Property Expo
×

ေကာ္ဖီကို ႀကိဳက္လုိ႕ ေသာက္တာ၊ ေကာ္ဖီေသာက္မွ လန္းမွာမုိ႕လို႔ ေသာက္တာ၊ ၾကံဳလို႕ ေသာက္လိုက္ရတာ ...

စသျဖင့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေကာ္ဖီ ေသာက္ေနသူေတြ ထဲမွာ ေကာ္ဖီ တကယ္ စြဲမစြဲ ကိုယ့္ဘာသာကိုယ္ သိခ်င္တယ္ ဆိုရင္ ဒီအခ်က္ေလး ေတြကို ၾကည့္လိုက္ပါ။

    (၁) မနက္ဆို ေကာ္ဖီ မေသာက္ရရင္ စိတ္ကို မၾကည္ဘူး။ ဘယ္သူနဲ႔မွ စကား မေျပာခ်င္ဘူး ဆိုတဲ့ သူမ်ိဳးဆိုရင္ ……

    (၂) ေကာ္ဖီ ဘယ္ေလာက္ ႀကိဳက္သလဲ ဆိုရင္ ေကာ္ဖီ အရသာေလး နည္းနည္း ရလိုက္တာနဲ႔ ဒါ ဘာအမ်ိဳးအစားလဲ ဆိုတာေတာင္ ခြဲျခား တတ္ေနၿပီဆိုတဲ့ သူမ်ိဳးဆိုရင္ ……

    ( ၃) ရံုးမွာဆုိရင္ အိမ္သာ သြားခ်ိန္ထက္ ေကာ္ဖီ ေသာက္ျဖစ္တဲ့ အခ်ိန္က ပိုမ်ား ေနတဲ့ သူမ်ိဳးဆိုရင္ ……

    (၄) ေကာ္ဖီ ဆိုတာနဲ႔ ပိုက္ဆံ ဘယ္ေလာက္ ကုန္ကုန္ ေပးေသာက္တတ္တဲ့ သူမ်ိဳးဆိုရင္ ……

    (၅) ေကာ္ဖီဆိုင္က သူေတြက ကိုယ့္နာမည္ေတာင္ သိေနတဲ့အထိ ေကာ္ဖီဆိုင္ သြားတတ္တဲ့ သူဆုိရင္ ……

    (၆) သူငယ္ခ်င္း ေတြနဲ႔ အရက္ ေသာက္ခဲ့တာ ဘယ္အခ်ိန္က ေနာက္ဆံုးမွန္း မသိေတာ့ေပမယ့္ ေကာ္ဖီကိုေတာ့ တစ္ေန႔ ဘယ္ႏွစ္ခြက္ ေသာက္ျဖစ္မွန္း တိတိက်က် သိေနတယ္ ဆိုတဲ့ သူမ်ိဳးဆိုရင္ ……

    (၇) ေကာ္ဖီဟာ က်န္းမာေရး အတြက္ ဘယ္လို ေကာင္းေၾကာင္း ေရးထားတဲ့ စတိုရီေတြ၊ ေဆာင္းပါးေတြ ေတြ႕တာနဲ႔ ေဖ့စ္ဘြခ္လို လူမႈကြန္ယက္မွာ အၿမဲ share ေနတတ္ သူမ်ိဳးဆိုရင္……

    (၈) ေကာ္ဖီနံ႔ေလး ရလိုက္တာနဲ႔ စိတ္ထဲမွာ လန္းဆန္းသြားတတ္သူဆုိရင္……


အေပၚက အခ်က္ေတြအတိုင္း သင္ ျပဳမူေနၿပီ ဆိုရင္ေတာ့ သင္ဟာ ေကာ္ဖီစြဲေနတာ ေသခ်ာပါၿပီ။

ဒါ့ေၾကာင့္ တစ္ေန႔ကို ေကာ္ဖီ ဘယ္ႏွစ္ခြက္သာ ေသာက္သင့္တယ္ဆိုတဲ့ အခ်က္မ်ိဳးေတြ သိထားရမွာျဖစ္ၿပီး အလြန္အကၽြံ မျဖစ္ေအာင္ေတာ့ ထိန္းသိမ္းသင့္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကော်ဖီကို ကြိုက်လို့ သောက်တာ၊ ကော်ဖီသောက်မှ လန်းမှာမို့လို့ သောက်တာ၊ ကြုံလို့ သောက်လိုက်ရတာ ...

စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကော်ဖီ သောက်နေသူတွေ ထဲမှာ ကော်ဖီ တကယ် စွဲမစွဲ ကိုယ့်ဘာသာကိုယ် သိချင်တယ် ဆိုရင် ဒီအချက်လေး တွေကို ကြည့်လိုက်ပါ။

    (၁) မနက်ဆို ကော်ဖီ မသောက်ရရင် စိတ်ကို မကြည်ဘူး။ ဘယ်သူနဲ့မှ စကား မပြောချင်ဘူး ဆိုတဲ့ သူမျိုးဆိုရင် ……

    (၂) ကော်ဖီ ဘယ်လောက် ကြိုက်သလဲ ဆိုရင် ကော်ဖီ အရသာလေး နည်းနည်း ရလိုက်တာနဲ့ ဒါ ဘာအမျိုးအစားလဲ ဆိုတာတောင် ခွဲခြား တတ်နေပြီဆိုတဲ့ သူမျိုးဆိုရင် ……

    ( ၃) ရုံးမှာဆိုရင် အိမ်သာ သွားချိန်ထက် ကော်ဖီ သောက်ဖြစ်တဲ့ အချိန်က ပိုများ နေတဲ့ သူမျိုးဆိုရင် ……

    (၄) ကော်ဖီ ဆိုတာနဲ့ ပိုက်ဆံ ဘယ်လောက် ကုန်ကုန် ပေးသောက်တတ်တဲ့ သူမျိုးဆိုရင် ……

    (၅) ကော်ဖီဆိုင်က သူတွေက ကိုယ့်နာမည်တောင် သိနေတဲ့အထိ ကော်ဖီဆိုင် သွားတတ်တဲ့ သူဆိုရင် ……

    (၆) သူငယ်ချင်း တွေနဲ့ အရက် သောက်ခဲ့တာ ဘယ်အချိန်က နောက်ဆုံးမှန်း မသိတော့ပေမယ့် ကော်ဖီကိုတော့ တစ်နေ့ ဘယ်နှစ်ခွက် သောက်ဖြစ်မှန်း တိတိကျကျ သိနေတယ် ဆိုတဲ့ သူမျိုးဆိုရင် ……

    (၇) ကော်ဖီဟာ ကျန်းမာရေး အတွက် ဘယ်လို ကောင်းကြောင်း ရေးထားတဲ့ စတိုရီတွေ၊ ဆောင်းပါးတွေ တွေ့တာနဲ့ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်မှာ အမြဲ share နေတတ် သူမျိုးဆိုရင်……

    (၈) ကော်ဖီနံ့လေး ရလိုက်တာနဲ့ စိတ်ထဲမှာ လန်းဆန်းသွားတတ်သူဆိုရင်……


အပေါ်က အချက်တွေအတိုင်း သင် ပြုမူနေပြီ ဆိုရင်တော့ သင်ဟာ ကော်ဖီစွဲနေတာ သေချာပါပြီ။

ဒါ့ကြောင့် တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သာ သောက်သင့်တယ်ဆိုတဲ့ အချက်မျိုးတွေ သိထားရမှာဖြစ်ပြီး အလွန်အကျွံ မဖြစ်အောင်တော့ ထိန်းသိမ်းသင့်ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top