Kantharyar Centre
×

အပ္ကုန္စနစ္ (Consi- gnment) ျဖင့္တင္သြင္းလာေသာ ၂၀၀၃၊ ၂၀၀၄၊၂၀၀၅ ေမာ္ဒယ္ ေမာ္ေတာ္ယာဥ္မ်ားသည္ ယခု ႏွစ္ကုန္တြင္ ဖ်က္သိမ္းစာရင္း၀င္ မည္ျဖစ္ေသာေၾကာင့္ မူလႏိိုင္ငံ သို႔ ျပန္လည္တင္ပို႔ရမည္ဟု စီး ပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ သတင္းရရွိ သည္။

လာမည့္ႏွစ္တြင္ ဖ်က္သိမ္း စာရင္း၀င္မည့္ ေမာ္ဒယ္ကားမ်ား ကို မူလႏိုင္ငံမ်ားသို႔ ျပန္လည္တင္ ပို႔ရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီး ဌာနမွ ဒုၫႊန္ၾကားေရးမွဴးက ဆို သည္။ ျပန္လည္ တင္ပို႔ရမည့္ ကားအစီးေရ သံုးေထာင္ခန္႔ရွိေၾကာင္းသိရသည္။

‘‘ၿပီးခဲ့တဲ့ႏွစ္ကလည္း ၫႊန္ ၾကားထားၿပီးသား။ အခု ဒုတိယ အႀကိမ္ ထပ္ၿပီး ၫႊန္ၾကားဖို႔ရွိ တယ္။ မူလႏိုင္ငံကိုပို႔ရမယ့္ ကား အစီးေရကို ထုတ္ျပန္ေပးသြားဖို႔ လည္းရွိပါတယ္’’ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီး ဌာန အႀကီးတန္းအရာရွိတစ္ဦး ကဆိုသည္။

ယခုႏွစ္တြင္ မူလႏိုင္ငံသို႔ ျပန္လည္တင္ပို႔ရမည့္ ကားအေရ အတြက္သည္ ၿပီးခဲ့သည့္ႏွစ္က ထက္ အနည္းငယ္ ေလ်ာ့က်လာ ေၾကာင္း ၎ကဆိုသည္။

၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ ေမာ္ ဒယ္ျဖင့္ ေရာင္းခ်ေနသည့္ ကား မ်ားသည္ ယာဥ္အေရာင္းျပခန္း တစ္ခုလွ်င္ အစီးေရ ရာႏွင့္ခ်ီရွိ ေၾကာင္း ၎ကေျပာသည္။

လက္ရွိ ကားေစ်းကြက္တြင္ အေရာင္းအ၀ယ္မွာ ထင္သ ေလာက္ မသြက္ေသာေၾကာင့္ အ ဆိုပါကားမ်ားကို အလံုးအရင္း ျဖင့္ ေရာင္းခ်ႏိုင္ရန္ ေမာ္ေတာ္ ယာဥ္တင္သြင္းသူ လုပ္ငန္းရွင္ မ်ားဘက္၌ အခက္အခဲမ်ားရွိ ေၾကာင္း ေမာ္ေတာ္ယာဥ္တင္ သြင္းထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ် သူမ်ားကဆိုသည္။

ကားအေရာင္းစင္တာမ်ား တြင္ ေရာင္းခ်ေနေသာ ေမာ္ဒယ္ နိမ့္ကားမ်ားမွာ ယခုႏွစ္အတြင္း စလစ္ကပ္ေရာင္းခ်ႏိုင္ျခင္းမရွိပါ က ဖ်က္သိမ္းစာရင္း၀င္မည္ျဖစ္ ေၾကာင္း ေမာ္ေတာ္ယာဥ္တင္ သြင္းမႈဆိုင္ရာ ႀကီးၾကပ္မႈေကာ္မ တီက တရား၀င္ ေၾကညာထား သည္။

အပ္ကုန္စနစ္ျဖင့္ တင္သြင္း လာသည့္ ကားမ်ားမွာ မူလႏိုင္ငံ မ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားမႈအ ေပၚမူတည္ၿပီး အခ်ိဳ႕ကုမၸဏီမ်ား က ေငြႀကိဳတင္ေပးေခ်ထားၿပီး အ ခ်ိဳ႕ကလည္းေရာင္း၍ကုန္မွသာ ေငြေပးေခ်သည့္စနစ္ျဖင့္ ျပည္ တြင္း၌ ျပန္လည္ေရာင္းခ်ေနျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ အစီးေရေထာင္ ႏွင့္ခ်ီေသာ ကားမ်ားအေနျဖင့္ မူလႏိုင္ငံသို႔ ျပန္လည္မတင္ပို႔လို ပါက အ႐ံႈးခံၿပီး ေစ်းေလွ်ာ့ကာ စလစ္ကပ္ေရာင္းခ်ရမည့္သေဘာ ျဖစ္ေၾကာင္း ျမရတီကားအေရာင္း စင္တာမန္ေနဂ်ာ ကိုဇင္မင္းက ရွင္းျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အပ်ကုန်စနစ် (Consi- gnment) ဖြင့်တင်သွင်းလာသော ၂၀၀၃၊ ၂၀၀၄၊၂၀၀၅ မော်ဒယ် မော်တော်ယာဉ်များသည် ယခု နှစ်ကုန်တွင် ဖျက်သိမ်းစာရင်းဝင် မည်ဖြစ်သောကြောင့် မူလနိုင်ငံ သို့ ပြန်လည်တင်ပို့ရမည်ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လာမည့်နှစ်တွင် ဖျက်သိမ်း စာရင်းဝင်မည့် မော်ဒယ်ကားများ ကို မူလနိုင်ငံများသို့ ပြန်လည်တင် ပို့ရန် ညွှန်ကြားချက် ထုတ်ပြန် မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ဒုညွှန်ကြားရေးမှူးက ဆို သည်။ ပြန်လည် တင်ပို့ရမည့် ကားအစီးရေ သုံးထောင်ခန့်ရှိကြောင်းသိရသည်။

‘‘ပြီးခဲ့တဲ့နှစ်ကလည်း ညွှန် ကြားထားပြီးသား။ အခု ဒုတိယ အကြိမ် ထပ်ပြီး ညွှန်ကြားဖို့ရှိ တယ်။ မူလနိုင်ငံကိုပို့ရမယ့် ကား အစီးရေကို ထုတ်ပြန်ပေးသွားဖို့ လည်းရှိပါတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အကြီးတန်းအရာရှိတစ်ဦး ကဆိုသည်။

ယခုနှစ်တွင် မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည့် ကားအရေ အတွက်သည် ပြီးခဲ့သည့်နှစ်က ထက် အနည်းငယ် လျော့ကျလာ ကြောင်း ၎င်းကဆိုသည်။

၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ မော် ဒယ်ဖြင့် ရောင်းချနေသည့် ကား များသည် ယာဉ်အရောင်းပြခန်း တစ်ခုလျှင် အစီးရေ ရာနှင့်ချီရှိ ကြောင်း ၎င်းကပြောသည်။

လက်ရှိ ကားဈေးကွက်တွင် အရောင်းအဝယ်မှာ ထင်သ လောက် မသွက်သောကြောင့် အ ဆိုပါကားများကို အလုံးအရင်း ဖြင့် ရောင်းချနိုင်ရန် မော်တော် ယာဉ်တင်သွင်းသူ လုပ်ငန်းရှင် များဘက်၌ အခက်အခဲများရှိ ကြောင်း မော်တော်ယာဉ်တင် သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများကဆိုသည်။

ကားအရောင်းစင်တာများ တွင် ရောင်းချနေသော မော်ဒယ် နိမ့်ကားများမှာ ယခုနှစ်အတွင်း စလစ်ကပ်ရောင်းချနိုင်ခြင်းမရှိပါ က ဖျက်သိမ်းစာရင်းဝင်မည်ဖြစ် ကြောင်း မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မ တီက တရားဝင် ကြေညာထား သည်။

အပ်ကုန်စနစ်ဖြင့် တင်သွင်း လာသည့် ကားများမှာ မူလနိုင်ငံ များနှင့် စာချုပ်ချုပ်ဆိုထားမှုအ ပေါ်မူတည်ပြီး အချို့ကုမ္ပဏီများ က ငွေကြိုတင်ပေးချေထားပြီး အ ချို့ကလည်းရောင်း၍ကုန်မှသာ ငွေပေးချေသည့်စနစ်ဖြင့် ပြည် တွင်း၌ ပြန်လည်ရောင်းချနေခြင်း ဖြစ်သည်။

ထို့ကြောင့် အစီးရေထောင် နှင့်ချီသော ကားများအနေဖြင့် မူလနိုင်ငံသို့ ပြန်လည်မတင်ပို့လို ပါက အရှုံးခံပြီး ဈေးလျှော့ကာ စလစ်ကပ်ရောင်းချရမည့်သဘော ဖြစ်ကြောင်း မြရတီကားအရောင်း စင်တာမန်နေဂျာ ကိုဇင်မင်းက ရှင်းပြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top