျတဲ့ အစားအစာ (၄) မျိုး (ဖရဲသီး၊ ပေါင်မုန့်၊ ထောပတ်ပေါင်မုန့်နဲ့ သကြားလုံး) အသီးသီးဖြင့် ဘယ်ဟာက ဘက်တီးရီးယားကူးစက်မှု အနည်းဆုံး သို့မဟုတ် အများဆုံးရှိသလဲဆိုတာ လေ့လာခဲ့ပါတယ်။ အဲဒီအစားသောက်တွေကို ၁ စက္ကန့်အောက်၊ ၅ စက္ကန့်၊ စက္ကန့် ၃၀ နဲ့ စက္ကန့် ၃၀၀ ဆိုပြီး အချိန်ကြာမြင့်မှု ၄ မျိုးခွဲခြားထားပါသေးတယ်။

အံ့သြစရာ မရှိတာက ဖရဲသီးက စုပ်ယူမှုမြန်တဲ့ ရေဓာတ်အမြောက်အများနဲ့ ဖွဲ့စည်းထားတာနဲ့အညီ ဘက်တီးရီးယား အများဆုံးရှိပါတယ်။ ဒုတိယအဆိုးဆုံးက ထောပတ်ပေါင်မုန့်ဖြစ်ပါတယ်။ နောက် ပေါင်မုန့်နဲ့ သကြားလုံးတို့ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့အချက်က ကော်ဇောက ဘက်တီးရီးယားကူးစက်မှု အနှေးကွေးဆုံးဖြစ်တာပါပဲ။ သံချေးမတက်တဲ့ စတီးလ်နဲ့ ကြွေပြားတို့က ဘက်တီးရီးယားကူးပြောင်းမှုချင်း တူညီပြီး သစ်သားကျတော့ အရည်အသွေးအလိုက် ကွဲပြားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top