Property Expo
×





Credit:7Day Daily

#Unicode Version
အမေရိကန် အဆိုတော် ဘီယွန်စေးသည် စက် တင်ဘာ ၄ ရက်တွင် ကမ္ဘာတစ် ဝန်းရှိ ပရိသတ်များအတွက် တေး ဂီတဗီဒီယိုသစ် ထွက်ရှိခြင်းဖြင့် အသက် (၃၅)နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့သည်။

ကမ္ဘာကျော်အဆိုတော် ဘီ ယွန်စေးသည် စက်တင်ဘာ ၄ ရက်တွင် အသက် (၃၅)နှစ်ပြည့်ခဲ့ ပြီး ထိုနေ့တွင် Hold Up တေးဂီတ ဗီဒီယို ထွက်ရှိခဲ့သည်။ ယခင်က Hold Up တေးဂီတဗီဒီယိုကို ဘီ ယွန်စေး၏ ခင်ပွန်း ဖွင့်ထားသော Tidal ဝက်ဘ်ဆိုက်၌ နားဆင်နိုင်သော်လည်း ပရိသတ်များအနေ ဖြင့် စက်တင်ဘာ ၄ ရက်မှစ၍ ယင်းဗီဒီယိုကို အွန်လိုင်း၌ ကြည့်ရှုနိုင်ပြီဖြစ်သည်။

ထိုအတောအတွင်း ကမ္ဘာ တစ်ဝန်းရှိ ဘီယွန်စေးပရိသတ် များနှင့် အနုပညာလောကမှ မောင်နှမများကလည်း ဘီယွန်စေး အတွက် မွေးနေ့ဆုတောင်းများကို လူမှုမီဒီယာများတွင် ဖော်ပြခဲ့ သည်။ အဆိုတော် မာရီယာကာ ရေးက ဘီယွန်စေးနှင့် အမှတ်တရ ဓာတ်ပုံကို တွစ်တာစာမျက်နှာ တွင် ဖော်ပြပြီး မွေးနေ့ဆုတောင်း ပေးခဲ့သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top