Kantharyar Centre
×

သင္ဟာ ဆယ္ေက်ာ္သက္ ကေလး တစ္ေယာက္ မဟုတ္ေတာ့ပါဘူး။ အသက္လည္း ရလာတာနဲ႔အမွ် အခ်စ္ေရး တစ္ခုကိုလည္း တည္တည္တံ့တံ့ ပိုင္ဆိုင္ေနဖို႔ လိုေနပါၿပီ။ ဘ၀ကို ရင့္က်က္တဲ့ ေယာက်ာၤး တစ္ေယာက္ အျဖစ္ ဆက္လက္ ရပ္တည္သြားႏိုင္ဖို႔အတြက္ အခ်စ္ေရး တစ္ခုမွာ အမ်ိဳးသမီး တိုင္း ခ်စ္သူ ေယာက်ာၤးေလးဆီက လိုခ်င္ေတာင့္တ ေလ့ရွိတဲ့ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အခ်ိန္

အမ်ိဳးသမီးေတြ ဟာ သံေယာဇဥ္ျဖစ္လာဖို႔အတြက္ ခ်စ္သူရည္းစားက ေပးတဲ့ အခ်ိန္ကိုလိုအပ္ပါတယ္။ အဲဒါမွာသာ အမ်ိဳးသမီးေတြ အေနနဲ႔ အေရးႀကီးတဲ့ ကိစၥေတြကို တိုင္ပင္ၿပီး စိတ္ထဲမွာ လံုၿခံဳမႈကို ခံစားရမွာ ျဖစ္ပါတယ္။ ဗီဒီယို ဂိမ္း ကစားေနလို႔ ေကာင္မေလး ဆီ စာျပန္မပို႔ျဖစ္ဘူး။ ရံုးအလုပ္ေတြနဲ႔ ရႈပ္ေနတယ္။ ဘာပဲျဖစ္ျဖစ္ပါ။ ကိုယ့္ခ်စ္သူ ေကာင္မေလးကို အခ်ိန္ေပးဖို႔ေတာ့ မေမ့ပါနဲ႔။

၂။ သစၥာရွိမႈ

သစၥာရွိမႈ ဆိုတဲ့ေနရာမွာ တစ္ျခားတစ္ေယာက္ကို ထပ္တြဲတာ တစ္ခုတည္းကို ေျပာခ်င္တာမဟုတ္ပါဘူး။ ဒါဟာ အားေပးေထာက္ပံ့မႈ(Support) ကိုဆိုလိုတာလည္း ျဖစ္ပါတယ္။ သစၥာရွိရွိေနမယ္ဆိုရင္ေတာ့ သင္ဟာ သင့္ခ်စ္သူေကာင္မေလး ရဲ ႔ အဖြဲ႔သားတစ္ေယာက္ျဖစ္သြားပါၿပီ။ သူမရဲ ႔သူငယ္ခ်င္းေကာင္းေတြလိုပဲ သူမ အတြက္ မွန္ကန္မယ္ထင္တဲ့အရာကို ရင္ဆိုင္ဖို႔ တြန္းအားေပးၿပီး သူမ မွားေနတာေတြျမင္ရင္လည္း အႀကံဥာဏ္ေပးႏိုင္ရပါမယ္။

၃။ ရမၼက္ ဆႏၵျဖစ္တည္မႈ

ဒီေနရာမွာ အနမ္းေပးတဲ့ ကိစၥေလာက္ပဲ ေျပာျပပါရေစ။ အမ်ိဳးသမီးတိုင္းဟာ ခ်စ္သူ ရည္းစား ဆီက အနမ္းတစ္စံုတစ္ရာ လက္ခံရယူတဲ့အခါမွာ ခ်စ္စိတ္မႊန္ေနတဲ့ ရမၼက္ဆႏၵေတြကိုသာ ေမွ်ာ္လင့္မိမွာပါ။ လိင္စိတ္ႀကီးပဲ မႊန္ေနတဲ့ အနမ္းေတြကို အမ်ိဴးသမီးေတြ သေဘာမက်ၾကပါဘူး။

၄။ နားလည္မႈ

ေယာက်ာၤးေတြနားလည္ထားသင့္တာက မိန္းမေတြစိတ္က ရႈပ္ေထြးပါတယ္။ သူတို႔ဟာ အခ်စ္ႀကီးေလ့ရွိတယ္ ၊ ကေလးဆန္ေလ့ရွိတယ္ ၊ တစ္ကိုယ္ေကာင္းဆန္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ သူတို႔ ျဖစ္ခ်င္တာကို တိုက္ရိုက္မေျပာပဲ သြယ္၀ိုက္ေသာ နည္းလမ္းနဲ႔သာ ျပသေလ့ရွိပါတယ္။ သူတို႔ ဆိုလိုခ်င္တာကို ကိုယ္နားလည္ဖို႔က အေရးႀကီးဆံုးပါပဲ။ သူလိုခ်င္တာ ကိုယ္ေပးႏိုင္သလားဆိုတာကေတာ့ ေနာက္ဆက္တြဲ ညိႈႏိႈင္းလို႔ရႏိုင္ပါတယ္။

၅။ စီမံကိန္းေရးဆြဲျခင္း

အမ်ိဳးသမီးေတြဟာ ခ်စ္သူ ရည္းစား တစ္ေယာက္ကို တစ္သက္လံုးစာအတြက္ လက္တြဲေဖာ္အျဖစ္ သတ္မွတ္လိုက္ျခင္းဟာ သူတို႔ အနာဂါတ္အတြက္ စီမံကိန္း ေရးဆြဲလိုက္တာပဲ ျဖစ္ပါတယ္။ အမ်ိဳးသားေတြရဲ ႔ အလုပ္ကေတာ့ သူတို႔ လက္တြဲေဖာ္ ပါ၀င္မယ့္ အနာဂါတ္တစ္ခုကို ထပ္မံၿပီး စီမံကိန္းေရးဆြဲဖို႔ျဖစ္ပါတယ္။ ထိုစီမံကိန္းထဲမွာလည္း ၂ ေယာက္လံုးရဲ ႔က႑ ကိုမွ်မွ်တတ ထည့္သြင္းေရးဆြဲေပးရင္ေတာ့ သင့္ရဲ ႔အခ်စ္ေရးဟာ တည္ၿငိမ္စြာနဲ႔ အခက္အခဲမရွိ ေအာင္ျမင္ႏိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

သင်ဟာ ဆယ်ကျော်သက် ကလေး တစ်ယောက် မဟုတ်တော့ပါဘူး။ အသက်လည်း ရလာတာနဲ့အမျှ အချစ်ရေး တစ်ခုကိုလည်း တည်တည်တံ့တံ့ ပိုင်ဆိုင်နေဖို့ လိုနေပါပြီ။ ဘဝကို ရင့်ကျက်တဲ့ ယောကျာၤး တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်သွားနိုင်ဖို့အတွက် အချစ်ရေး တစ်ခုမှာ အမျိုးသမီး တိုင်း ချစ်သူ ယောကျာၤးလေးဆီက လိုချင်တောင့်တ လေ့ရှိတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အချိန်

အမျိုးသမီးတွေ ဟာ သံယောဇဉ်ဖြစ်လာဖို့အတွက် ချစ်သူရည်းစားက ပေးတဲ့ အချိန်ကိုလိုအပ်ပါတယ်။ အဲဒါမှာသာ အမျိုးသမီးတွေ အနေနဲ့ အရေးကြီးတဲ့ ကိစ္စတွေကို တိုင်ပင်ပြီး စိတ်ထဲမှာ လုံခြုံမှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဗီဒီယို ဂိမ်း ကစားနေလို့ ကောင်မလေး ဆီ စာပြန်မပို့ဖြစ်ဘူး။ ရုံးအလုပ်တွေနဲ့ ရှုပ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ့်ချစ်သူ ကောင်မလေးကို အချိန်ပေးဖို့တော့ မမေ့ပါနဲ့။

၂။ သစ္စာရှိမှု

သစ္စာရှိမှု ဆိုတဲ့နေရာမှာ တစ်ခြားတစ်ယောက်ကို ထပ်တွဲတာ တစ်ခုတည်းကို ပြောချင်တာမဟုတ်ပါဘူး။ ဒါဟာ အားပေးထောက်ပံ့မှု(Support) ကိုဆိုလိုတာလည်း ဖြစ်ပါတယ်။ သစ္စာရှိရှိနေမယ်ဆိုရင်တော့ သင်ဟာ သင့်ချစ်သူကောင်မလေး ရဲ့ အဖွဲ့သားတစ်ယောက်ဖြစ်သွားပါပြီ။ သူမရဲ့သူငယ်ချင်းကောင်းတွေလိုပဲ သူမ အတွက် မှန်ကန်မယ်ထင်တဲ့အရာကို ရင်ဆိုင်ဖို့ တွန်းအားပေးပြီး သူမ မှားနေတာတွေမြင်ရင်လည်း အကြံဉာဏ်ပေးနိုင်ရပါမယ်။

၃။ ရမ္မက် ဆန္ဒဖြစ်တည်မှု

ဒီနေရာမှာ အနမ်းပေးတဲ့ ကိစ္စလောက်ပဲ ပြောပြပါရစေ။ အမျိုးသမီးတိုင်းဟာ ချစ်သူ ရည်းစား ဆီက အနမ်းတစ်စုံတစ်ရာ လက်ခံရယူတဲ့အခါမှာ ချစ်စိတ်မွှန်နေတဲ့ ရမ္မက်ဆန္ဒတွေကိုသာ မျှော်လင့်မိမှာပါ။ လိင်စိတ်ကြီးပဲ မွှန်နေတဲ့ အနမ်းတွေကို အမျိူးသမီးတွေ သဘောမကျကြပါဘူး။

၄။ နားလည်မှု

ယောကျာၤးတွေနားလည်ထားသင့်တာက မိန်းမတွေစိတ်က ရှုပ်ထွေးပါတယ်။ သူတို့ဟာ အချစ်ကြီးလေ့ရှိတယ် ၊ ကလေးဆန်လေ့ရှိတယ် ၊ တစ်ကိုယ်ကောင်းဆန်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ သူတို့ ဖြစ်ချင်တာကို တိုက်ရိုက်မပြောပဲ သွယ်ဝိုက်သော နည်းလမ်းနဲ့သာ ပြသလေ့ရှိပါတယ်။ သူတို့ ဆိုလိုချင်တာကို ကိုယ်နားလည်ဖို့က အရေးကြီးဆုံးပါပဲ။ သူလိုချင်တာ ကိုယ်ပေးနိုင်သလားဆိုတာကတော့ နောက်ဆက်တွဲ ညှိုနှိုင်းလို့ရနိုင်ပါတယ်။

၅။ စီမံကိန်းရေးဆွဲခြင်း

အမျိုးသမီးတွေဟာ ချစ်သူ ရည်းစား တစ်ယောက်ကို တစ်သက်လုံးစာအတွက် လက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ခြင်းဟာ သူတို့ အနာဂါတ်အတွက် စီမံကိန်း ရေးဆွဲလိုက်တာပဲ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ အလုပ်ကတော့ သူတို့ လက်တွဲဖော် ပါဝင်မယ့် အနာဂါတ်တစ်ခုကို ထပ်မံပြီး စီမံကိန်းရေးဆွဲဖို့ဖြစ်ပါတယ်။ ထိုစီမံကိန်းထဲမှာလည်း ၂ ယောက်လုံးရဲ့ကဏ္ဍ ကိုမျှမျှတတ ထည့်သွင်းရေးဆွဲပေးရင်တော့ သင့်ရဲ့အချစ်ရေးဟာ တည်ငြိမ်စွာနဲ့ အခက်အခဲမရှိ အောင်မြင်နိုင်ပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top