Shwe Zabu River View Condominium Promotion
×




Credit : Duwun


#Unicode Version

ငရုတ်သီးရဲ့အစွမ်းကို အရွယ်အစားကြည့်ပြီးတော့ ဆုံးဖြတ်လို့မရပါဘူး။  အဂျီချာရာပီတာဆိုတဲ့ ငရုတ်သီးဟာ အရွယ်အစားက ပဲလုံးလောက်သာရှိပေမဲ့ ဈေးကတော့ မသေးပါဘူး။ ၁ ကီလိုဂရမ်ကို ဒေါ်လာ ၃၅၀၀၀ ထိပေးရတာ ဖြစ်ပါတယ်။ မျိုးရင်းက ပီရူးနိုင်ငံက ဖြစ်ပြီး မကြာသေးခင်ကမှ စီးပွားဖြစ်စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။

ငရုတ်သီးဟာ အနံ့ပြင်းပြီး အမှုန့်လုပ်ကာ သုံးကြတယ်လို့ သိရပါတယ်။ ဒီငရုတ်သီးကို လူသိနည်းကြပေမဲ့ ကြယ်ငါးပွင့်အဆင့်ရှိ စားဖိုမှူးတွေကတော့ အမြဲရှာဖွေ အသုံးပြုလေ့ရှိပါတယ်။ "ငရုတ်သီးများရဲ့ မိခင်"လို့ အမည်ရတဲ့ အဂျီချာရာပီတာဟာ ဝယ်ဖို့လည်း အလွန်ခက်ခဲပါတယ်။

ဝယ်မယ်ဆို ပိုက်ဆံပေါက်သွားလောက်တဲ့ ငွေကြေးလိုအပ်သလို အရသာကလည်း လျှာပေါက်သွားလောက်တဲ့အထိ စပ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သာမန်ငရုတ်သီးအမျိုးမျိုးထက် ၄ ဆကနေ အဆ ၂၀ လောက်ထိ စပ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top