Kantharyar Centre
×

သင့္ရုပ္ရည္ဆြဲေဆာင္မႈ ရွိျခင္းမရွိျခင္းက သင့္ေဘးနားက သင္နဲ႔အတူ ရိွေနတဲ့ သူငယ္ခ်င္းအေပါင္းအသင္းေတြ ရုပ္ဆုိးလား၊ ရုပ္ေခ်ာၾကသလားေပၚ မူတည္တယ္လို႕ ေလ့လာမႈတစ္ခုက ဆုိထားပါတယ္။ လူတစ္ေယာက္ရဲ႕ ညိဳ႕ယူဖမ္းစားႏုိင္မႈက ပုံေသရွိတယ္လုိ႔ သင္ ယူဆေကာင္း ယူဆပါလိမ့္မယ္။ ဒါေပမယ့္ ရုပ္ေခ်ာျခင္း၊ ဆုိးျခင္း သတ္မွတ္တဲ့အခါ ဆက္စပ္စဥ္းစားရမယ့္ အေၾကာင္းအရာက အခရာက်ပါတယ္။

လန္ဒန္တကၠသုိလ္ Royal Holloway က စိတ္ပညာရွင္ေတြဟာ ဒီေလ့လာမႈအတြက္ ပါဝင္စမ္းစပ္ ခံသူ အေယာက္ ၄၀ ကို ရုပ္ရည္ဆဲြေဆာင္မႈသတ္မွတ္ႏိုင္ဖုိ႕ မ်က္ႏွာသြင္ျပင္မ်ဳိးစုံျပသကာ ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ အဲဒီမ်က္ႏွာေတြကိုပဲ တျခားပုံေတြနဲ႔ ယွဥ္တြဲျပကာ အကဲျဖတ္ခုိင္းျပန္ပါတယ္။ လူတစ္ေယာက္ရဲ႕ မ်က္ႏွာကို သူ႕ေလာက္မေခ်ာတဲ့ မ်က္ႏွာသြင္ျပင္ေတြနဲ႔ တြဲဖက္လုိက္တဲ့အခါ အဲ့ဒီလူရဲ႕ မ်က္ႏွာဟာ အျခားလူေတြထက္ ပိုၾကည့္ေကာင္းျပီး ဆြဲေဆာင္မႈရွိသြားပါလိမ့္မယ္။

"အားလံုးက George Clooney ရဲ႕ပံုကို ေတြ႕ရင္ ေခ်ာတယ္လုိ႕ပဲ သတ္မွတ္ၾကပါလိမ့္မယ္။ ေနာက္ေန႕လည္း ဒီအတုိင္းပဲ ျမင္ၾကမွာပဲ။ ဘာလုိ႕လဲဆုိေတာ့ သူကေတာ့ လူသိမ်ားတဲ့ အႏုပညာရွင္ကိုး။ အဲ့ဒီလို မဟုတ္ပဲ သာမာန္လူတစ္ေယာက္ကို ဆြဲေဆာင္မႈရွိမရွိ ဆံုးျဖတ္ေတာ့မယ္ဆုိရင္ေတာ့ သူ႕ေဘးနားက လူေတြ သူ႕ေလာက္ ဆြဲေဆာင္မႈရွိၾကသလားဆုိတဲ့ အခ်က္ကပဲ အေျဖေပးသြားမွာပါပဲ။ "လို႕ေလ့လာမႈဦးေဆာင္သူ ေဒါက္တာ Nicholas Furl ထုတ္ျပန္ခ်က္တစ္မွာ ေျပာဆိုခဲ့ပါတယ္။

ဒီေလ့လာမႈက ေၾကာ္ျငာ၊ ဝက္ဘ္ဆုိဒ္ဒီဇုိင္းနဲ႔ စားသုံးသူအၾကိဳက္ အကဲျဖတ္တဲ့လုပ္ငန္းမ်ိဳးေတြမွာ လုပ္ကိုင္ေနသူေတြအတြက္ အသံုးဝင္ႏုိင္မယ္လုိ႔ ယူဆေၾကာင္း Furl က ေျပာဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သင့်ရုပ်ရည်ဆွဲဆောင်မှု ရှိခြင်းမရှိခြင်းက သင့်ဘေးနားက သင်နဲ့အတူ ရှိနေတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ရုပ်ဆိုးလား၊ ရုပ်ချောကြသလားပေါ် မူတည်တယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ လူတစ်ယောက်ရဲ့ ညို့ယူဖမ်းစားနိုင်မှုက ပုံသေရှိတယ်လို့ သင် ယူဆကောင်း ယူဆပါလိမ့်မယ်။ ဒါပေမယ့် ရုပ်ချောခြင်း၊ ဆိုးခြင်း သတ်မှတ်တဲ့အခါ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာက အခရာကျပါတယ်။

လန်ဒန်တက္ကသိုလ် Royal Holloway က စိတ်ပညာရှင်တွေဟာ ဒီလေ့လာမှုအတွက် ပါဝင်စမ်းစပ် ခံသူ အယောက် ၄၀ ကို ရုပ်ရည်ဆွဲဆောင်မှုသတ်မှတ်နိုင်ဖို့ မျက်နှာသွင်ပြင်မျိုးစုံပြသကာ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက် အဲဒီမျက်နှာတွေကိုပဲ တခြားပုံတွေနဲ့ ယှဉ်တွဲပြကာ အကဲဖြတ်ခိုင်းပြန်ပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို သူ့လောက်မချောတဲ့ မျက်နှာသွင်ပြင်တွေနဲ့ တွဲဖက်လိုက်တဲ့အခါ အဲ့ဒီလူရဲ့ မျက်နှာဟာ အခြားလူတွေထက် ပိုကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိသွားပါလိမ့်မယ်။

"အားလုံးက George Clooney ရဲ့ပုံကို တွေ့ရင် ချောတယ်လို့ပဲ သတ်မှတ်ကြပါလိမ့်မယ်။ နောက်နေ့လည်း ဒီအတိုင်းပဲ မြင်ကြမှာပဲ။ ဘာလို့လဲဆိုတော့ သူကတော့ လူသိများတဲ့ အနုပညာရှင်ကိုး။ အဲ့ဒီလို မဟုတ်ပဲ သာမာန်လူတစ်ယောက်ကို ဆွဲဆောင်မှုရှိမရှိ ဆုံးဖြတ်တော့မယ်ဆိုရင်တော့ သူ့ဘေးနားက လူတွေ သူ့လောက် ဆွဲဆောင်မှုရှိကြသလားဆိုတဲ့ အချက်ကပဲ အဖြေပေးသွားမှာပါပဲ။ "လို့လေ့လာမှုဦးဆောင်သူ ဒေါက်တာ Nicholas Furl ထုတ်ပြန်ချက်တစ်မှာ ပြောဆိုခဲ့ပါတယ်။

ဒီလေ့လာမှုက ကြော်ငြာ၊ ဝက်ဘ်ဆိုဒ်ဒီဇိုင်းနဲ့ စားသုံးသူအကြိုက် အကဲဖြတ်တဲ့လုပ်ငန်းမျိုးတွေမှာ လုပ်ကိုင်နေသူတွေအတွက် အသုံးဝင်နိုင်မယ်လို့ ယူဆကြောင်း Furl က ပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top