Property Expo
×

အနံ႔ဆိုး ထြက္တာဟာ ေခၽြးေၾကာင့္မဟုတ္ဘူး ဆိုတာကုိ သင္သိရင္ အံ့ၾသေကာင္း အံ့ၾသေပလိမ့္မယ္။ ေခၽြးဟာမ်ားေသာအားျဖင့္ ေရနဲ႔ဆားပဲ ျဖစ္ပါတယ္။ သဘာ၀ျဖစ္စဥ္မွ ထြက္ရွိတဲ့ စြန္႔ပစ္ျဒပ္ ပစၥည္းေလးေတြ အမ်ဳိးမ်ဳိး စုစည္းပါ၀င္မႈေတာ့ ရွိပါတယ္။

အနံ႔အသက္က သင့္အေရျပားေပၚမွာ ေနထိုင္တဲ့ ဘက္တီးရီးယားေတြဆီကေန လာတာပါ။ အဲဒီဘက္တီးရီးယားေတြက သင့္ရဲ႕ေခၽြးကုိ ပ်က္ျပားေအာင္ စတင္ျပဳလုပ္တဲ့အခါမွာ သူတို႔က မႏွစ္ၿမိဳ႕ဖြယ္ အနံ႔ဆိုးတစ္မ်ဳိးကုိ ထုတ္ေပးတယ္။ ကံေကာင္းတာက အဲဒီနံေစာ္တဲ့ အက်ဳိးဆက္ျဖစ္ေပၚမႈကုိ ေရခ်ဳိးတဲ့အခိုက္ ေရတို႔ဆပ္ျပာတို႔နဲ႔ ေဆးေၾကာလိုက္ရင္ ေပ်ာက္ႏိုင္ပါတယ္။

တကယ္တမ္းက်ေတာ့ အက္က႐ိုင္းဂလင္း  (Eccrine gland) (ႁပြန္စီး ဂလင္း)ေတြနဲ႔ အက္ပိုက႐ိုင္းဂလင္း (Apocrine gland) (ေမြးညင္းအေပါက္ေတြမွာရွိတဲ့ ဂလင္း) ေတြဆိုၿပီး ကြဲျပားျခားနားတဲ့ ေခၽြးဂလင္းေတြ ႏွစ္မ်ဳိး ရွိပါတယ္။ အက္က႐ိုင္းဂလင္းေတြ ကုိေတာ့ သင့္ရဲ႕ခႏၶာကုိယ္အႏွံ႔အျပားမွာ ေတြ႕ရွိႏိုင္ပါတယ္။ အက္ပိုက႐ိုင္းဂလင္းေတြ ကေတာ့ မ်ားေသာအားျဖင့္ သင့္ခ်ဳိင္းၾကားေတြနဲ႔ ေပါင္ၿခံေနရာေတြမွာ စုစည္းတည္ရွိေနပါတယ္။

အက္ပိုက႐ိုင္းဂလင္းေတြဟာ အသင္ပ်ဳိေဖာ္၀င္ခ်ိန္၊ လူလားေျမာက္ခ်ိန္က်မွ အထူးသျဖင့္ ႏိုးႂကြားထႂကြလာၾကတာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္အေတာအတြင္းမွာ ပံုမွန္ထက္ပိုမိုတဲ့ ေဟာ္မုန္းဓာတ္ေတြကုိ သင့္ရဲ႕ခႏၶာကုိယ္က ထုတ္လႊတ္ေပးတဲ့ အတြက္ျဖစ္ပါတယ္။ ၿပီးေတာ့ အပိုဆုေမတၱာ လက္ေဆာင္တစ္ခု အေနနဲ႔ အက္ပိုက႐ိုင္းဂလင္းေတြက ပ႐ိုတင္းဓာတ္ေတြ၊ အဆီမ်ားတဲ့ အက္စစ္ဓာတ္ေတြ ပါ၀င္တဲ့ ကြဲျပားျခားနားတဲ့ ေခၽြးတစ္မ်ဳိးကုိ ထုတ္ေပးပါတယ္။

အဲဒီေခၽြးနဲ႔သင့္ရဲ႕အေရျပားေပၚက ဘက္တီးရီးယားေတြ ေပါင္းစပ္လိုက္တဲ့အခါ အထူးသျဖင့္ နံေစာ္တဲ့ အနံ႔တစ္မ်ဳိးရွိတယ္။ “ကုိယ္နံ႔၊ ေခၽြးနံ႔”လို႔ ေျပာၾကတဲ့ အနံ႔ေပါ့။

အပ်ဳိေဖာ္၀င္ခ်ိန္ မေရာက္ေသးတဲ့ ကေလးငယ္ေတြ ဟာလည္း အရမ္းႀကီး နံေစာ္မႈမရွိတဲ့ ေခၽြးေတြအမ်ားႀကီး ထြက္ႏိုင္ပါတယ္။ သူတို႔ရဲ႕ ေခၽြးအမ်ားစုဟာ ပိုမိုျပင္းထန္တဲ့ အက္ပိုက႐ိုင္းဂလင္းေတြကေန လာတာထက္၊ အက္က႐ိုင္းဂလင္းေတြကေန လာၾကတာ ျဖစ္ပါတယ္။ အက္ပိုက႐ိုင္းဂလင္းေတြ ကလည္း အပ်ဳိေဖာ္၀င္ခိ်န္ မေရာက္မခ်င္း တကယ္တမ္းဖြံ႕ၿဖိဳးမႈ မျဖစ္ေသးပါဘူး။ မ်ားျပားလွတဲ့ အက္ပိုက႐ိုင္းဂလင္းေတြ ခ်ဳိင္းၾကားမွ ရွိတာ ရွင္းေနပါတယ္။

ဒါေၾကာင့္ လူေတြဟာ ေခၽြးနံ႔ေပ်ာက္ေဆးေတြ၊ ေခၽြးတိတ္ေဆးေတြကုိ အျခားေနရာမွာ မလိမ္းဘဲ အဲဒီေနရာမွာ လိမ္းၾကတာေပါ့။ စကားမစပ္ ေျပာရရင္ ေခၽြးနံ႔ေပ်ာက္ေဆးေတြက အသင္ေခၽြးထြက္ေနတာကုိ ရပ္တန္႔သြားေစတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ အနံ႔ဆိုးကုိ ထြက္ေစတဲ့ ဘက္တီးရီးယားပိုးေတြကုိေတာ့ ေလ်ာ့ပါးၿပီး အာနိသင္ ပ်က္ျပယ္သြားေစတယ္။

ေခၽြးတိတ္ ေဆးေတြက အသင္ေခၽြး မထြက္ေအာင္ ဟန္႔တားရင္း တကယ္တမ္းက်ေတာ့ ေခၽြးေပါက္ကေလးေတြကုိ ပိတ္ဆို႔ေပးလိုက္တာ ျဖစ္ပါတယ္။ ေခၽြးထြက္စိုရႊဲ မေနေစဖို႔နဲ႔ ေခၽြးနံ႔ေပ်ာက္ဖို႔ အတြက္ပါ လူေတာ္ေတာ္မ်ားမ်ားက ေခၽြးတိတ္ေဆးေတြကုိ ပိုမိုႏွစ္သက္ေနၾကေစကာမူ ကၽြမ္းက်င္သူ ပညာရွင္ေတြ ကေတာ့ ေခၽြးထြက္တာ ေကာင္းတယ္လို႔ ယံုၾကည္ယူဆၾကပါတယ္။

ေခၽြးေပါက္ေတြကုိ ပိတ္ဆို႔ထားမယ့္ အစား သဘာ၀အတိုင္း ထားမယ္ဆိုရင္ ေခၽြးေတြက ခႏၶာကုိယ္က စြန္႔ပစ္ရမယ့္ ဓာတ္ပစၥည္းေတြကုိ သင့္ခႏၶာကုိယ္ျပင္ပသို႔ ပို႔လႊတ္ေပးမွာ ျဖစ္တယ္လို႔ ပညာရွင္ေတြက ယူဆၾကတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: the messenger

#Unicode Version

အနံ့ဆိုး ထွက်တာဟာ ချွေးကြောင့်မဟုတ်ဘူး ဆိုတာကို သင်သိရင် အံ့သြကောင်း အံ့သြပေလိမ့်မယ်။ ချွေးဟာများသောအားဖြင့် ရေနဲ့ဆားပဲ ဖြစ်ပါတယ်။ သဘာဝဖြစ်စဉ်မှ ထွက်ရှိတဲ့ စွန့်ပစ်ဒြပ် ပစ္စည်းလေးတွေ အမျိုးမျိုး စုစည်းပါဝင်မှုတော့ ရှိပါတယ်။

အနံ့အသက်က သင့်အရေပြားပေါ်မှာ နေထိုင်တဲ့ ဘက်တီးရီးယားတွေဆီကနေ လာတာပါ။ အဲဒီဘက်တီးရီးယားတွေက သင့်ရဲ့ချွေးကို ပျက်ပြားအောင် စတင်ပြုလုပ်တဲ့အခါမှာ သူတို့က မနှစ်မြို့ဖွယ် အနံ့ဆိုးတစ်မျိုးကို ထုတ်ပေးတယ်။ ကံကောင်းတာက အဲဒီနံစော်တဲ့ အကျိုးဆက်ဖြစ်ပေါ်မှုကို ရေချိုးတဲ့အခိုက် ရေတို့ဆပ်ပြာတို့နဲ့ ဆေးကြောလိုက်ရင် ပျောက်နိုင်ပါတယ်။

တကယ်တမ်းကျတော့ အက်ကရိုင်းဂလင်း  (Eccrine gland) (ပြွန်စီး ဂလင်း)တွေနဲ့ အက်ပိုကရိုင်းဂလင်း (Apocrine gland) (မွေးညင်းအပေါက်တွေမှာရှိတဲ့ ဂလင်း) တွေဆိုပြီး ကွဲပြားခြားနားတဲ့ ချွေးဂလင်းတွေ နှစ်မျိုး ရှိပါတယ်။ အက်ကရိုင်းဂလင်းတွေ ကိုတော့ သင့်ရဲ့ခန္ဓာကိုယ်အနှံ့အပြားမှာ တွေ့ရှိနိုင်ပါတယ်။ အက်ပိုကရိုင်းဂလင်းတွေ ကတော့ များသောအားဖြင့် သင့်ချိုင်းကြားတွေနဲ့ ပေါင်ခြံနေရာတွေမှာ စုစည်းတည်ရှိနေပါတယ်။

အက်ပိုကရိုင်းဂလင်းတွေဟာ အသင်ပျိုဖော်ဝင်ချိန်၊ လူလားမြောက်ချိန်ကျမှ အထူးသဖြင့် နိုးကြွားထကြွလာကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ ပုံမှန်ထက်ပိုမိုတဲ့ ဟော်မုန်းဓာတ်တွေကို သင့်ရဲ့ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ အတွက်ဖြစ်ပါတယ်။ ပြီးတော့ အပိုဆုမေတ္တာ လက်ဆောင်တစ်ခု အနေနဲ့ အက်ပိုကရိုင်းဂလင်းတွေက ပရိုတင်းဓာတ်တွေ၊ အဆီများတဲ့ အက်စစ်ဓာတ်တွေ ပါဝင်တဲ့ ကွဲပြားခြားနားတဲ့ ချွေးတစ်မျိုးကို ထုတ်ပေးပါတယ်။

အဲဒီချွေးနဲ့သင့်ရဲ့အရေပြားပေါ်က ဘက်တီးရီးယားတွေ ပေါင်းစပ်လိုက်တဲ့အခါ အထူးသဖြင့် နံစော်တဲ့ အနံ့တစ်မျိုးရှိတယ်။ “ကိုယ်နံ့၊ ချွေးနံ့”လို့ ပြောကြတဲ့ အနံ့ပေါ့။

အပျိုဖော်ဝင်ချိန် မရောက်သေးတဲ့ ကလေးငယ်တွေ ဟာလည်း အရမ်းကြီး နံစော်မှုမရှိတဲ့ ချွေးတွေအများကြီး ထွက်နိုင်ပါတယ်။ သူတို့ရဲ့ ချွေးအများစုဟာ ပိုမိုပြင်းထန်တဲ့ အက်ပိုကရိုင်းဂလင်းတွေကနေ လာတာထက်၊ အက်ကရိုင်းဂလင်းတွေကနေ လာကြတာ ဖြစ်ပါတယ်။ အက်ပိုကရိုင်းဂလင်းတွေ ကလည်း အပျိုဖော်ဝင်ချိန် မရောက်မချင်း တကယ်တမ်းဖွံ့ဖြိုးမှု မဖြစ်သေးပါဘူး။ များပြားလှတဲ့ အက်ပိုကရိုင်းဂလင်းတွေ ချိုင်းကြားမှ ရှိတာ ရှင်းနေပါတယ်။

ဒါကြောင့် လူတွေဟာ ချွေးနံ့ပျောက်ဆေးတွေ၊ ချွေးတိတ်ဆေးတွေကို အခြားနေရာမှာ မလိမ်းဘဲ အဲဒီနေရာမှာ လိမ်းကြတာပေါ့။ စကားမစပ် ပြောရရင် ချွေးနံ့ပျောက်ဆေးတွေက အသင်ချွေးထွက်နေတာကို ရပ်တန့်သွားစေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အနံ့ဆိုးကို ထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုတော့ လျော့ပါးပြီး အာနိသင် ပျက်ပြယ်သွားစေတယ်။

ချွေးတိတ် ဆေးတွေက အသင်ချွေး မထွက်အောင် ဟန့်တားရင်း တကယ်တမ်းကျတော့ ချွေးပေါက်ကလေးတွေကို ပိတ်ဆို့ပေးလိုက်တာ ဖြစ်ပါတယ်။ ချွေးထွက်စိုရွှဲ မနေစေဖို့နဲ့ ချွေးနံ့ပျောက်ဖို့ အတွက်ပါ လူတော်တော်များများက ချွေးတိတ်ဆေးတွေကို ပိုမိုနှစ်သက်နေကြစေကာမူ ကျွမ်းကျင်သူ ပညာရှင်တွေ ကတော့ ချွေးထွက်တာ ကောင်းတယ်လို့ ယုံကြည်ယူဆကြပါတယ်။

ချွေးပေါက်တွေကို ပိတ်ဆို့ထားမယ့် အစား သဘာဝအတိုင်း ထားမယ်ဆိုရင် ချွေးတွေက ခန္ဓာကိုယ်က စွန့်ပစ်ရမယ့် ဓာတ်ပစ္စည်းတွေကို သင့်ခန္ဓာကိုယ်ပြင်ပသို့ ပို့လွှတ်ပေးမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆကြတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: the messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top