Kantharyar Centre
×

လူေန ရပ္ကြက္ေတြထဲမွာ အမ်ားျပည္သူနားမခံႏိုင္ေလာက္တဲ့ဆူညံသံေတြကုိ ဖန္တီးရင္ ဥပေဒေၾကာင္းအရ အေရးယူႏိုင္ၿပီး ေထာင္ေျခာက္လအထိ ခ်ခံရႏိုင္တယ္လုိ႔ ဆိုပါတယ္။

လႊတ္ေတာ္က အတည္ျပဳထားတဲ့ ရပ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒမွာ ရပ္ကြက္ထဲမွာ အသံခ်ဲ႕စက္လိုဆူညံတဲ့ ကိစၥေတြလုပ္မယ္ဆိုရင္ ခြင့္ျပဳခ်က္ယူရမယ့္အျပင္ သတ္မွတ္စည္းကမ္းေတြကို မလိုက္နာရင္ ေငြဒဏ္ေဆာင္ရမယ္လို႔ ေဖာ္ျပထားပါတယ္။

သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအာဏာပုိင္က တားျမစ္တာကို ဆက္လက္လုပ္မယ္ဆိုရင္ ရာဇသတ္ႀကီးပုဒ္မ ၂၉၁ အရ ေထာင္ဒဏ္ ေျခာက္လအထိ ခ်မွတ္ခံရႏိုင္သလို ရပ္ကြက္ သို႔မဟုတ္ ေက်းရြာ အုပ္ခ်ဳပ္ေရးဥပေဒရဲ႕ နည္းဥပေဒပါ ျပ႒ာန္းခ်က္ေတြအရ သက္ဆိုင္ရာတာ၀န္ရွိသူေတြကုိ သံုးရက္ ႀကိဳတင္ရမယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဥပေဒပါျပ႒ာန္းခ်က္ေတြအရ ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူေတြကို ခြင့္ေတာင္းခံတာေတြ မရွိေသးသလို ဘာသာေရးအရ နားလည္မႈေတြနဲ႔ ရပ္ကြက္ေနျပည္သူေတြ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ျဖစ္စဥ္ေတြပိုႀကံဳလာေနရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူနေ ရပ်ကွက်တွေထဲမှာ အများပြည်သူနားမခံနိုင်လောက်တဲ့ဆူညံသံတွေကို ဖန်တီးရင် ဥပဒေကြောင်းအရ အရေးယူနိုင်ပြီး ထောင်ခြောက်လအထိ ချခံရနိုင်တယ်လို့ ဆိုပါတယ်။

လွှတ်တော်က အတည်ပြုထားတဲ့ ရပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာ ရပ်ကွက်ထဲမှာ အသံချဲ့စက်လိုဆူညံတဲ့ ကိစ္စတွေလုပ်မယ်ဆိုရင် ခွင့်ပြုချက်ယူရမယ့်အပြင် သတ်မှတ်စည်းကမ်းတွေကို မလိုက်နာရင် ငွေဒဏ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်က တားမြစ်တာကို ဆက်လက်လုပ်မယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၉၁ အရ ထောင်ဒဏ် ခြောက်လအထိ ချမှတ်ခံရနိုင်သလို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေရဲ့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ သက်ဆိုင်ရာတာဝန်ရှိသူတွေကို သုံးရက် ကြိုတင်ရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဥပဒေပါပြဋ္ဌာန်းချက်တွေအရ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကို ခွင့်တောင်းခံတာတွေ မရှိသေးသလို ဘာသာရေးအရ နားလည်မှုတွေနဲ့ ရပ်ကွက်နေပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်စဉ်တွေပိုကြုံလာနေရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top