Kantharyar Centre
×

 ပါတီအစြဲကို ေဘးခ်ိတ္ကာ လာမည့္ေရြးေကာက္ပြဲတြင္ ဟီလာရီ ကလင္တန္ကို ေထာက္ခံမဲ ေပးသြားရန္ အေမရိကန္ သမၼတေဟာင္း ေဂ်ာ့ဘုရွ္ (စီနီယာ)က ဆံုးျဖတ္ထားေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။

အသက္ ၉၂ ႏွစ္ ရွိေနၿပီျဖစ္သည့္ ဘုရွ္က အျခား အေမရိကန္ သမၼတေဟာင္း တစ္ဦးျဖစ္ခဲ့သည့္ ဂၽြန္ကေနဒီ၏ တူမေတာ္စပ္သူ ကက္သလင္း ကေနဒီ ေတာင္းဆန္းႏွင့္ ေတြ႕ဆံု စကားေျပာခဲ့ခ်ိန္၌ ၎၏ ဆံုးျဖတ္ခ်က္ကို ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ဘုရွ္သည္ ရီပတ္ဘလစ္ကန္ ပါတီကို ကိုယ္စားျပဳၿပီး အေမရိကန္ သမၼတ ရာထူးကို ၁၉၈၉ မွ ၁၉၉၃ ထိ တာဝန္ယူခဲ့သည္။ ၎သည္ ႏိုဝင္ဘာတြင္ က်င္းပမည့္ ေရြးေကာက္ပြဲ၌ ရီပတ္ဘလစ္ကန္ သမၼတေလာင္း ေဒၚနယ္လ္ထရမ့္ကို ပုဂၢိဳလ္ေရးအရ မႏွစ္သက္ေသာေၾကာင့္ ၿပိဳင္ဘက္ ဒီမုိကရက္ပါတီမွ ကလင္တန္ကို မဲေပးရန္ စဉ္းစားထားျခင္းဟု သိရသည္။

သို႔ေသာ္ ဘုရွ္၏ ႐ံုးခန္းက အဆိုပါ သတင္းႏွင့္ ပတ္သက္၍ မွတ္ခ်က္ေပးရန္ ျငင္းဆိုထားသည္။ ဘုရွ္သာ ကလင္တန္ကို မဲေပးမည္ဆိုေသာသတင္း မွန္ကန္ပါက ႏုိင္ငံျခားေရး ဝန္ႀကီးေဟာင္း ျဖစ္ခဲ့သူ ကလင္တန္ကို ေထာက္ခံမည့္ သက္ရွိထင္ရွား သမၼတေဟာင္း ၅ ဦးထိ ရွိလာမည္ ျဖစ္သည္။ ဘုရွ္၏ သားျဖစ္သူ အေမရိကန္ သမၼတေဟာင္း ေဂ်ာ့ဘုရွ္ (ဂ်ဴနီယာ) အေနျဖင့္လည္း ရီပတ္ဘလစ္ကန္ ပါတီတြင္း ကိုယ္စားလွယ္ေလာင္းေနရာ ၿပိဳင္ဆိုင္မႈမ်ားအတြင္း ထရမ့္ကို မႏွစ္ၿမိဳ႕ခဲ့သည္မွာ ထင္ရွားေနသည္။ ၎၏ညီ ဂ်က္ဘုရွ္သည္လည္း ရီပတ္ဘလစ္ကန္ ကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ ပါဝင္ယွဉ္ၿပိဳင္ခဲ့ေသာ္လည္း ထရမ့္ကို အေရးနိမ့္ခဲ့သည္။

ဘုရွ္ (စီနီယာ)သည္ ကလင္တန္၏ ခင္ပြန္းျဖစ္သူ ဘီလ္ကလင္တန္ကို ၁၉၉၂ ခုႏွစ္၊ ေရြးေကာက္ပြဲတြင္ ၿပိဳင္ဘက္အသြင္ ယွဉ္ၿပိဳင္ၿပီး အေရးနိမ့္ခဲ့ေသာ္လည္း မိသားစု ႏွစ္ခုၾကားတြင္ အျပန္အလွန္ ေလးစားေသာ ဆက္ဆံေရးမ်ိဳး ရွိေနသည္။ ဘုရွ္မိသားစုက ကလင္တန္ကို ပြင့္ပြင့္လင္းလင္း ေထာက္ခံလာပါက ရီပတ္ဘလစ္ကန္ ပါတီတြင္းတြင္ မည္သည့္ အတုိင္းအတာထိ သက္ေရာက္မႈ ရွိလာမည္ကို ရွင္းရွင္းလင္းလင္း မသိရေသးေခ်။ လတ္တေလာတြင္ ထရမ့္ကို မႏွစ္သက္သည့္ ရီပတ္ဘလစ္ကန္ ပါတီဝင္ အခ်ိဳ႕ကလည္း ကလင္တန္ကို မဲေပးရန္ ဆႏၵရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 ပါတီအစွဲကို ဘေးချိတ်ကာ လာမည့်ရွေးကောက်ပွဲတွင် ဟီလာရီ ကလင်တန်ကို ထောက်ခံမဲ ပေးသွားရန် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် (စီနီယာ)က ဆုံးဖြတ်ထားကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အသက် ၉၂ နှစ် ရှိနေပြီဖြစ်သည့် ဘုရှ်က အခြား အမေရိကန် သမ္မတဟောင်း တစ်ဦးဖြစ်ခဲ့သည့် ဂျွန်ကနေဒီ၏ တူမတော်စပ်သူ ကက်သလင်း ကနေဒီ တောင်းဆန်းနှင့် တွေ့ဆုံ စကားပြောခဲ့ချိန်၌ ၎င်း၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘုရှ်သည် ရီပတ်ဘလစ်ကန် ပါတီကို ကိုယ်စားပြုပြီး အမေရိကန် သမ္မတ ရာထူးကို ၁၉၈၉ မှ ၁၉၉၃ ထိ တာဝန်ယူခဲ့သည်။ ၎င်းသည် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို ပုဂ္ဂိုလ်ရေးအရ မနှစ်သက်သောကြောင့် ပြိုင်ဘက် ဒီမိုကရက်ပါတီမှ ကလင်တန်ကို မဲပေးရန် စဉ်းစားထားခြင်းဟု သိရသည်။

သို့သော် ဘုရှ်၏ ရုံးခန်းက အဆိုပါ သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ ဘုရှ်သာ ကလင်တန်ကို မဲပေးမည်ဆိုသောသတင်း မှန်ကန်ပါက နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်ခဲ့သူ ကလင်တန်ကို ထောက်ခံမည့် သက်ရှိထင်ရှား သမ္မတဟောင်း ၅ ဦးထိ ရှိလာမည် ဖြစ်သည်။ ဘုရှ်၏ သားဖြစ်သူ အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် (ဂျူနီယာ) အနေဖြင့်လည်း ရီပတ်ဘလစ်ကန် ပါတီတွင်း ကိုယ်စားလှယ်လောင်းနေရာ ပြိုင်ဆိုင်မှုများအတွင်း ထရမ့်ကို မနှစ်မြို့ခဲ့သည်မှာ ထင်ရှားနေသည်။ ၎င်း၏ညီ ဂျက်ဘုရှ်သည်လည်း ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ထရမ့်ကို အရေးနိမ့်ခဲ့သည်။

ဘုရှ် (စီနီယာ)သည် ကလင်တန်၏ ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန်ကို ၁၉၉၂ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြိုင်ဘက်အသွင် ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့သော်လည်း မိသားစု နှစ်ခုကြားတွင် အပြန်အလှန် လေးစားသော ဆက်ဆံရေးမျိုး ရှိနေသည်။ ဘုရှ်မိသားစုက ကလင်တန်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံလာပါက ရီပတ်ဘလစ်ကန် ပါတီတွင်းတွင် မည်သည့် အတိုင်းအတာထိ သက်ရောက်မှု ရှိလာမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ လတ်တလောတွင် ထရမ့်ကို မနှစ်သက်သည့် ရီပတ်ဘလစ်ကန် ပါတီဝင် အချို့ကလည်း ကလင်တန်ကို မဲပေးရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top