Property Expo
×

သထုံၿမိဳ႕ လိပ္အင္းရပ္ကြက္ ရြာဦးတာလမ္းရွိ စက္ခ်ဳပ္ဆုိင္တစ္ ဆုိင္သို႔ လူငယ္တစ္ဦးေရာက္ရွိလာ ၿပီး စက္ဆုိင္မွ အမ်ဳိးသမီးတစ္ဦး အား လက္ထပ္ရန္ေျပာရာမွ လက္ မခံသျဖင့္ ဓားျဖင့္ထုိးသတ္ၿပီး မိမိ ကုိယ္တုိင္ ပုိးသတ္ေဆးေသာက္ သတ္ေသရန္ၾကံစည္မႈကုိ စက္တင္ဘာလ ၁၅ ရက္ မြန္းလဲြ ၃နာရီက သထံု ခ႐ိုင္တရား႐ံုးမွ ေသဒဏ္ႏွင့္ ေထာင္ဒဏ္အသီးသီး ခ်မွတ္ခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သထံုၿမိဳ႕ လိပ္အင္း ရပ္ကြက္ ရြာဦးတာပတ္လမ္းရွိ မစုလႈိင္စက္ခ်ဳပ္ဆုိင္တြင္ မကာပီ တား(ခ)မေအးခ်ဳိ (၁၉ႏွစ္)သည္ စက္ခ်ဳပ္ေနစဥ္ ေပါင္ၿမိဳ႕နယ္ ထန္း ပင္ေခ်ာင္ေလးေက်းရြာေန ေဆာင္း ဒရားဆူး(ခ)စိန္ဝင္း(ခ) ေခါင္းဖု (၂၄ႏွစ္)သည္ ၂ဝ၁၆ ခုႏွစ္ ေဖေဖာ္ ဝါရီလ နံနက္ ၈ နာရီတြင္ ေရာက္ရွိ လာၿပီး လက္ထပ္လုိေၾကာင္း ေျပာ ဆုိရာ၊ မကာပီတားက မိဘမ်ား သေဘာတူမွ လက္ထပ္လုိေၾကာင္း ႏွင့္ ေဆာင္းဒရားဆူးကိုျပန္ရန္ ဆုိင္ျပင္သုိ႕ထြက္ေျပာရာ ေဆာင္ ဒရားဆူးက အသင့္ပါလာေသာ အသြားကိုးလက္မရွိ ေမာင္းခ်ဓား ျဖင့္ အခ်က္ေပါင္းမ်ားစြာထုိးသတ္ ၿပီး မိမိကုိယ္တုိင္လည္း အသင့္ ပါလာေသာ အဆိပ္ကို ေသာက္ ျခင္း၊ အနီးရွိ တံခါးမင္းတုပ္ျဖင့္ ေခါင္းကုိ႐ိုက္ခဲြျခင္း၊ နံရံကိုေခါင္း ျဖင့္တုိက္ျခင္းမ်ား ျပဳလုပ္ေသ ေၾကာင္းၾကံစည္ခဲ့ေသာအမႈအား သထုံရဲစခန္းမွာ အမႈဖြင့္အေရး ယူၿပီး တရားစဲြဆုိတင္ပုိ႔ခဲ့ျခင္းျဖစ္ သည္။

တရားစဲြတင္ပုိ႔ခဲ့ေသာအမႈအား သထုံခ႐ိုင္တရား႐ံုးက တရားခံ ေဆာင္းဒရားဆူး(ခ) စိန္ဝင္း(ခ) ေခါင္းဖုကို ရာဇသတ္ႀကီးျပစ္မႈ ဆုိင္ရာပုဒ္မ၃ဝ၂(၁)(ခ)အရ မေသ မခ်င္းႀကိဳးကြင္းစြပ္သတ္ရန္ (ေသ ဒဏ္)ႏွင့္ ပုဒ္မ ၄၄၉အရ အလုပ္ ၾကမ္းႏွင့္ေထာင္ဒဏ္သံုးႏွစ္၊ ရာဇ သတ္ႀကီးပုဒ္မ(၃ဝ၉)အရ အလုပ္မဲ့ ေထာင္ဒဏ္သံုးလက်ခံေစရန္ ခ႐ိုင္ တရား႐ံုးေတာ္က အမိန္႔ခ်မွတ္ခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Union Daily




#Unicode Version
သထုံမြို့ လိပ်အင်းရပ်ကွက် ရွာဦးတာလမ်းရှိ စက်ချုပ်ဆိုင်တစ် ဆိုင်သို့ လူငယ်တစ်ဦးရောက်ရှိလာ ပြီး စက်ဆိုင်မှ အမျိုးသမီးတစ်ဦး အား လက်ထပ်ရန်ပြောရာမှ လက် မခံသဖြင့် ဓားဖြင့်ထိုးသတ်ပြီး မိမိ ကိုယ်တိုင် ပိုးသတ်ဆေးသောက် သတ်သေရန်ကြံစည်မှုကို စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၃နာရီက သထုံ ခရိုင်တရားရုံးမှ သေဒဏ်နှင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ လိပ်အင်း ရပ်ကွက် ရွာဦးတာပတ်လမ်းရှိ မစုလှိုင်စက်ချုပ်ဆိုင်တွင် မကာပီ တား(ခ)မအေးချို (၁၉နှစ်)သည် စက်ချုပ်နေစဉ် ပေါင်မြို့နယ် ထန်း ပင်ချောင်လေးကျေးရွာနေ ဆောင်း ဒရားဆူး(ခ)စိန်ဝင်း(ခ) ခေါင်းဖု (၂၄နှစ်)သည် ၂ဝ၁၆ ခုနှစ် ဖေဖော် ဝါရီလ နံနက် ၈ နာရီတွင် ရောက်ရှိ လာပြီး လက်ထပ်လိုကြောင်း ပြော ဆိုရာ၊ မကာပီတားက မိဘများ သဘောတူမှ လက်ထပ်လိုကြောင်း နှင့် ဆောင်းဒရားဆူးကိုပြန်ရန် ဆိုင်ပြင်သို့ထွက်ပြောရာ ဆောင် ဒရားဆူးက အသင့်ပါလာသော အသွားကိုးလက်မရှိ မောင်းချဓား ဖြင့် အချက်ပေါင်းများစွာထိုးသတ် ပြီး မိမိကိုယ်တိုင်လည်း အသင့် ပါလာသော အဆိပ်ကို သောက် ခြင်း၊ အနီးရှိ တံခါးမင်းတုပ်ဖြင့် ခေါင်းကိုရိုက်ခွဲခြင်း၊ နံရံကိုခေါင်း ဖြင့်တိုက်ခြင်းများ ပြုလုပ်သေ ကြောင်းကြံစည်ခဲ့သောအမှုအား သထုံရဲစခန်းမှာ အမှုဖွင့်အရေး ယူပြီး တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ် သည်။

တရားစွဲတင်ပို့ခဲ့သောအမှုအား သထုံခရိုင်တရားရုံးက တရားခံ ဆောင်းဒရားဆူး(ခ) စိန်ဝင်း(ခ) ခေါင်းဖုကို ရာဇသတ်ကြီးပြစ်မှု ဆိုင်ရာပုဒ်မ၃ဝ၂(၁)(ခ)အရ မသေ မချင်းကြိုးကွင်းစွပ်သတ်ရန် (သေ ဒဏ်)နှင့် ပုဒ်မ ၄၄၉အရ အလုပ် ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်၊ ရာဇ သတ်ကြီးပုဒ်မ(၃ဝ၉)အရ အလုပ်မဲ့ ထောင်ဒဏ်သုံးလကျခံစေရန် ခရိုင် တရားရုံးတော်က အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Union Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top