Kantharyar Centre
×

မဂၤလာဒံုၿမိဳ႕နယ္မွာ လူတစ္ဦး ဆြဲႀကိဳးခ်ေသဆံုးေနမႈကို ျပန္လည္ လက္ေတြ႔သ႐ုပ္ျပခဲ့တဲ့ အမ်ိဳးသားတစ္ဦး ေသဆံုးတဲ့ျဖစ္ရပ္ ျဖစ္ပြားခဲ့ေၾကာင္း thevoicemyanmar.com ကေဖာ္ျပထားပါတယ္။

ေပါက္ကုန္းရပ္ကြက္ သုခိတာလမ္းသြယ္(၂) လမ္းေဘးသစ္ပင္မွာ အမ်ိဳးသားတစ္ဦး ဆြဲႀကိဳးခ် ေသဆံုးေနတာကို သြားၾကည့္လာတဲ့ အမ်ိဳးသားကအိမ္သားေတြကို ျပန္ၿပီး သ႐ုပ္ျပခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။ ဆြဲႀကိဳးခ်မႈကို ျပန္လည္သ႐ုပ္ျပဖို႔ ႀကိဳးစားခဲ့သူဟာ အသက္ ၆၀ အ႐ြယ္ ဦးလွေအာင္ျဖစ္ၿပီး အစေနာက္သန္သူတစ္ေယာက္ျဖစ္တယ္လို႔ မိသားစုက ေျပာပါတယ္။

အိမ္ျပန္လာၿပီးေနာက္ ဆြဲႀကိဳးခ်ေသဆံုးသည့္ပံု ျပန္လုပ္ျပမယ္လို႔ ေျပာကာ အိမ္ေအာက္ဆင္းသြားခဲ့တာျဖစ္ပါတယ္။ အသံမၾကားရေတာ့လို႔ ဇနီးက အိမ္ေအာက္ဆင္းၾကည့္ေနတဲ့ အခ်ိန္ ဦးလွေအာင္ဟာ ေလွကားလက္ရမ္းမွာ ပုဆိုးကြင္းနဲ႔ ဆြဲႀကိဳးခ် ေသဆံုးလ်က္ရွိတာကို ေတြ႔လိုက္ရတာျဖစ္တယ္လို႔ The Voice ကေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မင်္ဂလာဒုံမြို့နယ်မှာ လူတစ်ဦး ဆွဲကြိုးချသေဆုံးနေမှုကို ပြန်လည် လက်တွေ့သရုပ်ပြခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း thevoicemyanmar.com ကဖော်ပြထားပါတယ်။

ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ်(၂) လမ်းဘေးသစ်ပင်မှာ အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေတာကို သွားကြည့်လာတဲ့ အမျိုးသားကအိမ်သားတွေကို ပြန်ပြီး သရုပ်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆွဲကြိုးချမှုကို ပြန်လည်သရုပ်ပြဖို့ ကြိုးစားခဲ့သူဟာ အသက် ၆၀ အရွယ် ဦးလှအောင်ဖြစ်ပြီး အစနောက်သန်သူတစ်ယောက်ဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

အိမ်ပြန်လာပြီးနောက် ဆွဲကြိုးချသေဆုံးသည့်ပုံ ပြန်လုပ်ပြမယ်လို့ ပြောကာ အိမ်အောက်ဆင်းသွားခဲ့တာဖြစ်ပါတယ်။ အသံမကြားရတော့လို့ ဇနီးက အိမ်အောက်ဆင်းကြည့်နေတဲ့ အချိန် ဦးလှအောင်ဟာ လှေကားလက်ရမ်းမှာ ပုဆိုးကွင်းနဲ့ ဆွဲကြိုးချ သေဆုံးလျက်ရှိတာကို တွေ့လိုက်ရတာဖြစ်တယ်လို့ The Voice ကဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top