Property Expo
×
Credit: trendmyanmar
#Unicode Version
ဒီကုသနည်းက ထိရောက်ကြောင်း လူအတော်များများ ပြောဆိုကြပါတယ်။ သွားများပိုဖြူလာအောင်လုပ်တဲ့ သမားရိုးကျနည်းလမ်းများက အထူးသဖြင့် မီးခိုးရောင်ဖြစ်တဲ့အခါ သွားအားလုုံးမှာ အကျိုးသက်ရောက်မှု မတွေ့ရဘဲ သွားတွေ အဝါရောင်သမ်းနေတဲ့အခါမှသာ ပိုမိုထိရောက်မှုရှိပါတယ်။
ဒါပေမယ့် အခု ဈေးဆိုင်တွေမှာ သွားကို ပိုမိုဖြူဖွေးလာအောင် လုပ်ပေးတဲ့ ပစ္စည်းများစွာရှိပြီး အဲဒီအနက်တချို့မှာ carbamide peroxide နဲ့ သွားကို ဖြူဖွေးစေတဲ့ အမှုန်သေးသေးလေးတွေ ပါဝင်ပါတယ်။
ဒါပေမယ့် သွားပိုမိုဖြူဝင်းလာစေမယ့် သွားတိုက်ဆေးကို ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ပါတယ်။ အောက်ပါနည်းအတိုင်း လိုက်နာဆောင်ရွက်ပါ။
၁။ စားဆော်ဒါ အနည်းငယ်နဲ့ သာမန်သွားတိုက်ဆေးကို ရောစပ်ပါ။
၂။ အလူမီနီယမ်ခဲပြားတစ်ချပ်ကို သွားတွေလို ရှည်မျောမျောဖြစ်အောင် ချိုးလိုက်ပါ။
၃။ ရလာတဲ့ အလူမီနီယမ်ခဲပြားမှာ ခုနက ခပ်ပျစ်ပျစ်အရည်ကို လိမ်းကျံပြီး သွားမှာ ကပ်ထားပေးရမှာ ဖြစ်ပါတယ်။
၄။ အဲဒါကို ၁ နာရီ ကြာအောင် ထားပေးရမှာပါ။
ပိုမို လျင်မြန်ကောင်းမွန်တဲ့ ရလဒ်လိုချင်ရင် ၇ ရက်အတွင်း တစ်ရက်ကို ၂ ကြိမ် လုပ်ပေးပါ။
ရက်အနည်းငယ်ကြာပြီးနောက်မှာတင် ပထမအကျိုးရလဒ်တွေကို သတိပြုလာပါလိမ့်မယ်။ တချို့ကိစ္စတွေမှာ ရက်သတ္တပတ်အနည်းငယ်ကြာ စောင့်ရတာလည်း ရှိပါလိမ့်မယ်။ သွားဆရာဝန်များရဲ့ အဆိုအရ ဒီ သွားပိုမိုဖြူလာအောင် ကုသနည်းက လုံးဝ အန္တရာယ်ကင်းရှင်းပြီး လက်တွေ့ကျင့်သုံးပါက ဘာကျန်းမာရေးအန္တရာယ်တွေ မရှိကြောင်း သိရပါတယ်။ သို့သော် သွားကြွေပျက်စီးမှု မဖြစ်အောင် ကာကွယ်ဖို့ အတွက် ဒီကုသနည်းကို မကြာခဏ ပြုလုပ်ခြင်းကို ဂရုစိုက်ရှောင်ကြဉ်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: trendmyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top